What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 29 July 2020 13:54

အသားအရေ အတွင်းပိုင်းထိ သန့်စင်ပေးမယ့် ခရမ်းချဉ်သီး နဲ့ ဒိန်ချဉ်

ဒီပေါင်းတင်နည်းကတော့ လူသိများတဲ့သုံးနေကျ နည်းလမ်းတစ်ခုမဟုတ်ပါဘူး။ ဒါပေမဲ့ ပိတ်ဆို့နေတဲ့ ချွေးပေါက်တွေကို သန့်စင်ပေးဖို့နဲ့ ဆားဝက်ခြံတွေကို တိုက်ဖျက်ဖို့ အကောင်းဆုံးပေါင်းတင်နည်းတစ်ခုပါ။

 

ပြုလုပ်ပုံကတော့ တကယ်ကို ရိုးရှင်းပါတယ်။ ခရမ်းချဉ်သီးတစ်လုံးကို ကြိတ်ချေလိုက်ပါ။ ပြီးရင် သဘာဝဒိန်ချဉ်သန့်သန့် စားပွဲတင်ဇွန်း အပြည့်တစ်ဇွန်းရယ် သံလွင်ဆီနဲ့ ဗင်နီဂါတစ်စက်စီတို့ရယ်ကို ထြည့်ပီး သမအောင်ရောမွှေပြီး လိမ်းလို့ရပါပြီ။

 

ခရမ်းချဉ်သီးဟာ ပိတ်ဆို့နေတဲ့ ချွေးပေါက်တွေကို ဖွင့်ပေးမှာဖြစ်ပြီး ဗင်နီဂါကတော့ စွမ်းအားကောင်းလှတဲ့ သဘာဝချေးချွတ်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။

 

ဒိန်ချဉ်ကတော့ သဘာဝအတိုင်း အသားအရေကို သန့်စင်ပေးနိုင်တဲ့အပြင် နူးညံ့ချောမွတ်စေကာ မျက်နှာပေါ်မှာရှိတဲ့ အမည်းကွက်တွေ၊ အသားအရေမညီညာတဲ့ နေရာတွေကို ညင်သာစွာနဲ့ လျော့ပါးပျောက်ကွယ်စေမှာပဲ ဖြစ်ပါတယ်။

 

မိန်းကလေးတွေ ကြောက်ရွံ့တဲ့ အသားအရေခြောက်သွေ့မှုကိုတော့ သံလွင်ဆီက ကာကွယ်တားဆီးပေးပါလိမ့်မယ်။

 

A Line Oo Skin Care

Read times Last modified on Wednesday, 29 July 2020 14:04
Rate this item
(0 votes)