What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 31 January 2020 20:41

မြန်မာနိုင်ငံမှာ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ အနည်းဆုံး၃ ဦး ရှိကြောင်း သမ္မတရုံးအတည်ပြု

မြန်မာနိုင်ငံမှာ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအဖြစ် အနည်းဆုံး ၃ ဦးကို တွေ့ရှိထားကြောင်း သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒီမနက်ပိုင်းက China Southern လေကြောင်းလိုင်းနဲ့ ကွမ်ကျိုးကနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်လာတဲ့ ခရီးသည် ၇၉ဦးထဲမှာ အသက် ၆၀ ဝန်းကျင်ရှိတဲ့ အမျိုးသားတဦးကို ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအဖြစ်နဲ့ ဝေဘာဂီဆေးရုံမှာ သီးခြားထားပြီး ကုသပေးနေတယ်လို့ ကျန်းမာရေးဌာနတာဝန်ရှိသူက ပြောပါတယ်။ မန္တလေးနဲ့ မိတ္ထီလာမှာလည်း ဒီရောဂါပိုး အကူးစက်ခံရသူ သံသယလူနာ ၂ ဦးရှိနေတယ်လို့ သမ္မတရုံးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

 

ဒါပေမယ့် ဒီသံသယ လူနာတွေ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရတာ ဟုတ် မဟုတ်ဆိုတဲ့ အတည်ပြုချက် ရယူရအုံးမှာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြသွားမှာပါ။

 

တရုတ်နိုင်ငံ၊ ကွမ်ကျိုးလေဆိပ်ကနေ ထွက်လာတဲ့ China Southern လေကြောင်းလိုင်းဟာ ခရီးသည် ၇၉ ဦးကို တင်ဆောင်ပြီး ရန်ကုန်အပြည်အပြည်ဆိုင်ရာ လေဆိပ်ကို ဒီကနေ့မနက်ပိုင်းမှာ ရောက်ရှိလာပါတယ်။ ခရီးသည်တွေထဲက ဟူနန်ပြည်နယ်သား အသက်၆၀ ဝန်းကျင်အရွယ် အမျိုးသားတဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး လက္ခဏာတွေ့ရှိတာကြောင့် သံသယလူနာအဖြစ်နဲ့ ဝေဘာဂီဆေးရုံကြီးမှာ ကုသပေးနေ တယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

 

“သံသယလူနာကို ကျမတို့အနေနဲ့ ဝေဘာဂီဆေးရုံကို ပို့ဆောင်ပြီးတော့ လိုအပ်တဲ့ကုသမှုတွေ ရရှိဖို့အတွက် ဆောင်ရွက်နေသလိုပဲ။ ကျမတို့ National Health Laboratory (အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန) နဲ့ စေ့စပ်ညှိနှိုင်းပြီးတော့ ဒီလူနာဆီက ဓာတ်ခွဲနမူနာတွေကို ရယူဖို့အတွက် ဆောင်ရွက်နေ ပါတယ်။ အဲဒီ ဓာတ်ခွဲနမူနာတွေ ရယူပြီးတဲ့နောက် ထိုင်းနိုင်ငံမှာရှိတဲ့ National Institute of Health ကို ရရှိလာတဲ့ နမူနာတွေကို ပေးပို့ပြီးတော့ အတည်ပြုချက်ယူမှာ ဖြစ်ပါတယ်။”

 

အဲဒီ သံသယလူနာဆီကို ဓာတ်ခွဲ စစ်ဆေးဖို့ နမူနာယူတာနဲ့ စမ်းသပ်ကုသမှုတွေ ဆက်လုပ်ဖို့ဆောင်ရွက်နေ တဲ့ အပြင် သူဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရသူ ဟုတ် မဟုတ်ဆိုတာကိုတော့ စောင့်ကြည့်ရဦးမယ်လို့ လည်း ပြောပါတယ်။

 

“ကွမ်ကျိုးက ရန်ကုန်လေဆိပ်ကို China Southern Airline ပေါ့။ အဲဒီမှာပါလာတဲ့ ခရီးသည်တဦးက ခေါင်းမူးတယ်၊ ဖျားတယ်လို့ လေယာဉ်မယ်ကိုပြောတယ်။ လေယာဉ်မယ်ကနေပြီးတော့ လေယာဉ်မှူးကို သတင်းပို့တယ်။ လောလောဆယ်မှာ ဖျားနာနေတဲ့လူနာကို အရေးပေါ်အနေနဲ့ ဝေဘာဂီဆေးရုံကို ပို့ထားပါတယ်။”

 

လေယာဉ်ပေါ်ပါလာတဲ့ ခရီးသည် ၇၉ဦးထဲက မြန်မာနိုင်ငံသား ၂ဦးနဲ့ ဒီသံသယလူနာ တဦးကလွဲပြီး ကျန်တဲ့ခရီးသည်အားလုံးကို ပြည်တွင်းကိုအဝင်မခံဘဲ အဲဒီလေယာဉ်နဲ့ပဲ ဒီကနေ့ နေ့လည်ပိုင်းမှာ ပြန်တင် ပေးခဲ့ တယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက သတင်းထောက်တွေကို ပြောပါတယ်။

 

ဒါ့အပြင် မန္တလေးနဲ့ မိတ္ထီလာ မြို့တွေမှာ သံသယလူနာ ၂ ဦး ထပ်တွေ့ရတဲ့ အတွက် စောင့်ကြည့် ကုသပေးနေတယ်လို့လည်း ပြောပါတယ်။

 

“နောက်ဖြစ်စဉ်တခုက ဒီနေ့ကူမင်းလေဆိပ်ကနေပြီးတော့ မန္တလေးလေဆိပ်ကို ဆိုက်ရောက်လာတဲ့ခရီးစဉ်မှာ ခရီးသည် ၄၈ဦး ပါတယ်။ အဲဒီမှာ မြန်မာနိုင်ငံသား ၆ဦး၊ နိုင်ငံခြားသား ၄၂ဦး ပါတယ်။ သူတို့ကို Screen Test စစ်တဲ့အခါမှာ တရုတ်နိုင်ငံသူ သုံးနှစ်ကလေးပေါ့နော်။ အပူချိန်က ၃၈ ဒဿမ ၅ စင်တီဂရိတ်ရှိနေတာ တွေ့ရတယ်။ သူတို့မိဘတွေကို စစ်တော့ သာမန်ဖျားတာပဲတွေ့တယ်။ သူတို့ကို မန္တလေးမြို့ ကုတင် ၅၅၀ ကလေးအထူးကုဆေးရုံမှာ သီးသန့်စောင့်ကြည့်နေတယ်။ နောက် မိတ္ထီလာက အဆုတ်မှာအနာဖြစ်တဲ့သူကို ကိုရိုနာအဆုတ်ရောင် ရှိမရှိ စစ်ဆေးနေဆဲဖြစ်ပါတယ်။”

 

ကူးစက်မှုနှုန်းတိုး နေပြီး သေဆုံးသူဦးရေပါ တိုးလာနေတဲ့ ဒီ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုနဲ့ ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအရေးပေါ် အခြေအနေအဖြစ် မနေ့က ကြာသပတေးနေ့မှာ စိုးရိမ်စရာကောင်းတယ်လို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကြေညာလိုက်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးစောင့်ရှောက်မှု စနစ်အားနည်းပြီး ပြင်ဆင်မှုအားနည်းတဲ့ နိုင်ငံတွေဆီ ဒီရောဂါကူးစက်သွားမယ့်အဖြစ်ဟာ WHO ညွှန်ကြားရေးမှူးချုပ်က သတိပေး ထားပါတယ်။

 

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကလည်း တရုတ်နိုင်ငံက လာတဲ့ခရီးသည်တွေကို ဆိုက်ရောက်ဗီဇာ ထုတ်ပေးနေတာကို ယာယီရပ်နားထားဖို့အတွက် နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ဆွေးနွေးနေတယ်လို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က သတင်းထုတ်ပြန်ထားပါတယ်။ ရောဂါကူးစက်နှုန်းတက်နေတဲ့ အချိန်မှာ အစိုးရအနေနဲ့ တရုတ်နိုင်ငံသား ခရီးသွာတွေကို ဗီဇာထုတ်ပေးနေတာ ကန့်သတ်သင့်ပြီလို့ ခရီးသွားလုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးအေးကျော်က ပြောပါတယ်။

 

“အစိုးရက လုပ်တာကိုင်တာက အရမ်းကိုနှေးအားကြီးတယ်ဗျ။ တချို့နိုင်ငံတွေမှာ တရုတ်တွေကို Tourist Visa မပေးတော့ဘူး။ အဲတော့ မြန်မာပြည်မှာ ရောဂါဖြစ်လာမှ မရှူနိုင် မကယ်နိုင် ဆေးလည်းမရှိသေးဘူး။ ကျတော်တို့အကုန်လုံး သေကုန်လိမ့်မယ်။”

 

ဒီကနေ့ မနက်ပိုင်းအထိ WHO ရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံပေါင်း ၂၁နိုင်ငံအထိ ဒီရောဂါပြန့်နှံ့နေပြီး ကူးစက်ခံထားရသူ တသောင်းနီးပါးနဲ့ သေဆုံးသူ ၂၀၀ကျော်ထိ ရှိလာပါပြီ။

 

မြန်မာနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးနဲ့ ကုသရေးအတွက် ဆောင်ရွက်ချက်တွေကို ပြင်ဆင်ထားရှိပြီးဖြစ်တယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေကပြောပါတယ်။ အခု သံသယလူနာအဖြစ် တွေ့ရှိထားတဲ့လူနာ တွေကို သီးခြားခန်းမှာ ထားပြီး ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါ ရှိ၊ မရှိကိုတော့ အတည်ပြုနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

 

VOA Burmese News

 

(Zawgyi)

---------------

ျမန္မာနိုင္ငံမွာ နိုဗယ္ကိုရိုနာဗိုင္းရပ္စ္ သံသယလူနာ အနည္းဆုံး၃ ဦး ရွိေၾကာင္း သမၼတ႐ုံးအတည္ျပဳ

 

 

ျမန္မာနိုင္ငံမွာ နိုဗယ္ ကိုရိုနာဗိုင္းရပ္စ္ သံသယလူနာအျဖစ္ အနည္းဆုံး ၃ ဦးကို ေတြ႕ရွိထားေၾကာင္း သမၼတ႐ုံးက သတင္းထုတ္ျပန္ပါတယ္။

ဒီမနက္ပိုင္းက China Southern ေလေၾကာင္းလိုင္းနဲ႕ ကြမ္က်ိဳးကေန ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္ကို ေရာက္လာတဲ့ ခရီးသည္ ၇၉ဦးထဲမွာ အသက္ ၆၀ ဝန္းက်င္ရွိတဲ့ အမ်ိဳးသားတဦးကို ကိုရိုနာဗိုင္းရပ္စ္ သံသယလူနာအျဖစ္နဲ႕ ေဝဘာဂီေဆး႐ုံမွာ သီးျခားထားၿပီး ကုသေပးေနတယ္လို႔ က်န္းမာေရးဌာနတာဝန္ရွိသူက ေျပာပါတယ္။ မႏၲေလးနဲ႕ မိတၳီလာမွာလည္း ဒီေရာဂါပိုး အကူးစက္ခံရသူ သံသယလူနာ ၂ ဦးရွိေနတယ္လို႔ သမၼတ႐ုံးက သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

 

ဒါေပမယ့္ ဒီသံသယ လူနာေတြ ကိုရိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံေနရတာ ဟုတ္ မဟုတ္ဆိုတဲ့ အတည္ျပဳခ်က္ ရယူရအုံးမွာ ျဖစ္ပါတယ္။ အျပည့္အစုံကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္စုစုက ေျပာျပသြားမွာပါ။

 

တ႐ုတ္နိုင္ငံ၊ ကြမ္က်ိဳးေလဆိပ္ကေန ထြက္လာတဲ့ China Southern ေလေၾကာင္းလိုင္းဟာ ခရီးသည္ ၇၉ ဦးကို တင္ေဆာင္ၿပီး ရန္ကုန္အျပည္အျပည္ဆိုင္ရာ ေလဆိပ္ကို ဒီကေန႕မနက္ပိုင္းမွာ ေရာက္ရွိလာပါတယ္။ ခရီးသည္ေတြထဲက ဟူနန္ျပည္နယ္သား အသက္၆၀ ဝန္းက်င္အ႐ြယ္ အမ်ိဳးသားတဦးမွာ ကိုရိုနာဗိုင္းရပ္စ္ပိုး လကၡဏာေတြ႕ရွိတာေၾကာင့္ သံသယလူနာအျဖစ္နဲ႕ ေဝဘာဂီေဆး႐ုံႀကီးမွာ ကုသေပးေန တယ္လို႔ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနက ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

 

“သံသယလူနာကို က်မတို႔အေနနဲ႕ ေဝဘာဂီေဆး႐ုံကို ပို႔ေဆာင္ၿပီးေတာ့ လိုအပ္တဲ့ကုသမႈေတြ ရရွိဖို႔အတြက္ ေဆာင္႐ြက္ေနသလိုပဲ။ က်မတို႔ National Health Laboratory (အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈ ဆိုင္ရာဌာန) နဲ႕ ေစ့စပ္ညွိႏွိုင္းၿပီးေတာ့ ဒီလူနာဆီက ဓာတ္ခြဲနမူနာေတြကို ရယူဖို႔အတြက္ ေဆာင္႐ြက္ေန ပါတယ္။ အဲဒီ ဓာတ္ခြဲနမူနာေတြ ရယူၿပီးတဲ့ေနာက္ ထိုင္းနိုင္ငံမွာရွိတဲ့ National Institute of Health ကို ရရွိလာတဲ့ နမူနာေတြကို ေပးပို႔ၿပီးေတာ့ အတည္ျပဳခ်က္ယူမွာ ျဖစ္ပါတယ္။”

 

အဲဒီ သံသယလူနာဆီကို ဓာတ္ခြဲ စစ္ေဆးဖို႔ နမူနာယူတာနဲ႕ စမ္းသပ္ကုသမႈေတြ ဆက္လုပ္ဖို႔ေဆာင္႐ြက္ေန တဲ့ အျပင္ သူဟာ ကိုရိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံေနရသူ ဟုတ္ မဟုတ္ဆိုတာကိုေတာ့ ေစာင့္ၾကည့္ရဦးမယ္လို႔ လည္း ေျပာပါတယ္။

 

“ကြမ္က်ိဳးက ရန္ကုန္ေလဆိပ္ကို China Southern Airline ေပါ့။ အဲဒီမွာပါလာတဲ့ ခရီးသည္တဦးက ေခါင္းမူးတယ္၊ ဖ်ားတယ္လို႔ ေလယာဥ္မယ္ကိုေျပာတယ္။ ေလယာဥ္မယ္ကေနၿပီးေတာ့ ေလယာဥ္မႉးကို သတင္းပို႔တယ္။ ေလာေလာဆယ္မွာ ဖ်ားနာေနတဲ့လူနာကို အေရးေပၚအေနနဲ႕ ေဝဘာဂီေဆး႐ုံကို ပို႔ထားပါတယ္။”

 

ေလယာဥ္ေပၚပါလာတဲ့ ခရီးသည္ ၇၉ဦးထဲက ျမန္မာနိုင္ငံသား ၂ဦးနဲ႕ ဒီသံသယလူနာ တဦးကလြဲၿပီး က်န္တဲ့ခရီးသည္အားလုံးကို ျပည္တြင္းကိုအဝင္မခံဘဲ အဲဒီေလယာဥ္နဲ႕ပဲ ဒီကေန႕ ေန႕လည္ပိုင္းမွာ ျပန္တင္ ေပးခဲ့ တယ္လို႔ သမၼတ႐ုံး ေျပာခြင့္ရ ဦးေဇာ္ေဌးက သတင္းေထာက္ေတြကို ေျပာပါတယ္။

 

ဒါ့အျပင္ မႏၲေလးနဲ႕ မိတၳီလာ ၿမိဳ႕ေတြမွာ သံသယလူနာ ၂ ဦး ထပ္ေတြ႕ရတဲ့ အတြက္ ေစာင့္ၾကည့္ ကုသေပးေနတယ္လို႔လည္း ေျပာပါတယ္။

 

“ေနာက္ျဖစ္စဥ္တခုက ဒီေန႕ကူမင္းေလဆိပ္ကေနၿပီးေတာ့ မႏၲေလးေလဆိပ္ကို ဆိုက္ေရာက္လာတဲ့ခရီးစဥ္မွာ ခရီးသည္ ၄၈ဦး ပါတယ္။ အဲဒီမွာ ျမန္မာနိုင္ငံသား ၆ဦး၊ နိုင္ငံျခားသား ၄၂ဦး ပါတယ္။ သူတို႔ကို Screen Test စစ္တဲ့အခါမွာ တ႐ုတ္နိုင္ငံသူ သုံးႏွစ္ကေလးေပါ့ေနာ္။ အပူခ်ိန္က ၃၈ ဒႆမ ၅ စင္တီဂရိတ္ရွိေနတာ ေတြ႕ရတယ္။ သူတို႔မိဘေတြကို စစ္ေတာ့ သာမန္ဖ်ားတာပဲေတြ႕တယ္။ သူတို႔ကို မႏၲေလးၿမိဳ႕ ကုတင္ ၅၅၀ ကေလးအထူးကုေဆး႐ုံမွာ သီးသန႔္ေစာင့္ၾကည့္ေနတယ္။ ေနာက္ မိတၳီလာက အဆုတ္မွာအနာျဖစ္တဲ့သူကို ကိုရိုနာအဆုတ္ေရာင္ ရွိမရွိ စစ္ေဆးေနဆဲျဖစ္ပါတယ္။”

 

ကူးစက္မႈႏႈန္းတိုး ေနၿပီး ေသဆုံးသူဦးေရပါ တိုးလာေနတဲ့ ဒီ ကိုရိုနာဗိုင္းရပ္စ္ပိုး ကူးစက္မႈနဲ႕ ပတ္သက္ၿပီး ကမာၻ႔က်န္းမာေရးအေရးေပၚ အေျခအေနအျဖစ္ မေန႕က ၾကာသပေတးေန႕မွာ စိုးရိမ္စရာေကာင္းတယ္လို႔ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က ေၾကညာလိုက္ပါတယ္။ ဒါ့အျပင္ က်န္းမာေရးေစာင့္ေရွာက္မႈ စနစ္အားနည္းၿပီး ျပင္ဆင္မႈအားနည္းတဲ့ နိုင္ငံေတြဆီ ဒီေရာဂါကူးစက္သြားမယ့္အျဖစ္ဟာ WHO ၫႊန္ၾကားေရးမႉးခ်ဳပ္က သတိေပး ထားပါတယ္။

 

က်န္းမာေရးနဲ႕ အားကစားဝန္ႀကီးဌာနကလည္း တ႐ုတ္နိုင္ငံက လာတဲ့ခရီးသည္ေတြကို ဆိုက္ေရာက္ဗီဇာ ထုတ္ေပးေနတာကို ယာယီရပ္နားထားဖို႔အတြက္ နိုင္ငံျခားေရး ဝန္ႀကီးဌာနနဲ႕ ေဆြးေႏြးေနတယ္လို႔ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႕က သတင္းထုတ္ျပန္ထားပါတယ္။ ေရာဂါကူးစက္ႏႈန္းတက္ေနတဲ့ အခ်ိန္မွာ အစိုးရအေနနဲ႕ တ႐ုတ္နိုင္ငံသား ခရီးသြာေတြကို ဗီဇာထုတ္ေပးေနတာ ကန႔္သတ္သင့္ၿပီလို႔ ခရီးသြားလုပ္ငန္းရွင္တဦးျဖစ္တဲ့ ဦးေအးေက်ာ္က ေျပာပါတယ္။

 

“အစိုးရက လုပ္တာကိုင္တာက အရမ္းကိုေႏွးအားႀကီးတယ္ဗ်။ တခ်ိဳ႕နိုင္ငံေတြမွာ တ႐ုတ္ေတြကို Tourist Visa မေပးေတာ့ဘူး။ အဲေတာ့ ျမန္မာျပည္မွာ ေရာဂါျဖစ္လာမွ မရႉနိုင္ မကယ္နိုင္ ေဆးလည္းမရွိေသးဘူး။ က်ေတာ္တို႔အကုန္လုံး ေသကုန္လိမ့္မယ္။”

 

ဒီကေန႕ မနက္ပိုင္းအထိ WHO ရဲ႕ ထုတ္ျပန္ခ်က္အရ နိုင္ငံေပါင္း ၂၁နိုင္ငံအထိ ဒီေရာဂါျပန႔္ႏွံ႕ေနၿပီး ကူးစက္ခံထားရသူ တေသာင္းနီးပါးနဲ႕ ေသဆုံးသူ ၂၀၀ေက်ာ္ထိ ရွိလာပါၿပီ။

 

ျမန္မာနိုင္ငံမွာေတာ့ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေရးနဲ႕ ကုသေရးအတြက္ ေဆာင္႐ြက္ခ်က္ေတြကို ျပင္ဆင္ထားရွိၿပီးျဖစ္တယ္လို႔ က်န္းမာေရးဌာန တာဝန္ရွိသူေတြကေျပာပါတယ္။ အခု သံသယလူနာအျဖစ္ ေတြ႕ရွိထားတဲ့လူနာ ေတြကို သီးျခားခန္းမွာ ထားၿပီး ကိုရိုနာဗိုင္းရပ္စ္ပိုးေၾကာင့္ျဖစ္တဲ့ အဆုတ္ေရာင္ေရာဂါ ရွိ၊ မရွိကိုေတာ့ အတည္ျပဳနိုင္ဖို႔ ေဆာင္႐ြက္ေနတယ္လို႔ က်န္းမာေရးနဲ႕ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

Read times Last modified on Monday, 03 February 2020 21:15
Rate this item
(1 Vote)