What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 14 February 2020 09:46

အစာအိမ်ရောဂါ ဖြစ်ရတဲ့အကြောင်းရင်း

ခန္ဓာကိုယ်ကျန်းမာရန်အတွက် အစာခြေစနစ်ကောင်းဖို့လည်းလိုအပ်သလို အစားခြေစနစ်ကောင်းမွန်ရန် အစားအသောက်များကိုလည်း ဂရုစိုက်စားတတ်ဖို့ အရေးကြီးပါတယ်။

အစာအိမ်ရောဂါက အသက်အရွယ် ကျား၊ မ မရွေးဖြစ်ပွားနိုင်တဲ့ ရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။

 

အစာအိမ်ဖြစ်ရတာ အစာစားချိန်မမှန် လို့လည်း ဖြစ်နိုင်သလို အစာကိုအလွန်အကျွံစားတာ ၊ အပူအစပ်စားများတာ ၊ အက်ဆစ်ပါဝင်မှုများတဲ့ အစားအစာများစားတာ ၊ အယ်လ်ကိုဟောသောက်များတာ ကြောင့်လည်း အစာအိမ်ရောဂါကို ဖြစ်ပွားနိုင်ပါတယ်။ ဒါအပြင် တားဆေးများစတဲ့ ပဋိဇီဝဆေးများ သုံးမှုလွန်ကဲတာကြောင့်လည်း အစာအိမ်ကို ထိခိုက်နိုင်ပါတယ်။


အစာအိမ်လက္ခဏာများ

အစာစားမရတာ ၊ အော့အန်တာ ၊ ဗိုက်အောင့်တာ ၊ ရင်ဘတ်နားတစ်ဝိုက်မီးဖြင့်ထိုးသလို ပူစပ်တာ ၊ ကိုယ်အလေးချိန်ကျလာတာ ၊ ပိန်တာ ၊ သွေးအားနည်းပြီး အသားရောင်ဖြူဖျော့တာ ၊ မောပန်းလွယ်တာ ၊ နေရထိုင်ရတာ မအီမသာဖြစ်တာ ၊ အစားမျိုရခက်တာ ၊ နင်တာ နဲ့ သွေးအန်တာစတဲ့ လက္ခဏာများဖြစ်ပေါ် စေနိုင်ပါတယ်။

 

အစာအိမ်ဝေသနာရှင် များရှောင်ကျဉ်သင့်သော အစားအသောက်များ

အပူးအစမ်စားတာ ၊ မာသော အသီးအစေ့ ၊ မာသောအစားအစာများ ၊ အရက် ၊ ဆေးလိပ်သောက်တာ ၊ ပဋိဇီဝဆေးများလွန်ကဲစွာသောက်သုံးတာ ၊ လက်လုပ်အသုတ် ၊ ချဉ်စပ် ၊ ဂတ်စ်ပါသော အချိုရည်များ သောက်သုံးခြင်းမှ ရှောင်ကျဉ်တာ ၊ လက်ဖက်ရည် ၊လက်ဖက်၊ ကော်ဖီသောက်တာ ကော်ဖီ ၊ လက်ဖက် များတွင် ကဖင်းဓာတ် ပါဝင်သောကြောင့် အက်စစ်ဓာတ်ကို ပိုထွက်ပေါ်ခြင်းက အစာအိမ်ရောဂါကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါအပြင် စိတ်ဖိစီးမှုများကိုလျော့ချ ၊ စိတ်ဖိစီးမှုများက ခန္ဓာကိုယ် အတွင်းရှိ အက်စစ်ဓာတ်များကို ထုတ်လွှတ်နိုင်သောကြောင့် အစာအိမ်နာခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီအစားအသောက် နဲ့ စိတ်ဖိစီးမှုများကို လျော့ချပေးခြင်းဖြင့် အစာအိမ်ရောဂါဖြစ်ပွားမှုကို လျော့ချနိုင်ပါတယ်။

 

Hospitals (Govmt) (အစိုးရဆေးရုံပေါင်း ၆၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Hospitals (Govmt)

 

အစာအိမ်ဝေသနာရှင်များ စားသုံးသင့်သော အစားအစာများ

ပျော့ပြီး အစာခြေလွယ်သော အစားအသောက်များ ၊ အခွံပျောအသီး ၊ အရည်ရွှမ်းသော အသီးများ ၊ အရွက်စိမ်းများ ၊ အစာကို နည်းနည်းဖြေးဖြေးခြင်းစီ စားပေးတာ ၊ ရေသန့်များများသောက်တာ ၊ ကိုယ်လက်လေ့ကျင့်ခန်းများပြုလုပ်တာ ၊ သရက်သီးမှည့် ၊ သင်္ဘောသီးမှည့် ၊ အနီရောင်ရှိသော သစ်ဥသစ်ဖု များကို များများစားပေးခြင်းဖြင့် အစာအိမ်ရောဂါကိုသက်သာစေနိုင်ပါတယ်။

 

ဘယ်လိုအချိန်မှာဆရာဝန် နဲ့ပြသ ကုသသင့်လဲ

အစာစားပြီး အော့အန်တာ ၊ အော့အန်ခြင်းမှ သွေးပါတာ ၊ ဗိုက်ထိုးအောင့်တာ ၊ အဖျားတတ်လာတာ ၊ အစာမျိုရခက်ခဲတာ နဲ့ နေထိုင်ရခဲခက်လာတဲ့အချိန်များတွင် ဆရာဝန် နဲ့ လျှင်မြန်စွာ ပြသပြီး ဆရာဝန်လမ်းညွှန်ချက်အတိုင်း လိုက်နာဆောင်ရွက်ကုသမှုခံယူပါ။


အစာအိမ်ရောဂါ ကိုပေါ့စစွာနေထိုင်ပြီး ကုသမှု မခံယူပါက အစာအိမ်ကင်ဆာ ၊ အူမကြီးရောင်တာ ၊ အူလမ်းကြောင်းတွင်း သွေးထွက်တာ ၊ သည်းခြေပြွန်ရောဂါ ၊ အထက်လန် အောက်လျှောရောဂါ ၊ သည်းခြေကျောက်တည်တာ စတဲ့ နောက်ဆက်တွဲရောဂါများ ဖြစ်ပေါ်လာနိုင်ပါတယ်။

Written By Health Products Directory

 

(Zawgyi)

=====

အစာအိမ္ေရာဂါ ျဖစ္ရတဲ့အေၾကာင္းရင္း

 

ခႏၶာကိုယ္က်န္းမာရန္အတြက္ အစာေျခစနစ္ေကာင္းဖို႔လည္းလိုအပ္သလို အစားေျခစနစ္ေကာင္းမြန္ရန္ အစားအေသာက္မ်ားကိုလည္း ဂ႐ုစိုက္စားတတ္ဖို႔ အေရးႀကီးပါတယ္။ အစာအိမ္ေရာဂါက အသက္အ႐ြယ္ က်ား၊ မ မေ႐ြးျဖစ္ပြားႏိုင္တဲ့ ေရာဂါတစ္မ်ိဳးလည္း ျဖစ္ပါတယ္။

 

အစာအိမ္ျဖစ္ရတာ အစာစားခ်ိန္မမွန္ လို႔လည္း ျဖစ္ႏိုင္သလို အစာကိုအလြန္အကြၽံစားတာ ၊ အပူအစပ္စားမ်ားတာ ၊ အက္ဆစ္ပါဝင္မႈမ်ားတဲ့ အစားအစာမ်ားစားတာ ၊ အယ္လ္ကိုေဟာေသာက္မ်ားတာ ေၾကာင့္လည္း အစာအိမ္ေရာဂါကို ျဖစ္ပြားႏိုင္ပါတယ္။ ဒါအျပင္ တားေဆးမ်ားစတဲ့ ပဋိဇီဝေဆးမ်ား သုံးမႈလြန္ကဲတာေၾကာင့္လည္း အစာအိမ္ကို ထိခိုက္ႏိုင္ပါတယ္။

အစာအိမ္လကၡဏာမ်ား

အစာစားမရတာ ၊ ေအာ့အန္တာ ၊ ဗိုက္ေအာင့္တာ ၊ ရင္ဘတ္နားတစ္ဝိုက္မီးျဖင့္ထိုးသလို ပူစပ္တာ ၊ ကိုယ္အေလးခ်ိန္က်လာတာ ၊ ပိန္တာ ၊ ေသြးအားနည္းၿပီး အသားေရာင္ျဖဴေဖ်ာ့တာ ၊ ေမာပန္းလြယ္တာ ၊ ေနရထိုင္ရတာ မအီမသာျဖစ္တာ ၊ အစားမ်ိဳရခက္တာ ၊ နင္တာ နဲ႔ ေသြးအန္တာစတဲ့ လကၡဏာမ်ားျဖစ္ေပၚ ေစႏိုင္ပါတယ္။

 

အစာအိမ္ေဝသနာရွင္ မ်ားေရွာင္က်ဥ္သင့္ေသာ အစားအေသာက္မ်ား

အပူးအစမ္စားတာ ၊ မာေသာ အသီးအေစ့ ၊ မာေသာအစားအစာမ်ား ၊ အရက္ ၊ ေဆးလိပ္ေသာက္တာ ၊ ပဋိဇီဝေဆးမ်ားလြန္ကဲစြာေသာက္သုံးတာ ၊ လက္လုပ္အသုတ္ ၊ ခ်ဥ္စပ္ ၊ ဂတ္စ္ပါေသာ အခ်ိဳရည္မ်ား ေသာက္သုံးျခင္းမွ ေရွာင္က်ဥ္တာ ၊ လက္ဖက္ရည္ ၊လက္ဖက္၊ ေကာ္ဖီေသာက္တာ ေကာ္ဖီ ၊ လက္ဖက္ မ်ားတြင္ ကဖင္းဓာတ္ ပါဝင္ေသာေၾကာင့္ အက္စစ္ဓာတ္ကို ပိုထြက္ေပၚျခင္းက အစာအိမ္ေရာဂါကို ျဖစ္ေပၚေစႏိုင္ပါတယ္။

 

ဒါအျပင္ စိတ္ဖိစီးမႈမ်ားကိုေလ်ာ့ခ် ၊ စိတ္ဖိစီးမႈမ်ားက ခႏၶာကိုယ္ အတြင္းရွိ အက္စစ္ဓာတ္မ်ားကို ထုတ္လႊတ္ႏိုင္ေသာေၾကာင့္ အစာအိမ္နာျခင္းကို ျဖစ္ေပၚေစႏိုင္ပါတယ္။ ဒီအစားအေသာက္ နဲ႔ စိတ္ဖိစီးမႈမ်ားကို ေလ်ာ့ခ်ေပးျခင္းျဖင့္ အစာအိမ္ေရာဂါျဖစ္ပြားမႈကို ေလ်ာ့ခ်ႏိုင္ပါတယ္။

 

Hospitals (Govmt) (အစိုးရေဆးရံုေပါင္း ၆၀ ေက်ာ္ကို ၾကည္႔ရန္ ႏွိပ္ပါ)

Image result for Hospitals (Govmt)

 

အစာအိမ္ေဝသနာရွင္မ်ား စားသုံးသင့္ေသာ အစားအစာမ်ား

ေပ်ာ့ၿပီး အစာေျခလြယ္ေသာ အစားအေသာက္မ်ား ၊ အခြံေပ်ာအသီး ၊ အရည္႐ႊမ္းေသာ အသီးမ်ား ၊ အ႐ြက္စိမ္းမ်ား ၊ အစာကို နည္းနည္းေျဖးေျဖးျခင္းစီ စားေပးတာ ၊ ေရသန႔္မ်ားမ်ားေသာက္တာ ၊ ကိုယ္လက္ေလ့က်င့္ခန္းမ်ားျပဳလုပ္တာ ၊ သရက္သီးမွည့္ ၊ သေဘၤာသီးမွည့္ ၊ အနီေရာင္ရွိေသာ သစ္ဥသစ္ဖု မ်ားကို မ်ားမ်ားစားေပးျခင္းျဖင့္ အစာအိမ္ေရာဂါကိုသက္သာေစႏိုင္ပါတယ္။

 

ဘယ္လိုအခ်ိန္မွာဆရာဝန္ နဲ႔ျပသ ကုသသင့္လဲ

အစာစားၿပီး ေအာ့အန္တာ ၊ ေအာ့အန္ျခင္းမွ ေသြးပါတာ ၊ ဗိုက္ထိုးေအာင့္တာ ၊ အဖ်ားတတ္လာတာ ၊ အစာမ်ိဳရခက္ခဲတာ နဲ႔ ေနထိုင္ရခဲခက္လာတဲ့အခ်ိန္မ်ားတြင္ ဆရာဝန္ နဲ႔ လွ်င္ျမန္စြာ ျပသၿပီး ဆရာဝန္လမ္းၫႊန္ခ်က္အတိုင္း လိုက္နာေဆာင္႐ြက္ကုသမႈခံယူပါ။


အစာအိမ္ေရာဂါ ကိုေပါ့စစြာေနထိုင္ၿပီး ကုသမႈ မခံယူပါက အစာအိမ္ကင္ဆာ ၊ အူမႀကီးေရာင္တာ ၊ အူလမ္းေၾကာင္းတြင္း ေသြးထြက္တာ ၊ သည္းေျခႁပြန္ေရာဂါ ၊ အထက္လန္ ေအာက္ေလွ်ာေရာဂါ ၊ သည္းေျခေက်ာက္တည္တာ စတဲ့ ေနာက္ဆက္တြဲေရာဂါမ်ား ျဖစ္ေပၚလာႏိုင္ပါတယ္။

Written By Health Products Directory

Read times
Rate this item
(0 votes)