What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 04 February 2020 08:30

ထိုင်းဆရာဝန်များ ဝူဟံဗိုင်းရပ်စ် လူနာ ကုသမှု အောင်မြင်

ထိုင်းနိုင်ငံတွင် ဝူဟန်ဗိုင်းရပ်စ် ကူးစက်လူနာ ၁၉ ဦး အတည်ပြုခဲ့ပြီဖြစ်ရာ တရုတ်ပြည် ပြင်ပတွင် လူနာ ၂၀ ဦး အတည်ပြုထားသည့် ဂျပန်နိုင်ငံပြီးလျှင် ထိုင်းနိုင်ငံသည် အတည်ပြု ဝူဟန်ဗိုင်းရပ်စ်လူနာ ၁၉ ဦးဖြင့် ဦးရေက ဒုတိယ အများဆုံး ဖြစ်ပါတယ်။ 

 

Coronavirus ရောဂါ ကူးစက်ခံထားရသော တရုတ်အမျိုးသမီးတစ်ဦး သည် တုပ်ကွေးနှင့် အိပ်ချ်အိုင်ဗွီပိုးကို ကုသရာတွင်အသုံးပြုသော ဗိုင်းရပ်စ်နှိမ်နင်းသည့် စပ်ဆေးဖြင့် ကုသမှုခံယူပြီးနောက် သိသိသာသာတိုးတက်မှုရှိကြောင်း ပြသခဲ့သည်ဟု ထိုင်းနိုင်ငံကျန်းမာရေးဝန်ကြီးဌာန နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါတယ်။

 

အသက် ၇၁ နှစ်ရှိ အဆိုပါ တရုတ်အမျိုးသမီးကို ဆေးများပေါင်းစပ် တိုက်ပေးပြီး ကုသခဲ့ရာ ၄၈ နာရီ ကြာမြင့်ပြီးချိန်တွင် ရောဂါ မရှိတော့သည့် ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

 

ဒေါက်တာ Kriengsak Attipornwanich က “ဓာတ်ခွဲခန်း ဆေးစစ်ချက်အရ ကိုရိုနာဗိုင်းရပ်စ် ရှိကြောင်း ပြသခဲ့ရာမှ ၄၈ နာရီ ကြာပြီးချိန်မှ ရောဂါပိုး မရှိတော့ကြောင်း ရလဒ် ပြသခဲ့ပါတယ်။ အရင်က သူ မောပန်းနွမ်းနယ်နေခဲ့ရာမှ အခုတော့ ထထိုင်နိုင်ပြီ” ဟု ပြောပြခဲ့ပါတယ်။

 


တုပ်ကွေးရောဂါပိုး ဆန့်ကျင်သည့် lopinavir နှင့် ritonavir ပါဝင်သည့် oseltamivir ကို ဆေးတိုက်ခဲ့သည့်အပြင် HIV ကုသရန် သုံးသည့် ပဋိဗိုင်းရပ်စ် antivirals ဆေးများကိုလည်း တစ်ချိန်တည်းမှာ ဆေးတိုက်ခဲ့သည်ဟု သူက ပြောပြခဲ့ပါတယ်။

Written By Health Products Directory

Ref: SCMP

 

(Zawgyi)

----------

ထိုင္းဆရာ၀န္မ်ား ဝူဟံဗိုင္းရပ္စ္ လူနာ ကုသမႈ ေအာင္ျမင္

 

ထိုင္းႏိုင္ငံတြင္ ဝူဟန္ဗိုင္းရပ္စ္ ကူးစက္လူနာ ၁၉ ဦး အတည္ျပဳခဲ့ၿပီျဖစ္ရာ တ႐ုတ္ျပည္ ျပင္ပတြင္ လူနာ ၂၀ ဦး အတည္ျပဳထားသည့္ ဂ်ပန္ႏိုင္ငံၿပီးလွ်င္ ထိုင္းႏိုင္ငံသည္ အတည္ျပဳ ဝူဟန္ဗိုင္းရပ္စ္လူနာ ၁၉ ဦးျဖင့္ ဦးေရက ဒုတိယ အမ်ားဆုံး ျဖစ္ပါတယ္။

 

Coronavirus ေရာဂါ ကူးစက္ခံထားရေသာ တ႐ုတ္အမ်ိဳးသမီးတစ္ဦး သည္ တုပ္ေကြးႏွင့္ အိပ္ခ်္အိုင္ဗြီပိုးကို ကုသရာတြင္အသုံးျပဳေသာ ဗိုင္းရပ္စ္ႏွိမ္နင္းသည့္ စပ္ေဆးျဖင့္ ကုသမႈခံယူၿပီးေနာက္ သိသိသာသာတိုးတက္မႈရွိေၾကာင္း ျပသခဲ့သည္ဟု ထိုင္းႏိုင္ငံက်န္းမာေရးဝန္ႀကီးဌာန ေန႔စဥ္သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့ပါတယ္။

 

အသက္ ၇၁ ႏွစ္ရွိ အဆိုပါ တ႐ုတ္အမ်ိဳးသမီးကို ေဆးမ်ားေပါင္းစပ္ တိုက္ေပးၿပီး ကုသခဲ့ရာ ၄၈ နာရီ ၾကာျမင့္ၿပီးခ်ိန္တြင္ ေရာဂါ မရွိေတာ့သည့္ ရလဒ္ ထြက္ေပၚခဲ့ပါတယ္။ ေဒါက္တာ Kriengsak Attipornwanich က “ဓာတ္ခြဲခန္း ေဆးစစ္ခ်က္အရ ကို႐ိုနာဗိုင္းရပ္စ္ ရွိေၾကာင္း ျပသခဲ့ရာမွ ၄၈ နာရီ ၾကာၿပီးခ်ိန္မွ ေရာဂါပိုး မရွိေတာ့ေၾကာင္း ရလဒ္ ျပသခဲ့ပါတယ္။ အရင္က သူ ေမာပန္းႏြမ္းနယ္ေနခဲ့ရာမွ အခုေတာ့ ထထိုင္ႏိုင္ၿပီ” ဟု ေျပာျပခဲ့ပါတယ္။

 

တုပ္ေကြးေရာဂါပိုး ဆန႔္က်င္သည့္ lopinavir ႏွင့္ ritonavir ပါဝင္သည့္ oseltamivir ကို ေဆးတိုက္ခဲ့သည့္အျပင္ HIV ကုသရန္ သုံးသည့္ ပဋိဗိုင္းရပ္စ္ antivirals ေဆးမ်ားကိုလည္း တစ္ခ်ိန္တည္းမွာ ေဆးတိုက္ခဲ့သည္ဟု သူက ေျပာျပခဲ့ပါတယ္။

Written By Health Products Directory

Ref: SCMP

Read times Last modified on Tuesday, 04 February 2020 10:35
Rate this item
(0 votes)