What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 05 June 2020 23:49

ဘန်ကောက်တွင် Beauty Clinic အတွက် တီထွင်လိုက်တဲ့ mini mask အသစ်

ကိုဗစ်ရောဂါ ပြန့်ပွားမှုကြောင့် စိုးရိမ်ပူပန်မှုများရှိတဲ့ ဘန်ကောက်မြို့မှာ အလှပြင်ဆေးခန်းတွေမှာ အလှအပ ဆေးကုသမှု ခံအတွက် အခက်ခဲတွေရှိနေခဲ့ပါတယ်။ ဒါကြောင့် ဘန်ကောက်ရှိ Pathum Wan တွင် အလှအပ ဆေးကုသမှု ခံယူသူတွေအတွက် မျက်နှာဖုံး Mask အသစ်တစ်ခု ကို ဖန်တီးခဲ့ပါတယ်။

 

အလှအပ ဆေးကုသမှုခံယူမှုတွင် မျက်နှာကို ပိုမိုပေါ်လွင်စေဖို့အတွက် ကျဉ်းမြောင်းသော အကာအကွယ် ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ ဒီ Mask ရဲ့ ရည်ရွယ်ချက် ဆရာဝန်များ နှာခေါင်း နှင့် ပါးစပ် ကို ထိတွေ့ခြင်း ကန့်သတ်ထားတဲ့ သဘောမျိုးဖြစ်ပြီး လုပ်ထုံးလုပ်နည်းအရ တီထွင် ဖန်းတီထားတာလည်း ဖြစ်ပါတယ်။ ကုသမှု လုပ်တဲ့အချိန်မှာလည်း ဝန်ထမ်းများက ပလပ်စတစ် လက်အိတ်တွေကို အသုံးပြုကြရမှာ ဖြစ်ပါတယ်။

 

လက်ရှိအချိန်တွင် ဆေးခန်းတွေမှာ မျက်နှာဖုံးတွေကို ရောင်းချခြင်းမရှိတာတွေကို တွေ့ရပါတယ်။

 

ဆေးဘက်ဆိုင်ရာအရောင်းဌာနအကြီးအကဲ Wisarut Krimthungthong က“ ဆရာဝန်တွေဟာနှာခေါင်းကိုမဖယ်ရှားဘဲ နှာခေါင်းကို ကုသနိုင်အောင် နှာခေါင်းအစိတ်အပိုင်းတစ်ခုကို ဖုံးအုပ်နိုင်တဲ့ ဒီမျက်နှာဖုံးများကိုဒီဇိုင်းဆွဲဖို့လည်းစီစဉ်ထားပါတယ်” ဟုပြောကြားပါတယ်။

 

လေဆာရောင်ခြည်ကုသမှုခံယူနေသည့် Waleerat ဆေးခန်းမှ ဝယ်ယူသူ Ms Kannika Sae-Ngow က“ အစပိုင်းမှာတော့ အဲဒါဟာထူးဆန်းတယ်လို့ ထင်ခဲ့ပေမယ့် တကယ်ကို ကြီးကျယ်ပါတယ်။ ဘာလို့လဲဆိုတော့သူကမျက်နှာကုသမှုတွေမှာ ကျွန်တော်တို့ကို လုံခြုံအောင် အထူးဒီဇိုင်းပြုလုပ်ထားတာပါ” ဟုပြောကြားခဲ့ပါတယ်။

 

Translate By Aung Win (Health Products Directory)

Read times Last modified on Saturday, 06 June 2020 08:37
Rate this item
(0 votes)