What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 29 July 2020 15:38

နှလုံး နှင့် သွေးကြောဆိုင်ရာ ရောဂါများ

သွေးတိုးရောဂါ (Hypertension) သွေးတိုးဖြစ်စေနိုင်တဲ့ အချက်လေးတွေကို ပြောပါမယ်။

သွေးတိုးဖြစ်ဖို့ အန္တရာယ်ရှိ တဲ့ အချက် (Risk factor) တွေရှိပါတယ်။ Risk Factor တွေမှာ Changeable Risk Factor (ပြောင်းလဲယူလို့ရတဲ့ အချက်များ) နှင့် Unchangeable Risk Factor (မပြောင်းလဲနိုင်တဲ့ အချက်များ) ဆိုပြီး ရှိပါတယ်။

 

ပြောင်းလဲလို့ ရတယ်၊ မရဘူး ဆိုတာ ဘာကိုပြောတာလဲ - ကိုယ်ပြုပြင်ယူလို့ ရတဲ့ဟာတွေကို ပြောတာ (ဥပမာ - ဆေးလိပ်သောက်တာ၊ ကိုယ်မသောက်တော့ဘူး ဆိုပြီး ပြောင်းလဲလိုက်လို့ရပေမဲ့ အသက်ကြီးလာတာကို တော့ ပြောင်းလဲလို့မရပါဘူး) ဒါဆို ပြောင်းလဲယူလို့ရတဲ့ ဘယ်အချက်တွေက သွေးတိုးရောဂါကို ဖြစ်စေလည်းဆိုတာ လေ့လာကြည့်ရအောင်။

 

ဆားအစားများခြင်း

အိမ်သုံးဆား(salt) တွေကို အသုံးများတာ၊ သွေးတိုးရောဂါ ဖြစ်စေနိုင်ပါတယ်။ အခုက စပြီး ဆားကို လိုသလောက်ပဲ လျှော့သုံးကြပါ။

 

အဝလွန်ခြင်း

ဒီအချက်ကလည်း သွေးပေါင်ချိန်ကို တက်စေပါတယ်။ (သွေးကြောနံရံမှာ ပိတ်နေတဲ့ အဆီတွေကြောင့်ဖြစ်ပါတယ်၊ အရှေ့မှာ ပြောသွားသလိုမျိုး ရေပိုက်က ကျဉ်းနေ၊ပိတ်နေ တော့ တွန်းပို့ရတဲ့ ရေစက်ရဲ့ ဖိအားက များလာရမယ့်သဘောပါ) သွားလာရ ခက်ခဲသွားတဲ့ သွေးကြောတွေထဲ သွေးတွေ ပုံမှန်လှည့်ပတ် နိုင်ဖို့ နှလုံးက ပုံမှန်ထက် ပိုတဲ့ ဖိအားကို သုံးရတာကြောင့်သွေးပေါင်ချိန် တက်လာတာဖြစ်ပါတယ်။

 

အရက်သောက်ခြင်း

တစ်နေ့ကို အနည်းငယ် (သတ်မှတ်ထားတဲ့ ပမာဏ) ကို သောက်ပေးမယ်ဆိုရင် သွေးပေါင်ချိန်ကို ထိန်းထားနိုင်ပေမဲ့ လိုတာထက် ပိုလာရင်တော့ တန်ဆေးလွန်ဘေး အတိုင်း မလိုလားအပ်တဲ့ ရောဂါတွေဝင်လာတာပါပဲ။ ဒီထဲမှာ သွေးတိုးရောဂါကလည်း တစ်ခုအပါအဝင် ပါပဲ။

 

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းက လူကို လုံး၀ ကောင်းကျိုးမပေးပါဘူး။ ဆေးလိပ်သောက်တဲ့ လူရဲ့ သွေးကြောနံရံတွေက မာကြောနေပြီး ပုံမှန်လူရဲ့ သွေးကြောနံရံတွေလို အလွယ်တကူ ကျုံ့နိုင်ဆန့်နိုင် မလုပ်နိုင်ပါဘူး။ ဒါကြောင့် မာကြောနေတဲ့ ဒီသွေးကြောထဲမှာ သွေးတွေ ပုံမှန်အတိုင်း စီးဆင်းဖို့ ပုံမှန်ထက် ပိုတဲ့ သွေးပေါင်ချိန်ကို အသုံးပြုရတာ ဖြစ်ပါတယ်။

 

လှုပ်ရှားမှုနည်းခြင်း

White Collar Labor လို့ခေါ်တဲ့ ဉာဏ် အားကိုသုံးပြီး အလုပ်လုပ်ရတဲ့ လူတွေ အဓိက ဖြစ်ပါတယ်။ တစ်နေကုန် အဲကွန်းခန်းထဲမှာ ထိုင်ပြီး မလုပ်မရှပ် အလုပ်လုပ်နေရတာ ကြာလာတော့ သွေးကြောတွေမှာ အဆီတွေ တက်လာမယ် သွေးတွေတိုးလာမယ်။ - Stress များခြင်း - များပြားလှတဲ့ အလုပ်တွေ၊ ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာတဲ့ စီးပွားရေးတွေ ကြောင့် ပူပင်သောက၊ စိတ်ဖိစီးမှုတွေ များလာပါတယ်။

 

ဒီလို အခြေအနေမှာ ခန္ဓာကိုယ်က ဟော်မုန်းတွေကို လိုတာထက် ပိုထုတ်လုပ်လာပြီး အဲ့ဟော်မုန်းတွေကြောင့် သွေးတိုးရောဂါတွေ တခြားသော ရောဂါတွေလည်း ဝင်လာတာဖြစ်ပါတယ်။

 

ဒေါက်တာဖြိုးကိုကို

Read times Last modified on Wednesday, 29 July 2020 15:49
Rate this item
(0 votes)