What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 25 October 2022 14:03

ခရမ်းချဉ်သီးဖြင့် အစာအိမ်ကင်ဆာကို တိုက်ဖျက်နိုင်

ခရမ်းချဉ်သီးမှ ထုတ်ယူထားသည့် အဆီအနှစ်များက အစာအိမ်ကင်ဆာဆဲလ်များ ပြုလုပ်မှုကို ကာကွယ်တားဆီးနိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသဖြင့် ယင်းဆိုးရွားသော အစာအိမ်ကင်ဆာရောဂါကို ကုသရန် အကောင်းဆုံးကုသနည်း ရှာဖွေ ရေးနည်းလမ်းသစ်များ ထွက်ပေါ်လာစေခဲ့သည်။ အစာအိမ်ကင်ဆာဆဲလ်များကို တိုက်ဖျက်နိုင်သည့် ခရမ်းချဉ် သီးအဆီအနှစ်များ၏ စွမ်းရည်များကို သုတေသီများက လေ့လာခဲ့ကြသည်။

 

ခရမ်းချဉ်သီးတွင် Lycopene ကဲ့သို့သော ဓာတ်ပစ္စည်းများက အကျိတ်များကို တားဆီးပေးကြောင်း အီတလီနိုင်ငံမှ သုတေသီများကပြောသည်။ သဘာဝခရမ်းချဉ်သီး အဆီအနှစ်များက ကင်ဆာဆဲလ်များ ပြန့်ပွားကြီးထွားမှုကို ကာကွယ်ပေးနိုင်ပြီး ဆဲလ်များ ပြန့်ပွားနိုင်စွမ်း ကို တားဆီးကာ ယင်းဆဲလ်များ သေဆုံးသည်အထိ တိုက်ဖျက်နိုင် ကြောင်း သုတေသီများက လေ့လာတွေ့ရှိခဲ့သည်။

 

ခရမ်းချဉ်သီးအဆီအနှစ်များကို ကင်ဆာရောဂါကာကွယ်ရေး အာဟာရဓာတ်များအတွက်သာမက ကင်ဆာရောဂါကုသရေးအ တွက် အဓိကနည်းလမ်းတစ်ရပ်ရရှိစေကြောင်း လေ့လာမှုရလဒ်က ဖော်ပြနေသည်ဟု သုတေသီများက ပြောသည်။ အစာအိမ်ကင်ဆာသည် ကမ္ဘာတစ်ဝန်း အဖြစ်အများဆုံး ကင်ဆာရောဂါများအနက် စတုတ္ထမြောက် အမျိုးအစားဖြစ်ပြီး မျိုး ဗီဇနှင့်လည်း ဆက်နွှယ်မှုရှိသည်။

 

ရောဂါပိုးဝင်ရောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အငန်စား ခြင်းနှင့် မီးကင်ထားသော အစားအစာများ စားသုံးမှုကဲ့သို့ အလေ့အထများနှင့် အစာအိမ်ကင်ဆာဖြစ်ပွားမှုကြား ဆက်စပ်မှုရှိကြောင်း သိရသည်။

Read times
Rate this item
(0 votes)