What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 18 April 2018 10:58

ကြွက်တက်ခြင်းအတွက် ကာကွယ်ရန်နည်းလမ်းများ

ကြွက်တက်ခြင်းအတွက် ကာကွယ်ရန်နည်းလမ်းများ google.com

လေ့ကျင့်ခန်းပုံမှန်လုပ်နေသူမဟုတ်ပါက ကြွက်တတ်ခြင်းမကြာခဏဖြစ်စေနိုင်ပါတယ်။

ကြွက်တတ်ခြင်းကို လျစ်လျူရှုထားပါက ဒဏ်ဖြစ်နိုင်တဲ့အထိ ဆိုးရွားပါတယ်။ ဒါကြောင့် မိမိဟာ ကြွက်ခဏခဏတတ်တဲ့သူဆိုရင် အောက်ပါ ကာကွယ်နည်းလေးတွေ သိထားဖို့လိုတယ်နော်။

ရုတ်တရက်မထင်မှတ်ပဲ ကြွက်သားများကျုံသွားချိန်တွင် ကြွက်တတ်ခြင်း(သို့) အကြောဆွဲခြင်းကို ဖြစ်ပေါ်လာပါတယ်။ ကယ်လ်စီယမ်၊ ပိုတတ်စီယမ် နှင့် မဂ္ဂနီစီယမ်ဓာတ်များမရှိခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်းတို့ကြောင့် ကြွက်တတ်ခြင်းဖြစ်တာပါ။ အာရုံကြော(သို့) ကြွက်သားတစ်ခုခုဒဏ်ရာရပါကလည်း အကြောဆွဲခြင်း ကိုဖြစ်စေနိုင်ပါတယ်။ ကြွက်သားများသို့သွေးလည် ပတ်မှုညံ့ဖျင်းခြင်းကလည်း ကြွက်တတ်စေနိုင်ပြီး ခြေချင်းချိတ်၍ အချိန်အကြာကြီး ထိုင်ပြီးနောက်ကြွက်တတ်နိုင်သည်။

 

ကာကွယ်နည်းများ

 

ကြွက်တတ်ခြင်းကို ကုသရန်ကြွက်သားများကို သက်တောင့်သက်သာ ဖြစ်အောင်လုပ်ပါ။ ကြွက်သားပေါ်တွင် အပူဖိကပ်ပေးပါ။ ကြွက်သားများဆန့်ထုတ်ပေးပါ။ နှိပ်ပြေးခြင်းကလည်း ကြွက်တတ်ခြင်းကို ကုသရာတွင် အထူးကောင်းပါတယ်။ ကယ်လ်စီယမ်၊ ပိုတတ်စီယမ်နှင့် မဂ္ဂနီစီယမ်ဓာတ်များ ချို့တဲ့နေပါက ဖြည့်စွက်စာစားပေးပါ။ ရေသောက်ပါ။ လျှပ်စစ်ဓာတ်ဖြတ်နိုင်သော ဖျော်ရည်များသောက်ပါ။ အထိုင်များသော သူများ လမ်းလျှောက်ခြင်း (သို့) မတ်တပ်ရပ်ခြင်းတို့ကို မကြာခဏ ပြုလုပ်ပေးပါ။

ခြေဆန့်လက်ဆန့်လုပ်ခြင်း၊ သွေးပူလေ့ကျင့်ခန်းလုပ်ခြင်း၊ လေ့ကျင့်ခန်းလုပ်ပြီး အကြောလျှော့ခြင်း တို့ပြုလုပ်ခြင်း ဖြင့် ကြွက်တတ်ခြင်းကို ကာကွယ်နိုင်ပါတယ်။ အားသွန်ခွန်စိုက်လှုပ်ရှားမှုမျိုး ပြုလုပ်ရမည်ဆိုပါက ရေဓာတ်ဖြည့်တင်းထားပါ။ ချွေးအလွန်ထွက်ချိန်တွင် လျှပ်စစ်ဓာတ်ဖြတ်နိုင်သော ဖျော်ရည်များသောက်သုံးပေးရန် အထူးအရေးကြီးသည်။

Source: YCDC

Read: လျှာကင်ဆာ

လျှာကင်ဆာ

Read times Last modified on Wednesday, 09 October 2019 14:34
Rate this item
(0 votes)