What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 31 January 2020 09:59

ဝူဟန်မြို့ကပြန်လာမည့် မြန်မာကျောင်းသားကျောင်းသူများ ၁၄ ရက်ကြာ စောင့်ကြည့်စစ်ဆေးမည့် နေရာအား စစ်ဆေး

2019 nCoV ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ပြင်းထန်အဆုတ်ရောဂါ စတင်ဖြစ်ပွားသည့် ဝူဟန်မြို့တွင်ရောက်ရှိနေသော မြန်မာကျောင်းသူကျောင်းသားများ မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိပါက ခေတ္တနေထိုင်ရန်နေရာ အဖြစ်ရွေးချယ်ထားတဲ့ ကန်တော်နဒီဆေးရုံ ပြုပြင်သန့်ရှင်းရေးလုပ်ငန်းများကို မနက်ပိုင်းကတစ်ကြိမ်နဲ့ ညနေပိုင်းမှာတစ်ကြိမ် စစ်ဆေးကြည့်ရှုပြီး လိုအပ်သည်များကို စစ်ဆေးဆွေးနွေးခဲ့ပါတယ်။

No photo description available.

ကန်တော်နဒီဆေးရုံက SARS ရောဂါဖြစ်တုန်းကလည်း ဆရာဝန်တွေနှစ်နဲ့ချီပြီး တာဝန်ယူခဲ့ရတဲ့ဆေးရုံပါ။ ကန်တော်နဒီဆေးရုံက ၁၉၉၂ ခုနှစ်က JV7 ကတည်ဆောက်ခဲ့တာပါ။ တည်ဆောက်စဉ်က ကျွန်တော့်မိခင် ပါမောက္ခဒေါက်တာဒေါ်ညွန့်ညွန့်က ဒါရိုက်တာတစ်ယောက်အနေနဲ့ ပါဝင်ခဲ့ပြီး bathroom attached သန့်စင်ခန်းတွဲလျက် ၄၄ခန်းရှိပါတယ်။

Image may contain: 1 person, standing

အသုံးမပြုတာကြာလို့ အရေးပေါ်ပြင်ဆင်တာ သန့်ရှင်းရေးလုပ်တာတွေကို တနလ်ာနေ့ ညနေကထဲကစလုပ်ခဲ့တာဖြစ်လို့ အဆင်သင့်ဖြစ်နေပါပြီ။ ဝူဟန်မြို့တွင်ရောက်ရှိနေသော မြန်မာများ မိခင်နိုင်ငံသို့ အထူးလေကြောင်းခရီးဖြင့် ပြန်လာမှာပါ။ ပြန်လည်ရောက်ရှိလာမည့် မြန်မာ(၆၃)ဦးကို ပြင်းထန်အဆုတ်ရောင်ရောဂါ ကူးစက်ခံရခြင်းရှိမရှိ ၁၄ရက်တိုင် စောင့်ကြပ်စစ်ဆေးပေးမှာဖြစ်ပါတယ်။

Image may contain: one or more people, tree and outdoor

စောင့်ကြပ်စစ်ဆေးရန် ကြာမြင့်ချိန် (၂)ပတ်ခန့်အတွင်း ပြန်ရောက်သူများအနေနဲ့ ပြင်ပပုဂ္ဂိုလ် များနှင့် ထိတွေ့ဆက်ဆံမှု လုံးဝခွင့်ပြုမှာမဟုတ်ပါဘူး။ မတွေ့နိုင်ဖို့ လုံခြုံရေးတပ်ဖွဲ့ပါ တာဝန်ပေးထားသလို လိုအပ်တဲ့နေရာတွေမှာလည်း သံပန်းတွေတပ်ဆင်ပြီးပါပြီ။ ကန်တော်နဒီဆေးရုံ အတွင်းပိုင်း သန့်ရှင်းခြင်း၊ ကုတင်နှင့်ပရိဘောဂများ ဆေးကြောသန့်စင်ခြင်း၊ ဆေးရုံ ဝင်းအတွင်း ပေါင်းမြက်များရှင်းလင်းခြင်း၊ ရေရရှိရေး၊ မိလ္လာစွန့်ပစ်မှုအဆင်ပြေရေးများစီစဉ်ခြင်းကို မြို့ တော်စည်ပင်သာယာရေးကော်မတီက ဆောင်ရွက်ပေးပါသည်။

Image may contain: house, tree, sky, grass, plant, outdoor and nature

လျှပ်စစ်မီးများအဆင်ပြေစေရန် မြန်မာ့လျှပ်စစ် က လည်းကောင်း၊ ရေချိုးခန်းအိမ်သာများပြုပြင်ရန်လိုအပ်က ပြုပြင်ပေးခြင်းကို မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ကလည်းကောင်း ပူးပေါင်းဆောင်ရွက်ကြပါတယ်။ စောင့်ကြည့်ကာလအတွင်း ပြည်တော်ပြန်ကျောင်းသားကျောင်းသူများအတွက် အခြေခံ လိုအပ်ချက်ဖြစ်တဲ့ ကုတင်၊မွေ့ယာ၊ စောင် ခြင်ထောင်၊ သွားတိုက်တံ၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ အဝတ်လှမ်းစင်၊ ကအစ နေ့တဒူဝလိုအပ်ချက်များကိုဖြည့်ဆည်းပေးထားပါတယ်။

Image may contain: one or more people, people standing and outdoor

မနက်၊ နေ့လည်နဲ့ ညစာတွေကိုလည်း တစ်ခါသုံးဘူးများနဲ့ ကျွေမွေးသွားမှာပါ။ ပြင်ပနဲ့လည်းအဆက်အသွယ်မပြတ်ဖို့နဲ့ မိသားစုတွေနဲ့ ချိတ်ဆက်နိုင်ဖို့ မိုဘိုင်းSIM card တွေပေးထားမှာဖြစ်သလို Myanmar net ကုမ္ပဏီ(Frontiir Co.)က 32 megabite free wifi ကို အခမဲ့ တပ်ဆင်လှူဒါန်းပေးပါတယ်။ တစ်နေ့တစ်ကြိမ် အမှိုက်သိမ်းတာကို PPE ဝတ်စုံအပြည့်ဝတ်ထားတဲ့ သန့်ရှင်းရေးဝန်ထမ်းတွေက သိမ်ပြီး သီးသန့်အမှိုက်ကားနဲ့ တိုက်ရိုက်သယ်သွားပြီး မီးရှို့ဖျက်ဆီးမှာပါ။

Image may contain: one or more people and people standing

ဆရာဝန်နဲ့ဆရာမ အဖွဲ့က ပြန်လာသူများ အဖျားရှိမရှိ၊ ချောင်းဆိုးနှာစေးရှိမရှိ တစ်နေ့နှစ်ကြိမ် စမ်းသပ်စစ်ဆေးပြီး လိုအပ်ပါက ပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်းကုသသွားမှာပါ။ ကျန်းမာရေးအဖွဲ့ကတစ်နေ့ ၂၄နာရီ ၁၄ရက်တိတိ တာဝန်ယူသွားမှာပါ။ အရေးကြီးဆုံးပြောချင်တာက အခုပြန်လာမယ့်ကျောင်းသားတွေက ရောဂါသည်တွေလုံးဝ မဟုတ်ဘူးဆိုတာကိုပါ။

Image may contain: one or more people and people standing

ဝူဟန်မှာနေစဉ်ကထဲက ကျောင်းကအဆောင်တွေမှာနေပြီးပြင်ပနဲ့ အထိအတွေ့လုံးဝမရှိသူတွေဖြစ်တာရယ် လွန်ခဲ့တဲ့ ၁၄ရက်အတွင်းဖျားနာခဲ့တာမရှိတာကြောင့် မြန်မာပြည်ကို ရောဂါတွေပြန်သယ်လာမဲ့သူတွေ မဟုတ်ဘူးဆိုတာ ကျွန်တော် ဆရာဝန်တစ်ယောက်အနေနဲ့ အပြည့်အဝယုံကြည်ပေမဲ့ စောင့်ကြည့်ကာလအတွင်း ဖျားနာလာရင် ပြည်သူ့ဆေးရုံကြီးရဲ့ သတ်မှတ်အခန်းကိုရွှေ့ပြီး nCoV ရောဂါဟုတ်မဟုတ် ဆက်လက်စစ်ဆေးသွားမှာပါ။

Image may contain: text

အစစအရာရာ WHO guidelines အတိုင်းစီမံဆောင်ရွက်နေတာဖြစ်လို့ မြို့သူမြို့သားများအနေနဲ့ စိုးရိမ်မှုမလွန်ကဲဖို့ အထူးပြောကြားလိုပါတယ်။

Ye Win (Mandalay City Development Committee)

 

(Zawgyi)

----------- 

ဝူဟန္ၿမိဳ႕ကျပန္လာမည့္ ျမန္မာေက်ာင္းသားေက်ာင္းသူမ်ား ၁၄ ရက္ၾကာ ေစာင့္ၾကည့္စစ္ေဆးမည့္ ေနရာအား စစ္ေဆး

 

2019 nCoV ကို႐ိုနာဗိုင္းရပ္စ္ပိုးေၾကာင့္ ျပင္းထန္အဆုတ္ေရာဂါ စတင္ျဖစ္ပြားသည့္ ဝူဟန္ၿမိဳ႕တြင္ေရာက္ရွိေနေသာ ျမန္မာေက်ာင္းသူေက်ာင္းသားမ်ား ျမန္မာႏိုင္ငံကိုျပန္လည္ေရာက္ရွိပါက ေခတၱေနထိုင္ရန္ေနရာ အျဖစ္ေ႐ြးခ်ယ္ထားတဲ့ ကန္ေတာ္နဒီေဆး႐ုံ ျပဳျပင္သန႔္ရွင္းေရးလုပ္ငန္းမ်ားကို မနက္ပိုင္းကတစ္ႀကိမ္နဲ႔ ညေနပိုင္းမွာတစ္ႀကိမ္ စစ္ေဆးၾကည့္ရႈၿပီး လိုအပ္သည္မ်ားကို စစ္ေဆးေဆြးေႏြးခဲ့ပါတယ္။

No photo description available.

ကန္ေတာ္နဒီေဆး႐ုံက SARS ေရာဂါျဖစ္တုန္းကလည္း ဆရာဝန္ေတြႏွစ္နဲ႔ခ်ီၿပီး တာဝန္ယူခဲ့ရတဲ့ေဆး႐ုံပါ။ ကန္ေတာ္နဒီေဆး႐ုံက ၁၉၉၂ ခုႏွစ္က JV7 ကတည္ေဆာက္ခဲ့တာပါ။ တည္ေဆာက္စဥ္က ကြၽန္ေတာ့္မိခင္ ပါေမာကၡေဒါက္တာေဒၚၫြန႔္ၫြန႔္က ဒါ႐ိုက္တာတစ္ေယာက္အေနနဲ႔ ပါဝင္ခဲ့ၿပီး bathroom attached သန႔္စင္ခန္းတြဲလ်က္ ၄၄ခန္းရွိပါတယ္။

Image may contain: 1 person, standing

အသုံးမျပဳတာၾကာလို႔ အေရးေပၚျပင္ဆင္တာ သန႔္ရွင္းေရးလုပ္တာေတြကို တနလ္ာေန႔ ညေနကထဲကစလုပ္ခဲ့တာျဖစ္လို႔ အဆင္သင့္ျဖစ္ေနပါၿပီ။ ဝူဟန္ၿမိဳ႕တြင္ေရာက္ရွိေနေသာ ျမန္မာမ်ား မိခင္ႏိုင္ငံသို႔ အထူးေလေၾကာင္းခရီးျဖင့္ ျပန္လာမွာပါ။ ျပန္လည္ေရာက္ရွိလာမည့္ ျမန္မာ(၆၃)ဦးကို ျပင္းထန္အဆုတ္ေရာင္ေရာဂါ ကူးစက္ခံရျခင္းရွိမရွိ ၁၄ရက္တိုင္ ေစာင့္ၾကပ္စစ္ေဆးေပးမွာျဖစ္ပါတယ္။

Image may contain: one or more people, tree and outdoor

ေစာင့္ၾကပ္စစ္ေဆးရန္ ၾကာျမင့္ခ်ိန္ (၂)ပတ္ခန႔္အတြင္း ျပန္ေရာက္သူမ်ားအေနနဲ႔ ျပင္ပပုဂၢိဳလ္ မ်ားႏွင့္ ထိေတြ႕ဆက္ဆံမႈ လုံးဝခြင့္ျပဳမွာမဟုတ္ပါဘူး။ မေတြ႕ႏိုင္ဖို႔ လုံၿခဳံေရးတပ္ဖြဲ႕ပါ တာဝန္ေပးထားသလို လိုအပ္တဲ့ေနရာေတြမွာလည္း သံပန္းေတြတပ္ဆင္ၿပီးပါၿပီ။ ကန္ေတာ္နဒီေဆး႐ုံ အတြင္းပိုင္း သန႔္ရွင္းျခင္း၊ ကုတင္ႏွင့္ပရိေဘာဂမ်ား ေဆးေၾကာသန႔္စင္ျခင္း၊ ေဆး႐ုံ ဝင္းအတြင္း ေပါင္းျမက္မ်ားရွင္းလင္းျခင္း၊ ေရရရွိေရး၊ မိလႅာစြန႔္ပစ္မႈအဆင္ေျပေရးမ်ားစီစဥ္ျခင္းကို ၿမိဳ႕ ေတာ္စည္ပင္သာယာေရးေကာ္မတီက ေဆာင္႐ြက္ေပးပါသည္။

Image may contain: house, tree, sky, grass, plant, outdoor and nature

လွ်ပ္စစ္မီးမ်ားအဆင္ေျပေစရန္ ျမန္မာ့လွ်ပ္စစ္ က လည္းေကာင္း၊ ေရခ်ိဳးခန္းအိမ္သာမ်ားျပဳျပင္ရန္လိုအပ္က ျပဳျပင္ေပးျခင္းကို မႏၲေလးတိုင္းေဒသႀကီး အစိုးရ အဖြဲ႕ကလည္းေကာင္း ပူးေပါင္းေဆာင္႐ြက္ၾကပါတယ္။ ေစာင့္ၾကည့္ကာလအတြင္း ျပည္ေတာ္ျပန္ေက်ာင္းသားေက်ာင္းသူမ်ားအတြက္ အေျခခံ လိုအပ္ခ်က္ျဖစ္တဲ့ ကုတင္၊ေမြ႕ယာ၊ ေစာင္ ျခင္ေထာင္၊ သြားတိုက္တံ၊ သြားတိုက္ေဆး၊ ဆပ္ျပာ၊ အဝတ္လွမ္းစင္၊ ကအစ ေန႔တဒူဝလိုအပ္ခ်က္မ်ားကိုျဖည့္ဆည္းေပးထားပါတယ္။

Image may contain: one or more people, people standing and outdoor

မနက္၊ ေန႔လည္နဲ႔ ညစာေတြကိုလည္း တစ္ခါသုံးဘူးမ်ားနဲ႔ ေကြၽေမြးသြားမွာပါ။ ျပင္ပနဲ႔လည္းအဆက္အသြယ္မျပတ္ဖို႔နဲ႔ မိသားစုေတြနဲ႔ ခ်ိတ္ဆက္ႏိုင္ဖို႔ မိုဘိုင္းSIM card ေတြေပးထားမွာျဖစ္သလို Myanmar net ကုမၸဏီ(Frontiir Co.)က 32 megabite free wifi ကို အခမဲ့ တပ္ဆင္လႉဒါန္းေပးပါတယ္။ တစ္ေန႔တစ္ႀကိမ္ အမႈိက္သိမ္းတာကို PPE ဝတ္စုံအျပည့္ဝတ္ထားတဲ့ သန႔္ရွင္းေရးဝန္ထမ္းေတြက သိမ္ၿပီး သီးသန႔္အမႈိက္ကားနဲ႔ တိုက္႐ိုက္သယ္သြားၿပီး မီးရႈိ႕ဖ်က္ဆီးမွာပါ။

Image may contain: one or more people and people standing

ဆရာဝန္နဲ႔ဆရာမ အဖြဲ႕က ျပန္လာသူမ်ား အဖ်ားရွိမရွိ၊ ေခ်ာင္းဆိုးႏွာေစးရွိမရွိ တစ္ေန႔ႏွစ္ႀကိမ္ စမ္းသပ္စစ္ေဆးၿပီး လိုအပ္ပါက ျပည္သူ႔ေဆး႐ုံႀကီးကို လႊဲေျပာင္းကုသသြားမွာပါ။ က်န္းမာေရးအဖြဲ႕ကတစ္ေန႔ ၂၄နာရီ ၁၄ရက္တိတိ တာဝန္ယူသြားမွာပါ။ အေရးႀကီးဆုံးေျပာခ်င္တာက အခုျပန္လာမယ့္ေက်ာင္းသားေတြက ေရာဂါသည္ေတြလုံးဝ မဟုတ္ဘူးဆိုတာကိုပါ။

Image may contain: one or more people and people standing

ဝူဟန္မွာေနစဥ္ကထဲက ေက်ာင္းကအေဆာင္ေတြမွာေနၿပီးျပင္ပနဲ႔ အထိအေတြ႕လုံးဝမရွိသူေတြျဖစ္တာရယ္ လြန္ခဲ့တဲ့ ၁၄ရက္အတြင္းဖ်ားနာခဲ့တာမရွိတာေၾကာင့္ ျမန္မာျပည္ကို ေရာဂါေတြျပန္သယ္လာမဲ့သူေတြ မဟုတ္ဘူးဆိုတာ ကြၽန္ေတာ္ ဆရာဝန္တစ္ေယာက္အေနနဲ႔ အျပည့္အဝယုံၾကည္ေပမဲ့ ေစာင့္ၾကည့္ကာလအတြင္း ဖ်ားနာလာရင္ ျပည္သူ႔ေဆး႐ုံႀကီးရဲ႕ သတ္မွတ္အခန္းကိုေ႐ႊ႕ၿပီး nCoV ေရာဂါဟုတ္မဟုတ္ ဆက္လက္စစ္ေဆးသြားမွာပါ။

Image may contain: text

အစစအရာရာ WHO guidelines အတိုင္းစီမံေဆာင္႐ြက္ေနတာျဖစ္လို႔ ၿမိဳ႕သူၿမိဳ႕သားမ်ားအေနနဲ႔ စိုးရိမ္မႈမလြန္ကဲဖို႔ အထူးေျပာၾကားလိုပါတယ္။

Ye Win (Mandalay City Development Committee)

Read times Last modified on Monday, 03 February 2020 21:15
Rate this item
(0 votes)