What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 24 June 2022 15:36

သွေးတိုးရောဂါရှိသူများ စားသင့်သော အသီးများ

သွေးတိုးရောဂါရှိသူများ စားပေးသင့်သော် အသီးများကို ဖော်ပြပေးလိုက်ပါတယ်။

နာနတ်သီး

နာနတ်ရည်ထဲမှ အင်ဇိုင်းဓာတ်များကို ပြုလုပ်ပေးနိင်တယ်။ ဖောယောင်ခြင်းနှင့် ဒူလာ အတွက် ပိုပြီး အသုံးဝင်ပါတယ်။ မကြာခဏ နာနတ်သီးစားခြင်းဖြင့် ခန္ဓာကိုယ်ထဲမှ အမျှင်အင်ဇိုင်းဓာတ်များကို ပိုများလာနိင်ပါတယ်။ အစာကြေလွယ်ပါတယ်။

လိမ္မော်သီး

လိမ္မော်သီးထဲတွင် ဗီတာမင်စီနှင့် နီကယ်စင် (Niacin) အများဆုံး ပါဝင်တာမို့ခန္ဓာကိုယ်ထဲမှ ကိုလက်စထရောနှင့် သွေးအဆီတို့ကို ကျဆင်းစေနိင်စွမ်းရှိတာမို့ နှလုံးရောဂါရှိသူများ၊ သွေးအဆီဓာတ်မြင့်သူများ ပိုစားသင့်ပါတယ်။

သရက်သီး

သရက်သီးထဲတွင် ဗီတာမင်အေနှင့်စီ အများဆုံး ပါဝင်တာမို့ မျက်စိကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ ဆဲလ်များ အိုမင်းကျဆင်းခြင်းကို နှောင့်နှေးစေခြင်း၊ အကြိုဇရာရောဂါကို ကာကွယ်ပေးနိင်ခြင်း၊ သွေးလွှတ်ကြောမာရောဂါကို ပာန့်တားဆီးနိင်ခြင်း၊ သွေးတိုးရောဂါ နှင့် ကင်ဆာ ရောဂါ တို့ကို ကာကွယ်ပေးနိင်တယ်။

ကီဝီသီး

ကိုလက်စထရောနှင့် triglyceride ကို ကျဆင်းနိင်စွမ်းရှိတယ်။ ကင်ဆာကို ဖြစ်စေသော ကာဆီနိုဂျင်ကို ပာန့်တားဆီးနိင်တယ်။ သွေးတိုး၊ အသည်းရောင်၊ နှလုံးရောဂါ၊ ဆီးအိမ်ကျောက်တည်ခြင်း အတွက် ကုသမှှုကို အထောက်အကူ ပြုပါတယ်။

မြေဇာဥ

မြေဇာဥထဲတွင် အသားဓာတ်၊ ကယ်လဆီယမ်၊ မီးစုန်းဓာတ်၊ သံဓာတ် ဗီတာမင်စီ အစရှိသော အာဟာရဓာတ်များ ပါဝင်တာမို့ ဖိအားကို ကျဆင်းစေနိင်ပြီး ချွဲ သလိပ်များကို ပျော်စေတယ်။

ဂေါ်ရခါးသီး

ဂေါ်ရခါးသီးက ကယ်လိုရီနည်းသောအသီးဖြစ်ပြီး ဂေါ်ရခါးသီးထဲတွင် ပိုတက်ဆီယမ်နှင့် ဇင့်ပါတာမို့ ကျန်းမာရေးအတွက် အသင့်လျှော်ဆုံး ဖြစ်ပါတယ်။ ဆီးရွှင်စေခြင်း၊ ဆိုဒီယမ်ကို ပြင်ပသို့ ဖယ်ထုတ်နိင်ပေးခြင်း၊ သွေးကြောခဲျ့ထွှင်နိင်ခြင်း၊ ဖိအားများကိုကျဆင်းစေနိင်ခြင်း တို့ ဖြစ်ပါတယ်။

Read times
Rate this item
(0 votes)