What's New




Tuesday, 27 February 2024 12:20

ကျန်းမာရေးဆိုင်ရာ အဆင့်မြှင့်တင်မှုတွေနဲ့ တန်ဖိုးသင့် Samsung Galaxy Fit3 အသစ် ကို မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်

ကျန်းမာရေးဆိုင်ရာ အဆင့်မြှင့်တင်မှုတွေနဲ့ တန်ဖိုးသင့် Samsung Galaxy Fit3 အသစ် ကို မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်

Galaxy Fit3 မှာ ပိုမိုအဆင့်မြှင့်တင်ထားသော Advanced Sleep Coaching အပါအဝင် ကျန်းမာရေးဆိုင်ရာ စောင့်ကြည့်တိုင်းတာအကြံပေးခြင်း လုပ်ဆောင်ချက်တွေ များစွာပါဝင်လာပါတယ်။

Galaxy Ecosystem အသုံးပြုသူများအတွက် အထူး သက်သာခွင့် အနေဖြင့် Galaxy A25 နဲ့အထက်ရှိတဲ့ ဖုန်းများနဲ့ တွဲဖက်ဝယ်ယူပါက Galaxy Fit3 ၀ယ်ယူခြင်းအတွက် ၂၀% လျှော့ဈေး ပေးသွားမှာဖြစ်ပါတယ်။

Samsung Electronics မှ ပိုမိုအဆင့်မြှင့်တင်ထားသော ကျန်းမာရေးဆိုင်ရာ အဆင့်မြှင့်တင်မှုတွေထည့်သွင်းပေးလာတဲ့ တန်ဖိုးသင့် စမတ်နာရီအသစ် Galaxy Fit3 ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကစပြီး မြန်မာနိုင်ငံဈေးကွက်မှာ မိတ်ဆက်ရောင်းချပေးနေပြီ ဖြစ်ပါတယ်။ Galaxy Fit3 မှာ နေ့စဥ်ကိုယ်လက်လှုပ်ရှားမှုတွေနဲ့ အိပ်စက်ခြင်း စတဲ့လုပ်ဆောင်ချက်တွေကို စောင့်ကြည့် မှတ်သားအကြံပြုနိုင်တဲ့ အဆင့်မြင့် ကျန်းမာရေးအထောက်အကူပြု နည်းပညာအသစ်တွေကို ထည့်သွင်း ပေးထားလို့ အသုံးပြုသူတွေအနေနဲ့ ပိုမိုတက်ကြွကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံ ရရှိစေဖို့ တစ်ဖက်တစ်လမ်းက ထောက်ပံ့ပေးသွားနိုင်မှာ ဖြစ်ပါတယ်။

.

ကျစ်လစ်ပေါ့ပါးခိုင်ခံ့တဲ့ မျက်နှာပြင်ကျယ်နဲ့ ဖက်ရှင်ကျကျ Premium Design

Galaxy Fit3 မှာ အရင်ထက် ပိုမိုကျယ်ပြန့်လာတဲ့ ၁.၆ လက်မအကျယ် မျက်နှာပြင်၊ အလူမီနီယံကိုယ်ထည်နဲ့ ၁၃ ရက်အထိ တာရှည်ခံစေတဲ့ ဘက်ထရီတို့ကို ထည့်သွင်းပေးထားလို့ ပိုမိုခိုင်ခံ့ပြီး လက်တွေ့အသုံးပြုရာမှာလည်း လွယ်ကူအဆင်ပြေစေမှာပါ။ ဒါ့အပြင် နာရီရဲ့ ထုထည်ကို ပိုမိုပါးလွှာအောင် ဖန်တီးပေးထားလို့ ဝတ်ဆင်ထားချိန် သက်တောင့်သက်သာရှိမှုကို ခံစားရစေမှာ ဖြစ်ပြီး နာရီရဲ့ မျက်နှာပြင်မှာ မိမိရဲ့ဓာတ်ပုံ (သို့မဟုတ်) ချစ်ခင်ရသူတွေရဲ့ ဓာတ်ပုံကိုဖြစ်စေ၊ နာရီမှာ ထည့်သွင်းပေးထားတဲ့ ပုံ ၁၀၀ ကျော်မှဖြစ်စေ ရွေးချယ်ပြီး နာရီနောက်ခံ background အနေနဲ့  နှစ်သက်သလို personalize ပြုလုပ်နိုင်တဲ့အပြင် နာရီလက်ပတ်ကိုပါ အလွယ်တကူ လိုသလို ပြောင်းလဲ ဝတ်ဆင်နိုင်လို့ ဖက်ရှင်ကျစေမှာလည်း ဖြစ်ပါတယ်။

.

 

430144405_7295070787197784_8582419843025519515_n.jpg

 

မိမိကျန်းမာရေးကို နေ့ရောညပါ စောင့်ကြည့်စစ်ဆေးပေးနိုင်မယ့် Fitness & Health Tracker

ကျန်းမာတဲ့ ဘဝနေထိုင်မှုအတွက် အိပ်စက်ခြင်းက အရေးပါတဲ့အလျောက် အသုံးပြုသူတွေ အနေနဲ့ မိမိတို့ရဲ့ အိပ်စက်မှုအချိန်တွေ၊ အလေ့အထတွေကို သတိပြုမိပြီး ကောင်းမွန်တဲ့ အလေ့အထတွေ အဖြစ် ပြောင်းလဲစေနိုင်ဖို့အတွက် Advanced Sleep Monitoring ဆိုတဲ့ အိပ်စက်ခြင်းဆိုင်ရာ စောင့်ကြည့်စစ်ဆေးခြင်း လုပ်ဆောင်ချက်ကို Galaxy Fit3 မှာ ထည့်သွင်းပေးလိုက်ပါတယ်။ Galaxy Fit3 ကို ဝတ်ဆင်ပြီး အိပ်စက်ရုံဖြင့် အိပ်စက်နေချိန်ဟောက်ခြင်း၊ သွေးတွင်းအောက်စီဂျင်အမှတ် တိုင်းတာခြင်း စသည်တို့ကို အချိန်နှင့်အမျှ စောင့်ကြည့် တိုင်းတာပေးသွားမည် ဖြစ်ပြီး ပိုမိုကျန်းမာကောင်းမွန်တဲ့ အိပ်စက်ခြင်း ရရှိနိုင်ဖို့အတွက် လိုအပ်တဲ့ အကြံပြုချက်တွေကိုပါ ပေးပို့သွားမှာ ဖြစ်ပါတယ်။

ဒါအပြင် Galaxy Fit3 မှာ နှလုံးခုန်နှုန်း၊ စိတ်ပူပန်မှု (Stress) အမှတ် စတာတွေကိုပါ တိုင်းတာပေးထားနိုင်မှာဖြစ်လို့ မိမိကျန်းမာရေးကို အနီးကပ်စောင့်ရှောက်ပေးနိုင်တဲ့ စမတ်နာရီ အဖြစ်လည်း သတ်မှတ်နိုင်ပါတယ်။ Galaxy Fit3 မှာ ရေဒဏ်၊ ဖုန်ဒဏ်ကို ခံနိုင်ရည်ရှိစေတဲ့ IP68 ပါဝင်လို့ ပြင်ပမှာ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်တဲ့အခါ စိတ်ပူပန်စရာမလိုပဲ ဝတ်ဆင်ထားနိုင်မှာ ဖြစ်ပါတယ်။

 

429847435_7295070737197789_7478200455346194161_n.jpg

.

Galaxy Ecosystem ဖြင့် ဘေးကင်းလုံခြုံရေးအတွက်ပါ အသုံးပြုနိုင်

အသုံးပြုသူများ ဘေးကင်းလုံခြုံမှုရှိစေဖို့ လုပ်ဆောင်ချက်အနေနဲ့ Galaxy Fit3 ဝတ်ဆင်ထားသူမှ ပုံမှန်မဟုတ်တဲ့ တစ်စုံတစ်ခုပေါ်မှ ပြုတ်ကျမှုမျိုးကို စမတ်နာရီရဲ့ အာရုံခံအစိတ်အပိုင်းမှတစ်ဆင့် အာရုံခံမိပြီဆိုလျှင် အရေးပေါ်ဝန်ဆောင်မှု (Emergency Service) ကို ချက်ချင်းခေါ်ဆိုပေးပြီး အကူအညီရယူတဲ့ လုပ်ဆောင်ချက် ပါဝင်လာပါတယ်။ ဒါ့အပြင် အခြား အရေးပေါ်အခြေအနေ များအတွက်လည်း  နာရီဘေးမှာပါဝင်တဲ့ ခလုတ်ကို ငါးချက်နှိပ်ရုံနဲ့ မိမိထည့်သွင်းထားတဲ့ အရေးပေါ်အခြေအနေမျိုးမှာလည်း အကြောင်းကြားလိုသူ (Emergency Contact) ကို ချက်ချင်း အကြောင်းကြားစာ အလွယ်တကူ ပေးပို့နိုင်မှာ ဖြစ်ပါတယ်။

 

429814543_7295070833864446_7649194035425108747_n.jpg

 

Galaxy Fit3 စမတ်နာရီ အသုံးပြုသူများအနေနဲ့ အခြားသော Galaxy ထုတ်ကုန်တွေဖြစ်တဲ့ ဖုန်း စတာနဲ့ ချိတ်ဆက်အသုံးပြုမယ်ဆိုရင် Galaxy Ecosystem ရဲ့ ချောမွေ့အဆင်ပြေမှုတို့ကိုပါ ခံစားနိုင်မှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် မိမိရဲ့ စမတ်ဖုန်းကင်မရာအတွက် Galaxy Fit3 ကို ရီမုတ်သဖွယ် အသုံးပြုပြီး ဓာတ်ပုံ၊ ဗီဒီယိုရိုက်တာ၊ အချိန် set လုပ်တာ တို့ကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖုန်းထဲမှာဖွင့်တဲ့ သီချင်း၊ Media တွေကိုလည်း Galaxy Fit3 ကတစ်ဆင့် ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ ဖုန်းနဲ့ နာရီအကြား ချိတ်ဆက်မှု၊ အချက်အလက်ဒေတာများ မျှဝေမှု (sync) တို့ကိုလည်း လုပ်ဆောင်နိုင်မှာဖြစ်ပြီး အဆိုပါပစ္စည်းတစ်မျိုး နေရာအထားမှား ပျောက်ဆုံး နေလျှင်လည်း ကျန်ပစ္စည်းတစ်ခုမှတစ်ဆင့် find my phone အသုံးပြု၍ အလွယ်တကူ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

“Galaxy Fit3 မှာ ကျန်းမာရေးအတွက် အလေးပေးပြီး ကျန်းမာရေးအထောက်အကူပြုနိုင်တဲ့ လုပ်ဆောင်ချက်တွေ အများကြီး ထည့်သွင်းပေးထားပါတယ်။ နေ့ဖက် လှုပ်ရှားသွားလာမှုတွေရော၊ ညဖက် အိပ်စက်ချိန် ဖြစ်စဥ်တွေရောကို စောင့်ကြည့်မှတ်သားတိုင်းတာထားပြီး လိုအပ်တဲ့ အကြံပြုချက်တွေ ပေးပို့နိုင်အောင် ဆောင်ရွက်ပေးထားလို့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်ပြီး အသုံးပြုသူတွေအတွက် လက်တွေ့ဘဝမှာ အသုံးဝင်တဲ့ device တစ်ခု ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။လို့ Samsung Myanmar ရဲ့ Head of Mobile Experience Group ဖြစ်တဲ့ ကို တင်မောင်ဝင်းက ပြောကြားထားပါတယ်။

 

429850411_7295070820531114_2402649432278764863_n.jpg

 

Galaxy Fit3 ကို Gray, Silver, Pink Gold ၃ ရောင်ဖြင့် ရွေးချယ်နိုင်မည်ဖြစ်ပြီး ဈေးနှုန်းအားဖြင့် ၁၉၉,၀၀၀ ကျပ် မှ စတင်ရောင်းချသွားမည်ဖြစ်သည်။ အထူးသက်သာခွင့်အနေဖြင့် Galaxy A25 နဲ့အထက်ရှိတဲ့ဖုန်းနဲ့ Galaxy Fit3 တို့ကို တွဲဖက်ဝယ်ယူမယ်ဆိုပါက ၂၀% လျှော့ဈေး ပေးသွားမှာဖြစ်ပါတယ်။ Samsung ရဲ့ ထုတ်ကုန်အတွက်ဖြစ်စေ၊ ပရိုမိုးရှင်းအတွက်ဖြစ်စေ ထပ်မံ သိရှိလိုပါက Samsung Myanmar ရဲ့ Facebook Page မှဖြစ်စေ၊ Showroom များတွင်ဖြစ်စေ၊ Call Center သို့ဖြစ်စေ အသေးစိတ် ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

 .

Samsung Electronics Co., Ltd. အကြောင်း

Samsung Electronics Co., Ltd. သည် ဆန်းသစ်သော နည်းပညာများဖြင့် အနာဂတ်ကို ဖော်ဆောင်ပုံသွင်းနိုင်ရန်အတွက် ကမ္ဘာတစ်ဝှမ်း၌ တီဗွီများ၊ စမတ်ဖုန်းများ၊ Tablet များ၊ Wearable ထုတ်ကုန်များ၊ Digital အသုံးအဆောင်ပစ္စည်းများ၊ ကွန်ယက်ဆက်သွယ်ရေးစနစ်များ နှင့် ဖုန်းတွင်းမှတ်ဉာဏ်၊ LSI စနစ်၊ Foundry နှင့် LED Solutions များကို ဖန်တီးထုတ်လုပ်လျက်ရှိပါသည်။ ထို့အပြင် အခြားမိတ်ဖက်လုပ်ငန်းများဖြင့် ပူးပေါင်း၍ အသုံးပြုသူများ SmartThings ဂေဟစနစ်မှတစ်ဆင့် အဆင်ပြေချောမွေ့သော ချိတ်ဆက်မှုများ ရရှိခံစားနိုင်စေရန်အတွက်လည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ Samsung ၏ နောက်ဆုံးရသတင်းများကို ဖတ်ရှုလိုပါက Samsung Newsroom http://news.samsung.com သို့မဟုတ် https://samsung.com/mm တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။

.

.

.

.

Read times Last modified on Tuesday, 27 February 2024 12:27
Rate this item
(0 votes)