ဘရာဇီးနိုင်ငံတွင် ဩဂုတ်လ ၉ ရက်နေ့က မျောက်ကျောက်ရောဂါကူးစက်မှု မြင့်တက်လာချင်အတွက် စိုးရိမ်ဝမ်းနည်းမိကြောင်း ဖော်ပြခဲ့ပါတယ်။
ဘရာဇီးသတင်းဝက်ဘ်ဆိုက် G1 က တနင်္ဂနွေနေ့က ဘရာဇီးနိုင်ငံ Sao Jose do Rio Preto မြို့မှာ တစ်ပတ်အတွင်း မျောက် ၁၀ ကောင် အဆိပ်သင့် သေဆုံးခဲ့ကြောင်း ကြောညာခဲ့ပြီး အခြားမြို့တွေမှာ အလားတူ ဖြစ်ရပ်များ ပေါ်ပေါက်ခဲ့ပါတယ်။ ဂျီနီဗာတွင် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် WHO ပြောရေးဆိုခွင့်ရှိသူ Margaret Harris က " မျောက်ကျောက်ရောဂါ ကူးစက်မှုဆိုတာက လူသားတွေကြားမှာ ရှိနေတယ်ဆိုတာ ကို သိထားဖို့လိုတယ်လို့ " ပြောကြားခဲ့ပါတယ်။
" တိရစ္ဆာန်ကနေ လူကို ကူးစက်နိုင်ပေးမယ့်လည်း အဓိက ကတော့ လူသားတွေနဲ့ သက်ဆိုင်ပါတယ်။ လူတွေက တိရိစ္တာန်တွေကို မတိုက်ခိုက်သင့်ပါဘူးလို့" ပြောကြာလဲ့ပါတယ်။ WHO ရဲ့ ထုတ်ပြန်ချက်အရ ဘရာဇီးတွင် မျောက်ကျောက်ရောဂါ ကူးစက်ခံရသူပေါင်း ၁၇၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။ ဘရာဇီးနိုင်ငံတွင် Yellow Fever (ခြင်မှတစ်ဆင့် ကူးစက်သော အပူပိုင်းဒေသ ရောဂါတစ်မျိုး) ဖြစ်ပွားနေချိန်အတွင်း မျောက်များ တိုက်ခိုက်ခံရမှုတွေကို စာရင်းတန်းများ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
မျောက်ကျောက်ရောဂါ ရောဂါဖြစ်ပွားမှုကို WHO က နိုင်ငံတကာ အရေးပေါ်အခြေအနေအဖြစ် ဇူလိုင်လတွင် သတ်မှတ်ခဲ့ပါတယ်။ မေလမှစပြီ နိုင်ငံပေါင်း ၉၀ နီးပါးတွင် မျောက်ကျောက်ရောဂါ ဖြစ်ပွားမှု ၂၉,၀၀၀ ကျော်ရှိကြောင်း သိရပါတယ်။
Yellow Fever ဆိုတာဘာလဲ
Yellow fever ဆိုသည်မှာ ခြင်မှတစ်ဆင့် ကူးစက်သော အသည်းနှင့် ကျောက်ကပ်ကို ထိခိုက်ပြီး သေသည် အထိဖြစ်စေနိုင်သော အပူပိုင်းဒေသ ဗိုင်းရပ်စ်ရောဂါ တစ်မျိုးဖြစ်သည်။ Yellow fever ဗိုင်းရပ်စ် ကို တောင်အမေရိကနဲ့ အာဖရိကဒေသရှိ အပူပိုင်းဒေသတွေမှာ တွေ့ရှိပါတယ်။ အဲဒီဗိုင်းရပ်စ် ကူးစက်ခံရနေရတဲ့ခြင်ဟာ အကိုက်ခံရခြင်းမှတစ်ဆင့် လူသို့ကူးစက်နိုင်သည်။
Yellow fever ရောဂါရှိမရှိ စစ်ဆေးရာတွင် ခံစားနေရသော ရောဂါလက္ခဏာ၊ ခန္ဓါကိုယ်စမ်းသပ်စစ်ဆေးမှု၊ ဓါတ်ခွဲစစ်ဆေးခြင်း များနဲ့ ခရီးသွားခဲ့သောမှတ်တမ်းများ ပေါ် အခြေခံပါတယ်။Yellow fever အတွက်သီးသန့် ကုထုံးမရှိသေးပါဘူး။ ရောဂါလက္ခဏာအပေါ်မှာပဲမူတည်ပြီး ဂရုစိုက်ကုသကြရပါတယ်။ Yellow fever ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကူးစက်ခံရခြင်း ကိုကာကွယ်နိုင်မယ့်နည်းလမ်းတွေမှာ ခြင်မကိုက်စေရန် လိမ်းဆေး၊ဖြန်းဆေးများ အသုံးပြုခြင်း၊ အဝတ်များကို လုံလုံခြုံခြုံဝတ်စားခြင်းနဲ့ ကာကွယ်ဆေးထိုးခြင်းတို့ပဲဖြစ်ပါတယ်။
Aung Win (Myanmar Health Products Guide)
Ref: CNA News