ပင်စိမ်းကိုလူတွေတင်စားတာက အစွမ်းထက်တဲ့ ဘုရင်မပါတဲ့ ။ကျန်းမာရေးအတွက်ပါမက အလှအပတွက်ပါ
ကောင်းကျိုးပေးတဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။
ဖြူစင်စေခြင်း ၊အနာကျက်စေခြင်း ၊ ၀က်ခြံပျောက်စေခြင်း စတဲ့ 
ဓါတ်ပေါင်းမျိုးစုံကို ပိုင်ဆိုင်ထားပါတယ်။
ဝက်ခြံ
ပင်စိမ်းကို တမာ၊ သံပုရာရည်တို့နဲ့ ရေပြီး မျက်နှာပြင်တွင် ၁၀မိနစ်ခန့်လိမ်းထားပေးပါ။ တစ်ပါတ် ၃ကြိမ်ခန့်
လိမ်းပေးနိုင်ပါတယ်။ အသားအရည် ထိခိုက်လွယ်တယ်ဆိုရင်တော့ သံပုရာရည်အစား ရှားစောင်းလတ်ပါတ်ကို
အစားထိုး သုံးပေးလို့ ရပါတယ်။
ဝက်ခြံအမြုံ
ပင်စိမ်းရွက်ကို ရေစိုစေပြီး နှားခေါင်းတွင် ၅မိနစ်ခန့် ကပ်ထားပေးပါ။ပြီးနောက် ရေနွေးနဲ့ ဆေးပေးခြင်းဖြင့် အမဲစက်တွေကို
ကင်းစင်စေပါတယ်။
နားကိုက်ခြင်း
နားကိုက်ပါက ပင်စိမ်းရွက် အရည် ၁ စက်လောက် နားကို လိမ်း၍ နှိပ်နယ်ပေးပါ။ပြီးနောက် ပင်စိမ်းရည်၂စက်လောက်ကို
နားကြပ်ဂွမ်းတံတွင် ထည့်၍ ကျပ်ပေးနိုင်ပါတယ်။
သွားဖုံး
ပင်စိမ်းရွက်အမှုန့်ကိုနေ့စဉ်သွားတိုက်ပေးခြင်းဖြင့် သွားဖုံးနားခြင်း ၊ ကိုက်ခြင်း၊ ရောင်ခြင်းတို့ကို သက်သာစေပါတယ်။
အသားနီမြန်းခြင်း
ရောင်ယမ်းခြင်း၊ နီမြန်းခြင်းကို ကာကွယ်ပေးတဲ့ ဓါတ်ပါဝင်လို့ ပင်စိမ်းရွက်ကို ရေပွက်ပွက်ဆူနေအောင်ကြိုပါ။အအေးပြန်ခံပြီး နီတဲ့ 
နေရာတစ်လျှောက် မိနစ် ၂၀ ခန့်လိမ်းထားပေးနိုင်ပါတယ်။
အစာမကြေခြင်း
အစာအိမ်အချဉ်ပေါက်ခြင်း နှင့် အစာမကြေခြင်းကို ပျောက်ကင်းစေပါတယ်။လက်ဖက်ရည် ၂ဇွန်းစာ ပမာဏ ပင်စိမ်းရွက်အမှုန့် သို့အရွက်ကို ရေနွေးနဲ့ပြုတ်ပါ။၂၀ မိနစ်လောက်ထားပြီး မနက်တိုင်းသောက်ပေးပါက အစာမကြေခြင်းနှင့် အချဉ်ပေါက်ခြင်းကိုသက်သာစေပါတယ်။
source:mingalarbarmorning
MyanmarMMRD မှ Health Products Directory စာအုပ်အပြင် တခြားစာအုပ်လေးတွေလည်း ထွက်ရှိနေပါပြီနော်။