ထိုင်းနိုင်ငံတွင် ဝူဟန်ဗိုင်းရပ်စ် ကူးစက်လူနာ ၁၉ ဦး အတည်ပြုခဲ့ပြီဖြစ်ရာ တရုတ်ပြည် ပြင်ပတွင် လူနာ ၂၀ ဦး အတည်ပြုထားသည့် ဂျပန်နိုင်ငံပြီးလျှင် ထိုင်းနိုင်ငံသည် အတည်ပြု ဝူဟန်ဗိုင်းရပ်စ်လူနာ ၁၉ ဦးဖြင့် ဦးရေက ဒုတိယ အများဆုံး ဖြစ်ပါတယ်။
2019 nCoV ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ပြင်းထန်အဆုတ်ရောဂါ စတင်ဖြစ်ပွားသည့် ဝူဟန်မြို့တွင်ရောက်ရှိနေသော မြန်မာကျောင်းသူကျောင်းသားများ မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိပါက ခေတ္တနေထိုင်ရန်နေရာ အဖြစ်ရွေးချယ်ထားတဲ့ ကန်တော်နဒီဆေးရုံ ပြုပြင်သန့်ရှင်းရေးလုပ်ငန်းများကို မနက်ပိုင်းကတစ်ကြိမ်နဲ့ ညနေပိုင်းမှာတစ်ကြိမ် စစ်ဆေးကြည့်ရှုပြီး လိုအပ်သည်များကို စစ်ဆေးဆွေးနွေးခဲ့ပါတယ်။
တရုတ်နိုင်ငံ ကွမ်ကျိုးမြို့ကနေ ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို ဆိုက်ကပ်လာတဲ့ ခရီးသည်တင်လေယာဉ်တစီးပေါ်မှာ ဝူဟန်မြို့ကလာတဲ့ တရုတ်ခရီးသည်တဦး ကိုရိုနာဗိုင်းရပ်စ် ရောဂါသံသယရှိတာကြောင့် စစ်ဆေးနေပါတယ်။
မြန်မာနိုင်ငံမှာ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအဖြစ် အနည်းဆုံး ၃ ဦးကို တွေ့ရှိထားကြောင်း သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။