What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 19 April 2018 11:51

သစ်ကြားသီး၏ ကျန်းမာရေးကောင်းကျိုးများ

သစ်ကြားသီး၏ ကျန်းမာရေးကောင်းကျိုးများ google.com

သစ်ကြားသီးကို အဆီတတ်မည်ဆိုးသဖြင့် အချို့က ရှောင်တတ်ကြပါတယ်။ သစ်ကြားသီးတွင်ပါဝင်သည့် အဆီက ကောင်းမွန်သည့်အဆီဖြစ်ပါတယ်။

တော်သင့်ရုံပမာဏလောက်စားပေးပါက ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်သည့်အပြင် အောက်ပါအကျိုးကျေးဇူး (၈) မျိုးကို ရရှိစေနိုင်မှာပါ။

(၁) နှလုံးရောဂါမဖြစ်စေရန် ကာကွယ်ပေးနိုင်ခြင်း

သစ်ကြားသီးတွင် ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်နှင့် အင်တီအောက်ဆီးဒင့်များစွာပါဝင်ပါ တယ်။သစ်ကြားသီးတွင် အိုမီဂါ(၃) ဖက်တီးအက်စစ်လည်း ပါဝင်နေခြင်းကြောင့် သွေးတွင်းမကောင်းသည့် ကိုလက်စထရောနှင့် ထရိုင်ဂလစ်စရိုက်အဆင့်ကို လျှော့ချစေနိုင်ပါတယ်။

(၂) စိတ်ကျရောဂါကို သက်သာစေခြင်း

သစ်ကြားသီးနဲ့ သစ်ကြားသီင်္းအဆီတွင် အိုမီဂါ(၃) ဖက်တီးအက်စစ်များသောကြောင့်ဦးနှောက်၏ လုပ်ငန်းဆောင်တာများကို ကောင်းစွာလုပ်ဆောင်နိုင်စေပြီး စိတ်ကျရောဂါကို သက်သာစေနိုင်ပါတယ်။ စိတ်ကျဝေဒနာရှင်တော်တော်များများသည် အိုမီဂါ(၃) ဖက်တီးအက်စစ်လျော့နည်းနေသောကြောင့်ဖြစ်ပြီး ကလေးများတွင် အာရုံစူးစိုက်မှု ချို့တဲ့သည့်ရောဂါဖြင့် ဆက်စပ်မှုရှိကြောင်း လေ့လာမှုများစွာကပြောထားပါတယ်။

(၃) ကိုယ်အလေးချိန်ကိုလျှော့ကျစေခြင်း

သစ်ကြားသီး၏ ကောင်းမွန်သည့်အကျိုးတစ်ခုက ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ခြင်းဖြစ်သည်။ လိုမာလင်ဒါတက္ကသိုလ်၏ လေ့လာမှုများအရထမင်းမစားမီ သစ်ကြားသီးအနည်းငယ်စားခြင်းက အစာစားချင်စိတ်ကို လျော့ကျစေပြီး အစာကို အနည်းငယ်သာစားစေမှာပါ။

(၄) ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးပါခြင်း

သစ်ကြားသီးတွင် အာဟာရတန်ဖိုးများစွာ ပါဝင်သောကြောင့် တစ်နေ့တာအတွက် လိုအပ်သည့် အာဟာရဓာတ်များစွာရရှိနိုင်မှာပါ။ သစ်ကြားသီးတွင် ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်၊(အီး)၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်၊ ပိုတတ်စီယမ်ပါဝင်နေခြင်းကြောင့် ဦးနှောက်၏ လုပ်ငန်းဆောင်တာများကို ကောင်းမွန်စေရုံသာ မက ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုအတွက်လည်း အရေးပါပါတယ်။

(၅) ဆီးကျိတ်ကင်ဆာကို ကာကွယ်ပေးနိုင်ခြင်း

သစ်ကြားသီးတွင် အင်တီအောက်ဆီဒင့်များစွာ ပါဝင်ခြင်းကြောင့်ဆီးကျိတ်ကင်ဆာကို ကာကွယ်နိုင်စွမ်းရှိ ကြောင်းဗြိတိန်အာဟာရဂျာနယ်၌ လတ်တလောတွေ့ရှိချက်တစ်ရပ်ကို ရေးသားဖော်ပြထားပါတယ်။

(၆) သည်းခြေကျောက်တည်မှု မဖြစ်စေရန်ကာ ကွယ်ခြင်း

အမျိုးသမီးရှစ်သောာင်းကျော်ကို နှစ် ၂၀ ကြာလေ့လာမှုအရတစ်ပတ်တွင် သစ်ကြားသီးကဲ့သို့ အခွံမာသည့် အစေ့အဆန်တစ်အောင်စ စားသည့်အမျိုးသမီးများက မစားသူများထက် သည်းခြေကျောက်တည်နိုင်ခြေ ၂၅ ရာခိုင်နှုန်းလျော့နည်းကြောင်း သိရတယ်။ တစ်အောင်စကို ပျမ်းမျှအားဖြင့် သစ်ကြားသီး အစေ့ ၂၈ စေ့ခန့်ဖြင့် ညီမျှသည်၊။ နေ့လည်စာစားပြီးချိန်တွင် သစ်ကြားသီးလက်တဆုပ်စာစားပေးခြင်းဖြင့် သည်းခြေကျောက်တည် ခြင်းအပါအဝင် သည်းခြေအိတ်ဆိုင်ရာ ရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။

(၇) ကောင်းကောင်းအိပ်မောကျစေခြင်း

ညစာစားရာတွင် ဟင်းရွက်သုပ်ထဲ သစ်ကြားသီးထည့်စားပေးပါ၊ ကောင်းကောင်းအိပ်မောကျစေပြီး သစ်ကြားသီးတွင်ပါသည့် မယ်လတိုနင်သည် ညဆိုင်းအလုပ်လုပ်ရသူ၊ လေယာဉ်အကြာကြီးစီးရသူ များတွင် အိပ်ရေးဝဝအိပ်ပျော်စေမှာပါ။

(၈)ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှုကို တွန်းလှန်နိုင်ခြင်း

သစ်ကြားသီးကိုစားပေးပါက ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှုဖြစ်သည့်ရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။ ဥပမာ- ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို လျှော့ကျစေပြီး နှလုံးသွေးကြောဆိုင်ရာရောဂါနှင့် ပါကင်ဆန်ရောဂါ၊ အယ်လ်ဇိုင်းမားရောဂါတို့ကဲ့သို့ ရောဂါများကို သက်သာစေနိုင်ပါတယ်

(၉) အရိုးကျန်းမာရေးအတွက် ကောင်းမွန်ခြင်း

သစ်ကြားသီးတွင်ပါသည့် Alpha Linolenic Acid သည် အရိုးဖြစ်ပျက်မှုကို အလွန်အမင်းမဖြစ်စေရန်ကာကွယ်ပေးနိုင်ပါတယ်။ သစ်ကြားသီးတွင် အိုမီဂါ(၃) အဆီပါဝင်မှုကြောင့်အရိုးထုထည်ဆုံးရှုံးမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

Souce: YCDC

Read :ဝက်သားအကြောင်းတစ်စေ့တစောင်း

ဝက်သားအကြောင်းတစ်စေ့တစောင်း

Read times Last modified on Thursday, 19 April 2018 14:23
Rate this item
(0 votes)