What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 02 September 2021 11:35

ဆီးချို ဂလူးကို့စ် ရေချိန်

ဆီးချို ရှိတဲ့သူတွေက သွေးထဲမှာ ပါဝင်နေတဲ့ ဂလူးကို့စ်ရေချိန်ကို မှန်မှန် တိုင်းတာ ဆန်းစစ်ကြရတယ်။

အခြေအနေ မဆိုးဝါးခင် ထိန်းသိမ်းထားနိုင်စေဖို့ ဖြစ်ပါတယ်။ type 2 ဆီးချိုသမားတွေအတွက် ဂလူးကို့စ် ရေချိန် ဘယ်ရွေ့ဘယ်မျှဆိုရင် ကောင်းတယ် မကောင်းဘူးဆိုတဲ့ သတ်မှတ်ချက်တွေနဲ့အညီ ဆန်းစစ်ကြရပါတယ်။

ဂလူးကို့စ်က သွေးထဲမှာ အဓိကကျတဲ့ သကြားဓာတ် ဖြစ်ပြီး ကိုယ်ခန္ဓာအတွက် စွမ်းအင် ပေးအပ်ပါတယ်။ အစားအသောက်တွေထံမှ ရယူပြီး သွေးထဲသို့ ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဆီးချိုသမားအနေဖြင့် သင့်တင့်လျောက်ပတ်စွာဖြင့် အစားအသောက် ဆင်ခြင်ကြရပြီး သွေးထဲမှ ဂလူးကို့စ် ရေချိန်ကို ထိန်းထားနိုင်ပါတယ်။

ဆီးချိုဆိုတာက သွေးထဲပါဝင်တဲ့ သကြားရာခိုင်နှုန်းကြောင့် ဖြစ်ပွားနေရတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ သကြားက ကိုယ်ခန္ဓာရဲ့ စွမ်းအင်အတွက် အဓိကရင်းမြစ်ဖြစ်ပြီး ဆီးချိုဖြစ်ပွားနေတဲ့အခါ အင်္ဂါတွေ ကြွက်သားတွေထံ သကြားဓာတ် ပေးပုံတွေ မူမမှန်တော့ဘူး။

ဆီးချိုကို ၃ မျိုး ခွဲခြား သတ်မှတ်ထားကြတယ်။

Type 1 ဆီးချို
အသက် ၃၅ နှစ်အောက် လူငယ်လူရွယ်တွေမှာ ဖြစ်ပွားလေ့ရှိတယ်။ ဆယ်ကျော်သက်တွေမှာ ဖြစ်ပွားလေ့ရှိတယ်။ မိဘမျိုးရိုးလိုက်တဲ့ ဆီးချိုအမျိုးအစား ဖြစ်ပါတယ်။

Type 2 ဆီးချို
အသက်ကြီးသူ ငယ်သူ တို့မှာ ဖြစ်ပွားပြီး ကျန်းမာရေး ထိခိုက်မှု အန္တရာယ်ကြီးမားတယ်။ အသက်ဆုံးရှုံးသည်အထိ ဖြစ်သွားစေတတ်ပါတယ်။ ဝလွန်းသူ၊ ကိုယ်အလေးချိန် များလွန်းသူ၊ အထိုင်များတဲ့သူတွေမှာ ဖြစ်ပွားတတ်ပါတယ်။

ကိုယ်ဝန်ဆောင် ဆီးချို
ကိုယ်ဝန် ၂၀ ပတ် နောက်ပိုင်းမှာ ဖြစ်ပွားလေ့ ရှိပါတယ်။ ကိုယ်အလေးချိန် များလွန်းသူ၊ ဝလွန်းသူတွေမှာ အဖြစ်များပါတယ်။


ဆီးချို စဖြစ်ချိန်မှာ ရောဂါလက္ခဏာတွေ သိသိသာသာ ပြသပါတယ်။
ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ငယ်ကို ထိပါ
အဓိကျတဲ့ လက္ခဏာ (၈)မျိုး

အဲဒီ လက္ခဏာတွေ ပြနေပြီဆိုရင် သွေးထဲမှ ဂလူးကို့စ် ရေချိန်ကို တိုင်းကြည့်ပေးသင့်ပါတယ်။

  • 100 milligrams per deciliter (mg/dl) အောက်ဆိုရင် အိုကေပါတယ်။ ပုံမှန်ပါ။
  • 100 နဲ့ 125 အတွင်းမှာ ဆိုရင် ဆီးချို ဖြစ်ချင်နေပြီလို့ ယူဆရမှာ ဖြစ်ပါတယ်။
  • 126 နဲ့ အထက်ဆိုရင်တော့ type 2 ဆီးချို ရှိနေပါပြီ။
Read times
Rate this item
(0 votes)