What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 10 May 2018 11:45

လည်ချောင်းနာခြင်းကို သက်သာအောင်လုပ်ပေးမည့် အိမ်တွင်းကုထုံးများ

လည်ချောင်းနာခြင်းကို သက်သာအောင်လုပ်ပေးမည့် အိမ်တွင်းကုထုံးများ google.com

လည်ချောင်းနာခြင်းသည် အအေးမိခြင်း၏ ပထမဆုံး လက္ခဏာတစ်ခုဖြစ်ပါတယ်။ လည်ချောင်းနာခြင်းဖြစ်ရင် နေရထိုင်ရအလွန်ခက်လှပါတယ်။ လည်ချောင်းနာခြင်းဖြစ်ပါက အိမ်တွင်းကုထုံးလေးတွေနဲ့လည်း သက်သာအောင် ကုသပေးနိုင်ပါတယ်။

ဆားကို ရေနွေးဖြင့် တစ်နေ့ကို အကြိမ်ပေါင်းများစွာ ပလုတ်ကျင်းပေးခြင်းကလည်း လည်ပင်းရောင်းရမ်းမှုကို လျှော့ချပေးနိုင်ပြီး ကြွက်သားများကို ပြေလျှော့စေကာ ဗက်တီးရီးယားများကို ပျောက်ကင်းစေပါတယ်။

ချောင်းဆိုးပျောက်ဆေး အရည်များသောက်ပေးခြင်း၊ ငုံဆေးများငုံပေးခြင်းဖြင့် တံတွေးထုတ်လုပ်မှုအားကောင်းစေပြီး လည်ပင်းစိုစွတ်နေစေရန် ကူညီပေးပါတယ်။ ပရုတ်ဆီ (သို့) ယူကလစ်အဆီမျိုးပါဝင်သော ငုံဆေးများက လည်း သက်သာအောင်လုပ်ပေးနိုင်ပါတယ်။

လည်ချောင်းနာနေစဉ်ချောင်းဆိုးရင် အလွန်ခံရခက်ပါတယ်။ ဒါကြောင့်ချောင်းမဆိုးသေးခင် ချောင်းဆိုးပျောက်ဆေးအရည် ကိုကြိုတင်ဝယ်သောက်ထားလိုက်မယ်ဆိုရင် ဝေဒနာကို မခံစားရတော့ဘူးပေါ့။ပြီးတော့ ချောင်းဆိုးပျောက်ဆေး(အာခေါင်းဖျန်းဆေး) တွေကလည်း လည်ချောင်းနာခြင်းကို ယာယီသက်သာစေနိုင်ပါတယ်။

နေမကောင်းဖြစ်ရင် အထူးသဖြင့် ရေဓာတ်ပြည့်နေဖို့လိုအပ်လှပါတယ်။ အလွန်အရေးကြီးပါတယ်။ ဆီးသွားလျှင် အဝါဖျော့ရောင် (သို့) အရောင်ကြည်လင်နေသည်အထိဖြစ်အောင် လုံလောက်သော အရည်များ သောက်ပေးဖို့လိုအပ်ပါတယ်။

ရေနွေးကြမ်းသောက်ခြင်းဖြင့်လည်း လည်ချောင်းနာခြင်းကို သက်သာစေနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင့်ပစ္စည်းများ ကြောင့် ကိုယ်ခံအားကို အားကောင်းစေပြီး ရောဂါကူးစက်မှုကို ကာကွယ်ပေးနိုင်ပါတယ်။

Source: YCDC

Read: မြင်းခွာရွက်၏ ဆေးဖက်ဝင်ပုံ (၈) ချက်

မြင်းခွာရွက်၏ ဆေးဖက်ဝင်ပုံ (၈) ချက်

Read times Last modified on Friday, 11 May 2018 11:35
Rate this item
(0 votes)