အရိုးအဆစ်နှင့် သွားများကျန်းမာစေပြီး အရိုးပွရောဂါ ( Osteoporosis ) ကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ရန် အရိုးအတွက် အဓိကလိုအပ်သော သတ္တုဓာတ်များဖြစ်သည့်
အရိုးပါး၊ အရိုးပွရောဂါသည် သက်ကြီးပိုင်း အရွယ်များတွင် ပို၍ အဖြစ်များသော်လည်း မျက်မှောက်ကာလတွင် နေ့စဉ် အထိုင်များပြီး ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း၊ ဆေးလိပ်နှင့် အရက်သောက်သုံးမှု များပြားခြင်းတို့ကြောင့် လူငယ်လူလတ်ပိုင်းများပါ ဖြစ်လာကြသည်။
ကြိုတင် ကာကွယ်ခြင်းသည် ကုသခြင်းထက် ပို၍ ကောင်း၏ ဆိုသည့်အတိုင်း အရိုးပါး၊ အရိုးပွရောဂါ မဖြစ်စေရန် အကောင်းဆုံးနည်းလမ်းမှာလည်း ကြိုတင် ကာကွယ်ခြင်းပင် ဖြစ်သည်။
မိမိကျန်းမာရေးအတွက် ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ခြင်းနှင့် အစားအသောက် ဂရုစိုက်ခြင်းတို့ကို ပြုလုပ်သင့်ပြီး အရက်နှင့် ဆေးလိပ်သောက်သုံးခြင်း၊ အငန်စားသုံးမှု များခြင်း၊ အချိုမှုန့်များ သုံးစွဲခြင်းနှင့် ကော်ဖီ သောက်သုံးမှု အလွန်အကျွံ ပြုလုပ်ခြင်း စသည်တို့ကို အဓိက ရှောင်ကြဉ်ကြရမည် ဖြစ်သည်။
အဓိကဖြစ်ပွားသော အကြောင်းရင်းများ
ရောဂါလက္ခဏာများ
အရိုးပါး၊ အရိုးပွရောဂါ စတင် ဖြစ်ပွားပါက ရောဂါအခြေအနေ ပိုဆိုးမလာစေရန်နှင့် အရိုး၏ သိပ်သည်းဆကို ပို၍ ကျမသွားအောင် ထိန်းထားရမည် ဖြစ်ပြီး အစားအသောက် ဂရုစိုက်ခြင်း၊ မပြင်းထန်သော လေ့ကျင့်ခန်းများကို ပုံမှန် ပြုလုပ်ပေးခြင်းဖြင့် ရောဂါသက်သာအောင် လုပ်ဆောင်နိုင်သည်။
Advertisement
Click Here > Golden Myanmar
ရောဂါကာကွယ်ရေးအတွက် ကယ်လ်ဆီယမ်ဓာတ် ကြွယ်ဝသော အစားအစာများကို ပုံမှန် စားသုံးပေးသင့်သည်။ ကယ်လ်ဆီယမ်ဓာတ်သည် အရိုးများကို သန်မာစေပြီး အရိုးတည်ဆောက်ရေး လုပ်ငန်းများကို မျှတအောင် ထိန်းညှိပေးသောကြောင့် ဖြစ်သည်။
ကယ်လ်ဆီယမ်ဓာတ် ကြွယ်ဝသော အစားအစာများ
ကယ်လ်ဆီယမ်ဓာတ်ကို စုပ်ယူရာတွင် ဗီတာမင်ဒီ၏ အခန်းကဏ္ဍမှာ အလွန် အရေးပါလှသည်။ ထို့ကြောင့် နေရောင်ခြည်ကို (၁၅) မိနစ်ခန့် ထိတွေ့ပေးခြင်း၊ ဖြည့်စွက်အာဟာရအဖြစ် ဗီတာမင်ဒီ ကြွယ်ဝသော အစားအစာများကို နေ့စဉ် စားသုံးပေးခြင်းတို့ ပြုလုပ်သင့်သည်။
ဗီတာမင်ဒီ ကြွယ်ဝသော အစားအစာများ
အရိုးပါး၊ အရိုးပွရောဂါ ကာကွယ်ရန်အတွက် လိုအပ်ပါက အားဆေးလည်း သောက်ပေးရမည်။ သောက်ရမည့် အားဆေး အမျိုးအစားနှင့် သောက်သုံးရန် အချိန်တို့ကိုမူ တတ်သိ နားလည်သော ဆရာဝန်နှင့် ဆွေးနွေးပြီးမှ သောက်သုံးသင့်သည်။
သက်ကြီးရွယ်အိုများအတွက် သတိပေးချက်
သက်ကြီးရွယ်အိုများသည် မိမိခန္ဓာကိုယ်ကို ဟန်ချက်ညီအောင်နှင့် တည်ငြိမ်အောင် မထိန်းထားနိုင်သည့်အတွက် မကြာခဏ လဲကျတတ်သည်။ ထိုသို့ လဲကျလျှင် အရိုးကျိုးနိုင်သောကြောင့် လဲကျစေနိုင်သည့် ပြဿနာများကို ဦးစွာ ဖြေရှင်းရမည် ဖြစ်သည်။
မျက်စိမှုန်ခြင်းကြောင့် ချော်လဲသည်ဆိုလျှင် မျက်မှန်တပ်ခိုင်းရမည်။ ဟန်ချက်ညီအောင် မထိန်းနိုင်၍ လဲကျတတ်သည်ဆိုလျှင် အရိုးသန်မာစေသည့် မပြင်းထန်သော လေ့ကျင့်ခန်းများကို ပြုလုပ်ခိုင်းရမည်။ ထို့ပြင် မချော်လဲစေရန် ရေချိုးခန်းနှင့် အိမ်သာတို့တွင် လက်ရန်းများ ပြုလုပ်ပြီး တပ်ဆင်ပေးထားသင့်သည်။
Osteoporosis ဆိုတာက အရိုးရောပွရောဂါ တစ်မျိုးဖြစ်ပြီး အရိုးထဲတွေထဲမှာ ကယ်လ်စီယမ်ဓြာတ် ဆုံးရှုံးမှုကြောင့် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။