မလေးရှားနိုင်ငံ၌ လွန်ခဲ့သော၂၄နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၈၉၈ဦး ထပ်မံတွေ့ရှိခဲ့ရာ လက်ရှိအချိန်အထိ ရောဂါကူးစက်ခံရသူပေါင်း ၄၉၈၄၂၇၂ဦး ရှိကြောင်း မလေးရှားကျန်းမာရေး ဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်ထားပါသည်။
ရောဂါကူးစက်ခံရသူများအနက် နှစ်ဦးသည်နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိလာသူများဖြစ်ပြီးကျန် ၂၈၉၆ဦးသည် ပြည်တွင်းကူးစက်ခံရသူများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် ကိန်းဂဏာန်းများအရ သိရသည်။ အလားတူ လွန်ခဲ့သော ၂၄နာရီအတွင်းလေးဦးထပ်မံ သေဆုံးခဲ့ရာ
အဆိုပါရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူပေါင်း ၃၆၆၄၈ ဦး ရှိလာပြီးဖြစ်သည်။ သို့သော်လွန်ခဲ့သော ၂၄နာရီအတွင်းလူနာ ၂၇၈၉ဦး ကျန်းမာရေးပြန်လည်ကောင်းမွန်လာသည့်အတွက် ဆေးရုံများမှ ပြန်လည်ဆင်းသွားခဲ့ရာ ရောဂါ ပြန်လည်သက်သာလာသူပေါင်း ၄၉၂၀၆၁၆ဦးရှိကြောင်း သိရသည်။
လက်ရှိတွင်ပိုးတွေ့ဆဲလူနာ ၂၇၀၀၈ဦး ရှိပြီး ယင်းတို့အနက် ၉၇ဦးသည် ရောဂါပြင်းထန်စွာခံစားနေရပြီး လူနာ ၅၇ဦးသည် အသက်ရှူအထောက်အကူပြု ကိရိယာများတပ်ဆင်ထားရကြောင်း သိရသည်။ လက်ရှိအချိန်အထိပြည်သူ ၈၆.၁ ရာခိုင်နှုန်းသည် ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံမှုခံယူပြီးဖြစ်သည်။
ပြည်သူ ၈၄.၃ရာခိုင်နှုန်းသည် ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံမှုခံယူပြီး ပြည်သူ ၄၉.၈ရာခိုင်နှုန်းသည် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံမှုခံယူပြီးဖြစ်ကာ ပြည်သူ၁.၇ရာခိုင်နှုန်းသည် ဒုတိယအကြိမ် ထပ်ဆောင်းကာကွယ် ဆေးထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရသည်။
Ref: ကြေးမှုံ