What's New
×
Warning
JUser: :_load: Unable to load user with ID: 62
Wednesday, 27 June 2018 13:47
အအေးမိ တုပ်ကွေးအတွက် ကုလား ၄ ကောင်
အအေးမိ တုပ်ကွေးအတွက် ကုလား ၄ ကောင် Oraginal
ရာသီဥတုအပြောင်းအလဲဖြစ်တဲ့အခါ အအေးမိတုပ်ကွေးဖြစ်တာက မဖိတ်ခေါ်ဘဲနဲ့ကိုရောက်လာတတ်တဲ့အရာတစ်ခုလည်း ဖြစ်ပါတယ်။
အအေးမိ တုပ်ကွေးစတာတွေဖြစ်တဲ့အခါ ခန္ဓာကိုယ်မှာ မအီမသာ ခံစားရတာတွေရှိနိုင်သလို နှာရည်တရွှဲရွှဲ၊ အသက်ရှူမရပြုမရနဲ့ အလုပ်အကိုင်တွေလည်းပျက်၊ အိပ်ရေးပျက်လူပင်ပန်းဖြစ်ရပါတယ်။ စိတ်ညစ်စရာတစ်ခုပေါ့။ အအေးမိတာနဲ့တုပ်ကွေးဖြစ်တာက တစ်ခုနဲ့တစ်ခု မတူပါဘူး။ တုပ်ကွေးဖြစ်တဲ့အခါ အဖျားတက်တာ၊ ကြွက်သားတွေနာကျင်ကိုက်ခဲတာ၊ခြေကုန်လက်ပန်းကျတာ၊ ချောင်းခြောက်ဆိုးတာနဲ့ နှာမွှန်တာတွေပိုလာနိုင်ပါတယ်။
အအေးမိတဲ့အခါ လှုပ်ရှားသွားလာနိုင်သေးပေမယ့် တုပ်ကွေးဖြစ်တဲ့အခါ လှုပ်ရှားသွားလာနိုင်ဖို့မဖြစ်နိုင်သလို အိပ်ရာထဲက ထနိုင်ဖို့တောင်မလွယ်ကူပါဘူး။ နှာချေလိုက်တဲ့အခါ တုပ်ကွေးဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်တွေ က လေထဲမှာ ပျံ့နှံ့ပြီး အခြားသူတွေကိုကူးစက်စေနိုင်ပါတယ်။ ကိုယ်တိုင်တင်မကဘဲ မိသားစုဝင်တွေနဲ့ အခြားသူတွေကိုပါ အအေးမိ၊တုပ်ကွေးဗိုင်းရပ်စ်တွေကူးစက်စေနိုင်တာကို လူသိနည်းသေးတဲ့ တစ်ခုကို အကြောင်းတရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒီလို အအေးမိ ၊ တုပ်ကွေးဖြစ်ကြသူတွေမှာ အများစုဟာ တစ်နေ့တာအလုပ်တွေကြောင့် ဆေးခန်းပြရမှာကို အချိန်မပေးနိုင်ပါဘူး။
၎င်းဆေးတွေကို သောက်တဲ့ အပြင် တချို့သော လူနည်းစုက အအေးမိ ဖျားနာခြင်း အစပြုတဲ့အခါမှာ သောက်လေ့ရှိကြတဲ့ Mixagrip (ကုလားလေးကောင်) ဆေးကို ဘယ်လိုအချိန်တွေမှာ သောက်သုံးရမယ်ဆိုတာကို တင်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဆေးရဲ့ အမည်ရင်းက MIXAGRIP ဖြစ်ပေမဲ့ ဆေးကတ်ထည့်တဲ့ ကတ်ထူဘူးဝါဝါပေါ်မှာနဲ့ ဆေးကတ်တွေပေါ်မှာ ရောဂါဝေဒနာ ခံစားနေရတဲ့သူ အိန္ဒိယသား လေးဦးရဲ့ ပုံ ပါနေတာကို အကြောင်းပြုပြီး အရပ်အခေါ် ကုလား ၄ ကောင်လို့ အမည်တွင်သွားတာ ဖြစ်ပါတယ်။
Mixagrip (ကုလားလေးကောင်) ဆေးကို အအေးမိ တုပ်ကွေးဖျားနားခြင်းအတွက်သာမက ကိုယ်လက်မအီမသာဖြစ်ခြင်း ၊ ကြွက်သားများနာကျဉ်ကိုက်ခဲခြင်း ၊ နှာချေခြင်း ၊ ချောင်းဆိုးခြင်း ၊ နှာခေါင်းနှင့်ပက်သတ်သောရောဂါများ ၊ ဖျားနားခြင်း ၊ကိုယ်လက်အေးစိမ့်စိမ့်ဖြစ်ခြင်း ၊ ခေါင်းကိုက်ခြင်း ၊ ခေါင်းမူးခြင်း စတဲ့ ရောဂါ တွေအတွက် သောက်သုံးနိုင်ပါတယ်။ အအေးမိ တုပ်ကွေး ဖျားနားဖြစ်တယ်ဆိုပေမဲ့လည်း အားအင်ချိနဲ့သောသူတွေ ၊ ထိခိုက်လွယ်တဲ့သူ ၊ အသည်းကျန်းမာရေးမကောင်းတဲ့သူ ၊ သွေးတိုးရောဂါရှိတဲ့သူတွေ ၊ ရေတိမ်ရှိတဲ့သူ ၊ ဆီးချိုရောဂါရှိတဲ့သူတွေ ၊ ပန်းနာရပ်ကြပ်ရောဂါရှိတဲ့သူတွေ ၊ နှလုံးရောဂါ ရှိတဲ့သူတွေ ၊ သိုင်းရွှိုက် ရောဂါ ရှိတဲ့သူတွေ ကတော့ ကုလားလေးကောင် ဆေးကို မသုံးစွဲသင့်ပါဘူ။
ကုလားလေးကောင်ဆေးကို အလွန်အကျွံသောက်သုံးရင် ပါးစပ်ခြောက်ခြင်း ၊ ပျို့အန်ခြင်း ၊ အိပ်ငိုက်ခြင်း ၊ မအီမသာ ဖြစ်ခြင်းတွေ ဖြစ်စေတတ်ပါတယ်။
ဆေးက ခေါင်းမကြည်လင်ခြင်း၊ အိပ်ငိုက်ခြင်းများ ဖြစ်စေတဲ့အတွက် ကားမောင်းတဲ့သူတွေ ၊ စက်မောင်းတဲ့လုပ်ငန်းလုပ်ကိုင်တဲ့သူတွေကို ကုလားလေးကောင်ဆေး သောက်သုံးခြင်းမှ ရှောင်ကျဉ်ဖို့ အတွက် အထူးသတိပေးထားပါတယ်။ ကုလားလေးကောင်ဆေးကို အသက် ၆ နှစ်အောက် ကလေးငယ်တွေကို တိုက်ကျွေးလို့ မရပါဘူး။ ကိုယ်ဝန်ဆောင်မိခင်များ နှင့် နို့တိုက်မိခင် တွေကတော့ ဆရာဝန် ညွှန့်ကြားချက်အတိုင်း သောက်သုံးရမှာလည်း ဖြစ်ပါတယ်။
ကုလားလေးကောင်ဆေးကို အိပ်မပျော်တဲ့သူတွေ ၊ ရင်တုန်ရောဂါရှိတဲ့သူတွေ လုံးဝ မသောက်သုံးဖို့ တားမြစ်ထားပါတယ်။ ကုလားလေးကောင်ဆေး နဲ့ မတည့်တဲ့သူတွေ ကုလားလေးကောင်ဆေးကို ကြာကြာသုံးစွဲတာများလာရင် အသည်း ပြဿနာ ဖြစ်နိုင်ပါတယ်။
(ZAWGYI)
20180627 135923
writting by : A.win
MyanmarMMRD မှ Health Products Directory စာအုပ်အပြင် တခြားစာအုပ်လေးတွေလည်း ထွက်ရှိနေပါပြီနော်။
Directory_Book_1.jpg
Read:ဆောင်ရန် ၊ ရှောင်ရန် HealthTips များ (၁၃)
ဆောင်ရန် ၊ ရှောင်ရန် HealthTips များ (၁၃)
Read times Last modified on Wednesday, 14 July 2021 10:07
Rate this item
(1 Vote)