What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 11 July 2018 14:58

မျက်လုံးများအားကောင်းစေတဲ့ မျက်စဉ်းဆေးရည် (V.ROHTO)

မျက်လုံးများအားကောင်းစေတဲ့ မျက်စဉ်းဆေးရည် (V.ROHTO) Organic

မျက်လုံးကို အထူးအသုံးပြုရတဲ့ ခေတ်သစ်နည်းပညာဒဏ်တွေကြောင့်သင်ရဲ့မျက်လုံးနဲ့အမြင်အာရုံဟာ နေ့စဉ်အားနည်းထိခိုက်ခံနေရတယ်ဆိုတာကို သင်ကိုယ်တိုင် သတိမထားမိတာဟာ အရေးကြီးပြဿနာတစ်ရပ်တစ်ခုဖြစ်ပါတယ်။

သင်ကိုယ်တိုင်နေ့စဉ်နဲ့ အမျှ မျက်လုံးကို ဂရုစိုက်ခြင်း နည်းလာတဲ့အခါတွေမှာ မျက်စိညောင်းညာခြင်း ၊ မျက်ရိုးကိုက်ခြင်း ၊ မျက်စိမှုန်ဝါးခြင်း ၊ မျက်လုံးခြောက်သွေ့ခြင်း ၊ အမြင်အာရုံစူးစိုက်မှုလျော့ကျစေခြင်း ၊ ခေါင်းကိုက်ခြင်း ၊ ဇာတ်ကြောတက် ၊ ညောင်းညာစေခြင်း အစရှိတဲ့ ပြဿနာတွေကို ဖြစ်စေပါတယ်။ ဒါကြောင့် ကျနော်တို့ မျက်လုံးတွေကို ဘယ်လိုအကာအကွယ်ရအောင်လုပ်ရမလဲ ဆိုတာကျနော်တို့အတွက် မေးခွန်တစ်ခု ဖြစ်လာပါတော့တယ်။

နေ့စဉ် ကျနော်တို့ရဲ့ မျက်လုံးတွေကို ကာကွယ်မှုမပြုလုပ်နိုင်တဲ့အတွက် မျက်လုံးများကို ပြန်လည်အားဖြည့်ပေးတဲ့ V.ROHTO မျက်စဉ်းဆေး အကြောင်းကို ပြောပြချင်ပါတယ်။

V.ROHTO မျက်စဉ်းဆေး မှာဆိုရင် Panthenol ၊ Vitamin B6 ၊ Potassium L-Aspartate ၊ Dipotassium ၊ Chlorpheniramine Meleate ၊ Sodium Chondroitin Sulfate ၊ Tetrahydrozoline Hydrochloride စသော ဘေးထွက်ဆိုးကျိုးလုံးဝမရှိတဲ့ မျက်လုံးအားဖြည့် ပစ္စည်းများပါဝင်ပါတယ်။

၎င်း V.ROHTO မျက်စဉ်းဆေးကို မျက်လုံးများအားနည်းခြင်း ၊ မျက်စိနာကျင်ခြင်း ၊ ရေတိမ်ဖြစ်ခြင်း ၊ မျက်ရိုးကိုက်ခြင်း ၊ မျက်စိကြည်လင်မှုမရှိခြင်း ၊ မျက်စိနီရဲ ကျိန်းစပ်ခြင်း ၊ မျက်စိယားယံခြင်း ၊ မျက်ခွံရောင်ရမ်းခြင်း ၊ မျက်ရည်ခန်းခြောက်ခြင်း ၊ မျက်စိများနဲ့ ပတ်သက်သော ရောဂါများ အစရှိတဲ့ ရောဂါတွေအတွက် အသုံးပြုလို့ရပါတယ်။ ဒါပြင် အမြင်အာရုံနဲ့ ပတ်သက်တဲ့ လက္ခဏာများနှင့် မျက်စိခွဲစိတ်ကုသမှုခံရခြင်း အတွက်လဲ အသုံးပြုလို့ရတဲ့ ဆေးတစ်မျိုးလဲ ဖြစ်ပါတယ်။

36854871_485481308575644_8512254241526513664_n.jpg

V.ROHTO မျက်စဉ်းဆေးကို မျက်စိရောဂါနဲ့ ပတ်သက်တဲ့ ဝေဒနာတွေမှာ အသုံးပြုနိုင်တာကတော့ V.ROHTO မျက်စဉ်းဆေး ရဲ့ အားသားချက်တစ်ခုလဲ ဖြစ်ပါတယ်။ ၎င်းမျက်စဉ်းဆေး အသုံးပြုတဲ့အချိန်တွေမှာ မျက်စိယားယံခြင်း ၊ မျက်စိရောင်ရမ်းခြင်း ၊ အခြားသောဓာတ်မတည့်တာတွေဖြစ်ပေါ်လာရန် ဆရာဝန်များထံ ပြသဖို့တော့ လိုပါလိမ့်မယ်။

၎င်း V.ROHTO မျက်စဉ်းဆေး မျက်ကပ်မှန်အပျော့တပ်ထားစဉ် အသုံးပြုခြင်းကို ရှောင်ရှားဖို့လိုအပ်ပါတယ်။ V.ROHTO မျက်စဉ်းဆေးဘူးတွေကို ကလေးငယ်များအတွက် အန္တရာယ်မဖြစ်အောင် ဝေးသောနေရာတွင်ထားခြင်း ၊ ဆေးရဲ့ အရောင်များမပြောင်းသွားအောင် ဘူးလဲခြင်းများ ၊ ဆေး၏အာနိသင်မလျော့နည်းအောင် နေရောင်ခြည်အောက်တွင်ထားခြင်း ၊ ကုန်ဆုံးရက်ကော်ျသွားတဲ့ဆေးဘူးတွေကိုမသုံးမပြုခြင်း စတာတွေ ရှောင်ကျဉ်ရမှာ ဖြစ်ပါတယ်။

V.ROHTO မျက်စဉ်းဆေးကို အသုံးပြုချိန်တွင် ဆေးရည် ၂ စက် (သို့မဟုတ်) ၃ စက် ၊ တစ်နေ့လျှင် ၅ ကြိမ် ကနေ ၆ ကြိမ် အထိ အသုံးပြုနိုင်တာလည်း ဖြစ်ပါတယ်။ V.ROHTO မျက်စဉ်းဆေးရဲ့ သက်တမ်းကုန်ဆုံးရက်က ထုတ်လုပ်ပြီးတဲ့နောက် ၃ နှစ်အထိ ဖြစ်ပါတယ်။

Witting by:A.Win

Read:HIV ပိုးကို အံတုမယ့် ကိရိယာငယ်

HIV ပိုးကို အံတုမယ့် ကိရိယာငယ်

Read times Last modified on Wednesday, 11 July 2018 15:32
Rate this item
(0 votes)