What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 01 July 2022 09:38

ပါးစပ်နှင့်နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်ရန် လိုအပ်ကြောင်း ထုတ်ပြန်ကြေညာခြင်း

ပါးစပ်နှင့်နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်ရန် လိုအပ်ကြောင်း ထုတ်ပြန်ကြေညာခြင်း ITV

ကိုဗစ်-၁၉ ရောဂါ တစ်ကိုယ်ရည်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများမှ ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ခြင်းအား ဖြေလျှော့ခြင်းနှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာခြင်း

၁။ ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါအား ကူးစက်မြန်ရောဂါအဖြစ် စတင်သတ် မှတ်သည့်အချိန်မှစ၍ ရောဂါကာကွယ်ရေးအတွက် ပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း (Mask) မဖြစ်မနေတပ်ဆင်ရန် အစဉ်တိုက်တွန်းနှိုးဆော်လျက်ရှိပါသည်။

၂။ ယခုအခါ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလွှမ်းခြုံမှု မြင့်မားလာခြင်း၊ ပြည်သူလူထုမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများအား ပူးပေါင်းလိုက်နာဆောင်ရွက်ခြင်းများကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်းနှင့် သေဆုံးမှု နှုန်းများ သိသိသာသာ ကျဆင်းလာပြီဖြစ်ပါသည်။ 

viber1.jpg

၃။ သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် နေ့စဉ်ပုံမှန်ဘဝ၌ ကျင့်သုံးလိုက်နာဆောင်ရွက်နေရသော ကိုဗစ်-၁၉ ရောဂါ တစ်ကိုယ်ရည်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများအနက် အောက်ပါအခြေ အနေများတွင်သာ ပါးစပ်နှင့်နှာခေါင်းစည်းအား မဖြစ်မနေတပ်ဆင်ရန် လိုအပ်ကြောင်း ထုတ်ပြန် ကြေညာအပ်ပါသည်...

(က) အခန်းတွင်း၌ လူတစ်ဦးနှင့်တစ်ဦး နီးကပ်စွာရှိနေခြင်း၊

(ခ) အများပြည်သူအသုံးပြုသော မော်တော်ယာဉ်၊ မီးရထား၊ သင်္ဘော၊ လေယာဉ်စသည့် ယာဉ်များဖြင့် ခရီးသွားလာခြင်း၊ အများပြည်သူ ဝင်/ထွက်သွားလာအသုံးပြုသော ဆေးရုံ/ကျန်းမာရေးဌာနများ၊ ရုံးများ၊ ကျောင်းများ၊ ဈေးဝယ်စင်တာများ၊ ဘိုးဘွားရိပ်သာ အစရှိသော လူထူထပ်သော နေရာများ၌ လူအများနှင့် အတူရှိနေခြင်း၊

(ဂ) ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ နှာစေးခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ်လက် မအီမသာဖြစ်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ရုတ်တရက်အနံ့အရသာပျောက်ဆုံးခြင်း စသည့် ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာ တစ်ခုခုရှိခြင်း။

ကျန်းမာရေးဝန်ကြီးဌာန
၃၀-၆-၂၀၂၂

viber.jpg

Additional Info

  • Top Banner: top
  • Bottom Banner: top
  • Sidebar Banner: top
Read times Last modified on Friday, 15 July 2022 11:36
Rate this item
(0 votes)