နာနတ်သီးမှာ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အမြောက်အများပါဝင် ပါတယ်။
နာနတ်သီးကို အစာခြေစနစ်ဆိုင်ရာ ဝေဒနာတွေနဲ့ ရောင်ရမ်းမှုတွေ သက်သာအောင်လုပ်ဆောင်ပေးတဲ့ အိမ်တွင်းကုထုံးတစ်ရပ်အနေနဲ့ အသုံးပြုခဲ့ကြပါတယ်။
နာနတ်သီးဟာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေနိုင်သလို အနာကျက်မြန်စေပါတယ်။
၁. ကိုယ်ခံအားစနစ်ကိုတိုးမြှင့်ပေးခြင်း
နာနတ်သီးဆီသွတ်ဗူးကို နေ့စဉ်စားသုံးပေးတဲ့သူတွေဟာ မစားသုံးသူတွေထက် ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်ပိုးမွှားတွေ ကူးစက်ခံရနိုင်ချေ ပိုနည်းတာကို တွေ့ရှိခဲ့ရပါတယ်။
နာနတ်သီးကို နေ့စဉ်စားသုံးသူတွေက ဖျားနာခဲ့တယ်ဆိုရင်တောင်မှ နာနတ်သီး မစားသုံးတဲ့သူတွေထက် ပိုမြန်မြန် နေပြန်ကောင်းတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။
၂. အစာကြေစေခြင်း
နာနတ်သီးအသားနဲ့ ဖျော်ရည်မှာပါဝင်တဲ့ အင်ဇိုင်းတစ်မျိုးဖြစ်တဲ့ Bromelain အင်ဇိုင်းက အစာချေဖျက်မှုနဲ့ ပရိုတင်းတွေကို ချေဖျက်ရာမှာ အထောက်အကူပေးပါတယ်။
၃. ကင်ဆာကာကွယ်ပေးခြင်း
လတ်ဆတ်တဲ့ နာနတ်သီးဖျော်ရည်နဲ့နာနတ်သီးအသားတွေကို စားသုံးပေးမှုက သားဥအိမ်ကင်ဆာဆဲလ်တွေနဲ့ အူမကြီးကင်ဆာဆဲလ်တွေ ပြန့်ပွားမှုကို နှိမ်နှင်းပေးနိုင်ပါတယ်။
၄. အရေပြားကိုကာကွယ်ပေးခြင်း
နာနတ်သီးဖျော်ရည်မှာ ပါဝင်တဲ့ ဗီတာမင် စီနဲ့ ဘီတာကယ်ရိုတင်းဓာတ်တွေလိုမျိုး ဓာတ်တိုးဆန့်ကျင်ပစ္စည်း တွေက နေရောင်ခြည်နဲ့ညစ်ညမ်းမှုတွေကြောင့် အရေပြားပျက်စီးတာတွေကို တိုက်ထုတ်ရာမှာ အထောက်အကူပေးသလို အရေးအကြောင်းတွေကို လျော့ပါးစေပြီး အရေပြားကို ကျန်းမာလှပကောင်းမွန် စေပါတယ်။
၅. မျက်လုံးကျန်းမာရေး ကောင်းမွန်စေခြင်း
ဗီတာမင်စီ ကြွယ်ဝတဲ့ အစားအစာတွေက မျက်လုံးတိမ်ဖြစ်ပေါ်ခံစားရနိုင်ခြေကို ၃ ပုံ ၁ ပုံ လျှော့ချပေးနိုင်တာ တွေ့ရှိ ရပါတယ်။
မျက်လုံးမှာရှိတဲ့ အရည်တစ်မျိုးထဲမှာ ဗီတာမင် စီပါဝင်နေပြီး ဗီတာမင် စီ ကြွယ်ဝတဲ့ အစားအစာတွေက အဆိုပါ အရည်ကို ထိန်းသိမ်းရာအကူအညီပေးသလို မျက်လုံးအတွင်း တိမ်ဖြစ်စေနိုင်တဲ့အရာတွေကိုလည်း ချေဖျက်ပေးပါတယ်။