What's New




Sunday, 25 February 2024 17:26

ကျန်းမာရေးအတွက် စိုးရိမ်မကင်း ဖြစ်ရသည့် အားဖြည့်ရှူဆေး

ကျန်းမာရေးအတွက် စိုးရိမ်မကင်း ဖြစ်ရသည့်  အားဖြည့်ရှူဆေး

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

အားဖြည့်ရှူဆေးသည် အသုံးပြုသူကို စွမ်းအင်မြှင့်တင်ပေးသည်ဟု ဆိုသည်။ ရူဆေးဘူး အရောင်အမျိုးမျိုးဖြင့် ထုတ်လုပ်သည်။ မက်မွန်၊ စပျစ်အစရှိသည် အနံ့အရသာ အမျိုးမျိုး ရနိုင်သည်။ 

 

photo_2024-02-25_17-17-55.jpg

 

အီးကောမတ်စ် ပလက်ဖောင်းများတွင် အလွယ်တကူ ဝယ်ယူနိုင်သည်။ ကန်ဒေါ်လာ ၀.၅၂ မှ ၃ ဒေါ်လာကျော်အထိ ဈေးအမျိုးမျိုးဖြင့် ရောင်းချသည်။ 

ရူဆေးတော့င်ထဲ မည်သည့်အရာများ ထည့်ထားသည်ကို တိတိကျကျ မသိရသော်လည်း ကျောင်းနေအရွယ် ကလေးငယ်တို့အကြား ရေပန်းစားသည်။ 

မူရင်းမူလမှာ တရုတ်နိုင်ငံမှ ဖြစ်ပြီး ယခုအခါ မလေးရှားသို့ ရောက်ရှိပျံ့နှံ့နေသည်။

ကျောင်းနေ အလယ်တန်းကျောင်သားအရွယ်အတွက် ထုတ်လုပ်ထားခြင်း  မဟုတ်သော်လည်း တရုတ်နိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် ၎င်းအသက်အပိုင်းအခြား ကျောင်းသားများ အရှူများကြသည်။ 

 

photo_2024-02-25_17-18-07.jpg

 

 

နှာခေါင်းပေါက် နှစ်ပေါက်ဖြင့် တေ့ပြီးရှူရန် စီစဉ်ပေးထားပြီး အမွှေုးရနံ့၊ အပင်ငယ်များမှ ရယူသည့်အဆီ၊ ပရုတ်၊ ပူရှိန်း၊ အရက် စသည်တို့ ပါဝင်သည်ဟု ဆိုသည်။

အချို့ အားဖြည့်ရူဆေးတောင့်တို့တွင် ခဲ၊ နီကိုတင်း၊ ပြဒါး စသည့် ကျန်းမာရေး ထိခိုက်စေသည့်အရာများ ပါဝင်နေသည်ကို တရုတ်ပြည်မှ သုတေသန ဓာတ်ခွဲခန်းများတွင် တွေ့ရှိခဲ့သည်ဟု South China Morning Post တွင် သတင်းဆောင်းပါး ဖော်ပြထားသည်။ 

Source cna, scmp


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Sunday, 25 February 2024 17:27
Rate this item
(0 votes)