What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 26 July 2022 11:51

သွေးတိုးရောဂါ ဘာကြောင့် ဖြစ်ရတာလည်း

သွေးတိုးရောဂါ ဘာကြောင့် ဖြစ်ရတာလည်း University Health News

လူတော်တော်များများက သွေးတိုးရောဂါ ဘာကြောင့် ဖြစ်ရတာလည်းဆိုတာကို မသိကြသလို ထိရောက်တဲ့ ကာကွယ်ကုသနိုင်မည့် နည်းလမ်းကိုလည်း အနည်းနဲ့အများ မသိကြပါဘူး။

ဒါကြောင့် Myanmar Health Products Guide မှ သွေးတိုးဖြစ်စေတဲ့ အကြောင်းအရာများ နဲ့ ကုသနိုင်မည့် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။


သွေးတိုးရောဂါ ဘာကြောင့် ဖြစ်ရတာလည်း

သွေးတိုးရောဂါကို ဖြစ်စေတဲ့အကြောင်းအရင်းများစွာရှိပါတယ်။ တိကျတဲ့ အကြောင်းအရင်းကို မသိဘဲ ဖြစ်ပေါ်လာတဲ့ အကြောင်းရင်းမသိ သွေးတိုးရောဂါ မှတဆင့် ဖြည်းဖြည်းချင် သွေးတိုးရောဂါကို အောက်ပါအချက်တွေကြောင့် ဖြစ်လာရပါတယ်။

• သွေးတိုးမျိုးရိုးရှိခြင်း

• အဝလွန်ခြင်းနှင့် အထိုင်များခြင်း

• ဆေးလိပ်သောက်ခြင်း သို့မဟုတ် ဆေးရွက်ကြီးငုံခြင်း၊ ဝါးခြင်း

• အရက်အလွန်အကျွံသောက်ခြင်း

• အိမ် သို့မဟုတ် အလုပ်တွင် စိတ်ဖိစီးမှုအလွန်များခြင်း

• ဆီးချိုနှင့် ကျောက်ကပ်စသည့် နာတာရှည်ရောဂါများရှိခြင်း

• ပိုတက်စီယမ်နှင့် ဗီတာမင် ဒီ လုံလောက်စွာမရခြင်း

• အငံဓါတ် (ဆိုဒီယမ်) များသောအစားအစာ

• အသက်အရွယ်ကြီးရင့်ခြင်း

• ကျောက်ကပ်အပေါ်ကပ်လျက်ရှိ ဂလင်းတွင် အကြိတ်ရှိခြင်း

• သွိုင်းရွိုက်လုပ်ဆောင်ချက်မြင့်ခြင်း

• သွေးကြောများတွင် မွေးရာပါချို့ယွင်းမှုများရှိခြင်း

• အိပ်မပျော်ခြင်း (အသက်ရှူဟောက်ခြင်းအပါအဝင်) စတဲ့အချက်များဘဲ ဖြစ်ပါတယ်။

telegram1.jpg

သွေးတိုးရောဂါကို ဘယ်လို ကာကွယ်မလဲ

ရိုးရိုးလေးပြောရမယ်ဆိုရင်တော့ သွေးတိုးရောဂါဆိုတာက နာတာရှည်ရောဂါတစ်ခုလိုဖြစ်သွားနိုင်တဲ့ မိမိ နေပုံထိုင်ပုံကို ပြုပြင်ဆင်ခြေလိုက်မယ်ဆိုရင်တော့ ကျန်းမာတဲ့ ဘဝအသစ်ကို ပြောင်းလဲသွားမှာ သေချာပါတယ်။ ဒါကြောင့်ပြုပြင်ပြောင်းလဲ နေထိုင်သင့်တဲ့အချက်တွေကတော့

- ဆေးလိပ်ဖြတ်ပါ

- အရက်ဖြတ်ပါ

- ဆားအသုံးပြုမှု သတိပြုပါ။ (ယခုခေတ် ဆော့စ် နဲ့ ဟင်းခတ်အမွှေးတော်တော်များများတွင် ဆားပါဝင်မှုများသော ဟင်းလျာကို သတိပြု ရှောင်းကျဉ်ပါ)

- ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပါ။

- လိုအပ်သော မာလ်တီဗီတာမင်များသုံးစွဲပါ။

- စိတ်ဖိစီးမှုအဆင့်ကို ဆက်တိုက်ကျနိုင်အောင် ပြုလုပ်ပါ။

- ကိုယ်အလေးချိန်လျှော့ပြီး ထိန်းထားပါ။

ဒါကြောင့် သွေးတိုးလက္ခဏာများ သိသိသာပေါ်လာပြီး အဓိကရောဂါကြီးတစ်ခုဖြစ်မလာခင် သွေးတိုးကိုကာကွယ်တိုက်ဖျက်ခြင်းက ပိုမိုအကျိုးရှိပါတယ်။

Aung Win (Myanmar Health Products Guide)

telegram.jpg

Read times
Rate this item
(1 Vote)