What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 11 January 2018 15:00

လက်သည်းကိုက်တတ်သူများ ရှောင်ကျဉ်ရန်

လက်သည်းကိုက်တတ်သူများ ရှောင်ကျဉ်ရန် google.com

မိန်းခလေးအများစုသည် လက်သည်းကိုက်တတ်ကြပါတယ်။ လက်သည်းကိုက်တာကို ချစ်စရာပုံစံတခုအဖြစ် တောင် တချို့ခံယူထားသူများလည်းရှိပါတယ်။

နယူးယောက်မြို့ ဝဲလ်ကော်နဲဆေးတက္ကသိုလ်မှ လက်သည်းခွံနှင့်အရေပြားဆိုင်ရာ ပါရဂူဒေါက်တာ ရစ်ချတ် ဆက်ချာ၏ အဆိုအရ လက်သည်းခွံကိုက်ခြင်းသည် ခန္ဓာကိုယ်ထဲရောဂါပိုးသွင်းနေခြင်းဖြစ်ပြီး အလွန်အန္တ ရာယ်များကြောင်း သိရသည်။

လက်သည်းခွံအောက်တွင် ပိုးမျိုးစုံခိုအောင်းနေပါတယ်။ ဝမ်းပျက်ဝမ်းလျှောခြင်းနှင့် အစာအိမ်နာရောဂါဖြစ်စေ နိုင်တဲ့ အီကိုလီနှင့် ဆယ်မွန်နယ်လာစသည့် ပိုးများအဓိကခိုအောင်းနေကြောင်း ဒေါက်တာဆက်ချာက ပြော သည်။ လက်သည်းခွံအမိုးခုံးအောက်နေရာသည် နွေးထွေးပြီးချောင်ကျသဖြင့် ပိုးများခိုအောင်းရန် အကောင်း ဆုံးနေရာတစ်ခုဖြစ်နေသည်။ လက်သည်းကိုက်ခြင်းကြောင့် ပိုးများပါးစပ်မှတဆင့် အစာအိမ်ထဲသို့ရောက်ရှိ ပြီးဝမ်းပျက်၊ ဝမ်းလျှောနှင့် အစာအိမ်နာရောဂါဖြစ်ပွားခြင်းဖြစ်ပါတယ်။

လက်ထိပ်လေးများကွဲရှသည့် အခါတွင်လည်းလက်သည်းခွံအောက်ကပိုးများသည် ကွဲရှသည့် နေရာမှတစ်ဆင့် ခန္ဓကိုယ်ထဲဝင်ရောက်နိုင်ပါတယ်။

ထို့အပြင် HPV (Human papillomavirus) ဗိုင်းရပ်စ်တစ်မျိုးသည်လည်း လက်သည်းကိုက်ရာမှ ပါးစပ်ထဲရောက် ကာ သွားနှင့်သွားဖုံးကို ထိခိုက်ပျက်စီးအောင် လုပ်နိုင်ကြောင်းလည်းသိရသည်။

လက်သည်းမကြာမကြာကိုက်တဲ့ လူမျိုးတွေဟာ သွားမကောင်းတာမျိုးပိုဖြစ်တတ်ပါတယ်။ သွားဖုံးပျက်စီးတာ မျိုးလည်း ဖြစ်တတ်ပြီး လက်သည်းခွံကို ကိုက်ပါများတဲ့ ရှေ့သွားတွေဟာ ပုံပျက်ပြီးကျဲသွားတတ်တာမျိုး လည်း ဖြစ်လေ့ရှိတယ်လို့ ဒေါက်တာဆက်ချာက ပြောပါတယ်။

လက်သည်းကိုက်သည့် အကျင့်စွဲနေသူများ အလွယ်တကူဖျောက်နိုင်ရန်ခက်ခဲသော်လည်း ကြိုးစားဖျောက်ပစ် ခြင်းဖြင့် သွားခံတွင်းနှင့် အစာအိမ်ဆိုင်ရာ ကျန်းမာရေးပြဿနာများ ကာကွယ်နိုင်ပါတယ်။

Source: မြို့တော်သတင်း

Read times
Rate this item
(0 votes)