What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 19 August 2022 10:53

ပြင်သစ်နိုင်ငံတွင် လူမှခွေးသို့ မျောက်ကျောက်ရောဂါ ကူးစက်မှု ပထမဆုံးအကြိမ်ဖြစ်ပွား

ပြင်သစ်နိုင်ငံတွင် လူမှခွေးသို့ မျောက်ကျောက်ရောဂါ ကူးစက်မှု ပထမဆုံးအကြိမ်ဖြစ်ပွား TODAY

ပြင်သစ်နိုင်ငံတွင် ပိုင်ရှင်ဖြစ်သူထံမှ ခွေးသို့ မျောက်ကျောက်ရောဂါ ကူးစက်မှု ဖြစ်ပွားခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဩဂုတ်လ ၁၇ ရက်တွင် ပြောကြားခဲ့ပါတယ်။

ကူးစက်မှု

တစ်အိမ်တည်းတွင် အတူနေထိုင်သော အမျိုးသားနှစ်ဦးက မျောက်ကျောက်ရောဂါလက္ခဏာများ စတင်တွေ့ရှိပြီးနောက် ၁၂ ရက်အကြာတွင် ၎င်းတို့မွေးမြူးထားသော ခွေးတွင် ရောဂါ ကူးစက်မှု ဖြစ်ပွားခဲ့ပါတယ်။

 

အမျိုးအစား

မျိုးရိုးဗီဇ ခွဲခြမ်းစိတ်ဖြာမှုအရ ခွေးကို ကူးစက်သည့် ဗိုင်းရပ်စ်က ခွေးပိုင်ရှင် အမျိုးသားများတွင်တွေ့ရှိရသည့် ဗိုင်းရပ်စ်နှင့် အမျိုးအစားတူနေတာကို တွေ့ရပါတယ်။

telegram1.jpg

သီးခြားခွဲနေထိုင်ရန်

ယင်းမှာ လူမှခွေးသို့ မျောက်ကျောက်ရောဂါ ကူးစက်မှု ပထမဆုံးအကြိမ်ဖြစ်ပြီး ရောဂါကူါ်စက်ခံရသည့်အခါ အိမ်မွေးတိရိစ္ဆာန်များနှင့် သီးခြားခွဲနေထိုင်ရန် အရေးကြီးကြောင်း ကျန်းမာရေးကျွမ်းကျင်သူများက ပြောပါတယ်။

 

အကြံပြု

ဒါ့အပြင် အခြားတိရိစ္ဆာန်များကို ကူးစက်မိုင်ခြေအား လျှော့ချရန်အတွက် အမှိုက်များကိုလည်း ဂရုတစိုက် စွန့်ပစ်ရန် လိုအပ်ကြောင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုပြောဆိုပါတယ်။ မျောက်ကျောက်ရောဂါ နှင့် ပတ်သက်၍ အများပြည်သူများ ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဇူလိုင်လတွင် ကြေညာခဲ့ပါတယ်။

 

စံတော်ချိန် သတင်းစာ

Myanmar Health Products Guide

telegram.jpg

Read times
Rate this item
(0 votes)