What's New




Saturday, 18 November 2023 18:27

ဦးနှောက်ချစ်ပ် ဦးခွံထဲ ထည့်လိုသူ ထောင်ချီများပြား

ဦးနှောက်ချစ်ပ် ဦးခွံထဲ ထည့်လိုသူ ထောင်ချီများပြား

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

လူထောင်ပေါင်းများစွာသည် ၎င်းတို့၏ ဦးခေါင်းခွံ ခွဲစိတ်ပြီး အီလွန်မတ်စ်၏ ဦးနှောက်ချစ်ပ် ထည့်ရန် တန်းစီစာရင်းတွင် အမည်ပေးသွင်းထားကြသည်။

 

၂၀၁၆ ခုနှစ်တွင် အီလွန်မတ်စ်  ပူးတွဲထူထောင်သည့်  Neuralink သည် လူသားများဖြင့် စမ်းသပ်မှုများ စတင်ရန်အတွက် လူထောင်ပေါင်းများစွာက စမ်းသပ်ခံအဖြစ် အရဲစွန့်ပြီး  ပါဝင်ရန် စိတ်ဝင်စားလျက်ရှိကြောင်း Bloomberg က သတင်း ဖော်ပြခဲ့သည်။

Elon Musk ၏ အတ္ထုပ္ပတ္တိ ရေးသားသူများထဲမှ တဦးဖြစ်သူ Ashlee Vance က Neuralink လုပ်ငန်းခွင်ကို ၃ နှစ်တာအတွင်း ၁၀ ကြိမ် သွားရောက်ခဲ့သည်။ 

 Neuralink သည် ချစ်ပ်ထည့်ပေးခြင်း ယခုအထိ မရှိသေးကြောင်း၊ နောက်နှစ်တွင် ၁၁ ဦးကို ချစ်ပ်ထည့်ပေးရန် ရည်မှန်းထားကြောင်း Vance က ပြောကြားသည်။ 

၂၀၃၀ ပြည့်နှစ် မတိုင်ခင် လူ ၂၂,၀၀၀ ဦးတွင် ချစ်ပ်ထည့်ပေးရန် လျာထားသည်။

ယခုနှစ် နှစ်ဆန်းပိုင်းတွင်  အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာန Food and Drug Administration FDA က လူဖြင့် စမ်းသပ်ရန် Neuralink ကို အတည်ပြု ခွင့်ပြုပေးခဲ့သည်။

ချစ်ပ်က အပူလွန်ကဲနိုင်ခြင်း၊ ဦးနှောက်ချစ်ကို ဝါယာများဖြင့် ချိတ်ဆက်ထားခြင်း၊ ဦးခွံထဲ ချစ်ပ် နေရာရွေ့ပြီး ဦးနှောက်ကို ထိခိုက်နိုင်ခြင်း စသည့် အန္တရာယ်များ ရှိနေသည့်အတွက် FDA သည် လူဖြင့် လက်တွေ့စမ်းသပ်မှုများကို ယခင်က ပယ်ချခဲ့သည်။

 

 စက်တင်ဘာလတွင် စမ်းသပ်ခံအဖြစ် ပါဝင်လိုသူများကို Neuralink က စာရင်း စတင်ကောက်ခံခဲ့သည်။ 

ကျောရိုးဒဏ်ရာကြောင့် ဖြစ်စေ၊ အကြောသေရောဂါကြောင့် ဖြစ်စေ ခြေနှစ်ချောင်း လက်နှစ်ချောင်း အကုန်လုံး သွက်ချာပါဒ လိုက်နေသူများကို အလိုရှိကြောင်း Neuralink က  ကြေညာခဲ့သည်။ 

 

ချစ်ပ်ထည့်မြှုပ်ခြင်းအတွက် နာရီအတန်ကြာ ခွဲစိတ်ကုသမှု ခံယူရမည် ဖြစ်သည်။ လူသား ဆရာဝန်များက ဦးခွံကို ဖွင့်ပေးမည်။ ရိုဘော့အကြီးစားက ချစ်ပ်ထည့်မြှုပ်ပေးမည်။ ချစ်ပ်နှင့် ဦးနှောက်တို့ကို နန်းမျှင်များဖြင့် ချိတ်ဆက်ပေးမည်။ ကိစ္စအဝဝ ပြီးမြောက်သောအခါ လူသားဆရာဝန်များက ဦးခွံကို ပြန်ပိတ်ပေးမည် ဖြစ်သည်။ 

ချစ်ပ်ကို နားရွက် နောက်ဘက်တွင် ထည့်မြှုပ်မည် ဖြစ်သည်။

 

 photo_2023-11-18_18-28-35.jpg

 

Neuralink သည် ဝက်၊ မျောက် အစရှိသည့် တိရစ္ဆာန်များဖြင့် ဦးခွံထဲ ချစ်ပ် မြှုပ်ခြင်းကို ၁၁၅ ကြိမ် လက်တွေ့စမ်းသပ်ခဲ့ပြီးနောက် လူဖြင့် လက်တွေ့စမ်းသပ်မည့်အဆင့်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ 

 

Source business insider


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Saturday, 18 November 2023 18:32
Rate this item
(0 votes)