What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 20 August 2020 10:56

နှလုံး တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်ခြင်း (Echocardiogram)

နှလုံး တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်ခြင်း (Echocardiogram) Sakura Hospital

နှလုံးတယ်လီဗေးရှင်းဓာတ်မှန် (Echocardiogram) သည်အသံလှိုင်းသုံး၍ နှလုံးပုံရိပ်များဖော်ပြပေးသော နည်းပညာတစ်ခုဖြစ်ပါတယ်။

နှလုံးတယ်လီဗေးရှင်းဓာတ်မှန်ရိုက်ခြင်းအားဖြင့် နှလုံးခုန်သောအခြေအနေနဲ့ နှလုံးသွေးလည်ပတ်မှုအခြေအနေများကိုပါ အသေးစိတ်သိရှိနိုင်ပါတယ်။

 

ယေဘူယျအားဖြင့် နှလုံးတယ်လီဗေးရှင်းဓာတ်မှန်ရိုက်ကူးသင့်သူများမှာ မွေးရာပါနှလုံးတည်ဆောက်ပုံမမှန်သူများ၊ နှလုံးအဆို့ရှင် သို့မဟုတ် နှလုံး၏သွေးလွှတ်ခန်း၊ သွေးပြန်ခန်းများတွင် ပုံမမှန်အခြေအနေရှိသူများ၊ နှလုံးရောဂါကြောင့် အသက်ရှုမဝခြင်း၊ ရင်ဘတ်အောင့်ခြင်း ဝေဒနာခံစားနေရသူများဖြစ်ပါတယ်။

 

နှလုံးတယ်လီဗေးရှင်းဓာတ်မှန်ရိုက်ကူးခြင်းဖြင့် နှလုံးကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး အကျိုးရှိသောအချက်အလက်များစွာ သိရှိနိုင်ပါတယ်။

 

၎င်းတို့မှာ နှလုံးအရွယ်အစား ပုံမှန်ထက်ကြီးနေသည်ကို သိနိုင်ပါတယ်။ နှလုံးအဆို့ရှင်များပျက်စီးနေလျှင် သု့ိမဟုတ် သွေးတိုးရောဂါရှိလျှင် ကြွက်သားများထူလာပြီး နှလုံးအရွယ်အစားပိုကြီးလာပါတယ်။ ခန္ဓာကိုယ်မှအစိတ်အပိုင်းများပုံမှန်အတိုင်းအလုပ်လုပ်ဖို့ သွေးအလုံအလောက်ရရှိရန်လိုအပ်ပါသည်၊ ဓာတ်မှန်အဖြေကိုကြည့်၍ နှလုံးမှ လုံလောက်သောသွေးပမာဏ ညှစ်ထုတ်ပေးနေခြင်းရှိမရှိသိနိုင်မည်ဖြစ်သည်။ 

 

တယ်လီဗေးရှင်းဓာတ်မှန်အဖြေကိုကြည့်၍ မည်သည့်နှလုံးကြွက်သားများ အားနည်းနေသည်ကို သိနိုင်ပါတယ်။ နှလုံးအခန်းတစ်ခုမှ တစ်ခုသို့သွေးပို့လွှတ်သောအခါ ပါဝင်လုပ်ဆောင်ပေးရသည့်အဆို့ရှင်များကောင်းမကောင်းကိုလည်း တိတိကျကျဖော်ပြပေးနိုင်ပါတယ်။

 

မွေးရာပါနှလုံးပြဿနာများ၊ နှလုံးတည်ဆောက်ပုံမမှန်ခြင်းများ၊ နှလုံးနဲ့သွေးကြောဆိုင်ရာပြဿနာများကိုလည်း တယ်လီဗေးရှင်းဓာတ်မှန်မှ ရှာဖွေပေးနိုင်ပါတယ်။

 

နှလုံးတယ်လီဗေးရှင်းဓာတ်မှန်ရိုက်ရန်အတွက်ဘာမှထွေထွေထူးထူးပြင်ဆင်စရာမလိုအပ်သလို အစားအသောက်ရှောင်စရာလည်းမလိုပေ။ ပုံမှန်သောက်နေကျဆေးဝါးများကို ဆက်လက်သောက်သုံးနိုင်ပါသည်။ အသံလှိုင်းသုံး၍ ရိုက်ကူးခြင်းကြောင့် ဓာတ်ရောင်ခြည်သင့်မှုလုံးဝမရှိသလို နာကျင်မှုလည်းမခံစားရပါ။

 

ဆာကူရာဆေးရုံကြီးတွင် အထက်ပါ Echocardiogram ခေါ် နှလုံးတယ်လီဗေးရှင်းဓာတ်မှန်ရိုက်၍ ရောဂါရှာဖွေခြင်းကို မိဘပြည်သူများအတွက် ပိတ်ရက်မရှိဝန်ဆောင်မှုပေးလျက်ရှိပါသည်။

ကုန်ကျစရိတ်နှင့်အသေးစိတ်အချက်အလက်များကို အောက်ဖော်ပြပါ ဖုန်းနံပါတ်များကို ဖုန်းဆက်၍ မေးမြန်းနိုင်ပါသည်။


ဖုန်း
01512668

01512669

09424 405 952

09424 405 953


Email > This email address is being protected from spambots. You need JavaScript enabled to view it.


Website > www.sakurahospital.com.mm

Read times
Rate this item
(1 Vote)