What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 31 August 2021 08:33

ဆီးချို စရှိခါစ လက္ခဏာ ရှစ်မျိုး

ကြွက်သားတွေ တစ်ရှူးတွေ တည်ဆောက်ပေးထားတဲ့ ဆဲလ်တွေအတွက် စွမ်းအင်တွေကို ပေးအပ်ဖို့ ဂလူးကို့စ်က ပဓာနကျတဲ့နေရာမှ ပါဝင်နေတယ်။

ဒါပေမဲ့ အချိုဓာတ် ဂလူးကို့စ်တွေ သွေးထဲပါနေတာ များလွန်းနေရင်တော့ အလးအနက်ထားရမယ့် ကျန်းမာရေးပြဿနာတွေ ရှိလာအောင် ဒုက္ခတွေ ပေးလိမ့်မယ်။ နာတာရှည် ဆီးချိုအခြေအနေတွေမှာ type 1 နဲ့ type 2 တို့ ပါဝင်တယ်။

ဆီးချိုလက္ခဏာတွေက သွေးထဲမှ သကြားဓာတ် ရေချိန်မြင့်တက်တဲ့အပေါ် မူတည်ပြီး အမျိုးမျိုး ဖြစ်ပေါ်တယ်။
သတိပေးသံချောင်းခေါက်သံပေးနေတဲ့ လက္ခဏာတွေ ဖော်ပြပေးထားတာ ဖြစ်ပေါ်နေရင် ဆီးချိုရှိစပြုပြီလို့သာ မှတ်ယူသင့်ပါတယ်။ ဆင်ခြင်သင့်တာတွေ ဆင်ခြင်သင့်ပါတယ်။ ဖော်ပြထားတဲ့ လက္ခဏာတွေက ဆီးချို type 2 အမျိုးအစားအတွက် ဖြစ်ပါတယ်။

အမြင်ဝေဝါးခြင်း
သွေးထဲ သကြားလွန်ကဲနေရင် မျက်လုံးထဲမှာ ရှိတဲ့ သေးသေးမျှင်မျှင် သွေးကြောမျှင်လေးတွကို ပျက်စီးစေနိုင်ပြီး မျက်လုံးတွေ အမြင်ဝေဝါးစေတယ်။ အခြေအနေ အရမ်းဆိုးရင် မျက်လုံးကန်းတဲ့အထိ ဖြစ်စေပါတယ်။

ယားယံခြင်း၊ ကဇော်ဖောက် ပိုးဝင်ခြင်း
သွေးထဲမှာ သကြားရေချိန်တိုးတော့ ဆီးမှာပါတဲ့ အချိုဓာတ်င ကဇော်ဖောက်ပြီး ပိုးဝင်ကာ ယားယံစေပါတယ်။ လိင်အင်္ဂါဇာတ်မှာ ဖြစ်ပွားပါတယ်။ ယားယံခြင်းအပြင် အရေပြား ပျက်စီးခြင်းကိုပါ ဖြစ်ပွားစေတယ်။ ပွန်းပဲ့နာ၊ နီမြန်းနေခြင်းတို့ ဖြစ်ပွားပါတယ်။

အမြဲဗိုက်ဆာနေခြင်း
ဆီးချို ဖြစ်တဲ့အခါ သွေးစီးကြောင်းထဲမှာ ဂလူးကို့စ် လုံလုံလောက်လောက် ရွေ့လျားခြင်း မရှိတော့တဲ့အတွက် ကိုယ်ခန္ဒာဆဲလ်တွေထဲ ဂလူးကို့စ် အချိန်မီ လိုသလောက် မရောက်တော့ဘူး။ ဒီတော့ ကိုယ်ခန္ဓာက အစာတောင်းတယ်။ ဒီတော့ ဗိုက်ဆာနေပါတော့တယ်။

မကြာခဏ ဆီးသွားခြင်း
ကိုယ်ခန္ဓာမှာ သကြားရေချိန် တိုးတဲ့အခါ ကျောက်ကပ်က ပိုနေတဲ့ အချိုဓာတ်တွေကို ဆီးထဲမှာ ထည့်ပြီး စွန့်ထုတ်တာကြောင့် ဆီးခဏခဏ သွားနေရတယ်။

ရေငတ်ခြင်း
ဆီခဏခဏ သွားတော့ ရေဓာတ်ဆုံးရှုံးတယ်။ ဒီတော့ ရေငတ်ပါတယ်။

အနာအကျက်နှေးခြင်း
ပွန်းပဲ့ ထိရှ အနာတွေ အကျက်နှေးတယ်။ ပြည်တည်တဲ့အထိ ဖြစ်တယ်။ သွေးလှည့်ပတ်မှု နှေးကွေးနေလို့ ယခုလို ဖြစ်ရတာပါ။ အနာကျက်ဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေကို သွေးစီးဆင်းမှုက ပေးပို့တာ နှေးနေတော့ အနာကျက်ဖို့ အချိန်ပိုကြာနေစေပါတယ်။

မလန်းဆန်း နွမ်းလျခြင်း
သွေးစီးဆင်းမှုမှာ သကြားဓာတ် ရွေ့လျားမှု မလုံလောက်တာကြောင့် အလိုလို ပင်ပန်းနွမ်းနယ်နေစေပါတယ်။

အညိုအမည်းကွက် ထွက်ပေါ်ခြင်း
လည်ပင်းနောက်ဘက်မှာ အညိုအမည်းကွက်တွေ ပေါ်ထွက်လာပါတယ်။ ချိုင်း၊ ပေါင်ခြံတို့မှာလည်း ထွက်ပေါ်ပါတယ်။ သွေးထဲမှာ အင်ဆူလင်တွေ တအားများနေတဲ့ လက္ခဏာ ဖြစ်ပါတယ်။

Read times
Rate this item
(1 Vote)