What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 09 January 2020 12:12

Osteoporosis ( အရိုးပွရောဂါ ) ဖြစ်ပွားလာရတဲ့ အကြောင်းအရင်းများ

Osteoporosis ဆိုတာက အရိုးရောပွရောဂါ တစ်မျိုးဖြစ်ပြီး အရိုးထဲတွေထဲမှာ ကယ်လ်စီယမ်ဓြာတ် ဆုံးရှုံးမှုကြောင့် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

ဒီလို အရိုးပွလာရပြီးဆိုရင် အရိုးများ အလွယ်တကူ ထိခိုက်ခြင်း ဒါမှမဟုတ် ကျိုးပဲ့ခြင်းတွေ မရှိရင် နာကျင်မှုကို မဖြစ်စေနိုင်ပါဘူး။  ဒီလို အရိုးပွရောဂါ ဖြစ်တာတွေကို ကျောရိုး ၊ တင်းပါး နဲ့ လက်ကောက်ဝတ် အရိုးတွေမှာ အများဆုံး တွေ့ရတတ်ပြီး အခြား ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း တွေ့ရတတ်ပါတယ်။ အရိုးပွရောဂါကို ခံစားနေရနေပေမယ့် ထိခိုက်ခြင်းမှုတွေ မရှိဘူးဆိုရင် ခန္ဓာကိုယ် ပုံစံ ပုံပျက်လာနိုင်ပါတယ်။

 

အရိုးပွရောဂါ သွေးဆုံးမှုကြောင့် အီစထရိုဂျင် ဆုံးရှုံးမှုကြောင့် အဓိက ဖြစ်လာပါတယ်။ အရိုးပွရောဂါကို အသက် ၆၀ အထက် အမျိုးသမီးတွေမှာ ၂၅ ရာခိုင်နှုန်းလောက် ရှိတာကို တွေ့ရပါတယ်။ ဒါ့အပြင် အစောပိုင်း သွေးဆုံးခြင်း နဲ့ အသက် ၄၅ မတိုင်မီ ခွဲစိတ်ကုသမှု ခံယူထားတဲ့ အမျိုးသမီးတွေအတွက် အန္တာရယ်ရှိနိုင်ပါတယ်။ အသက် ၅၀ အရွယ်အတွင် ရိုးတွင်းချဉ်ဆီတွေဟာဆိုရင် တစ်နှစ်ကို ၁ ရာခိုင်နှုန်း ကနေ ၃ ရာခိုင်နှုန်းအထိကို လျော့ကျလာပြီး အိုမင်းခြင်း ဖြစ်ပေါ်စေလာပါတယ်။

 

အရိုးပွရောဂါ ဖြစ်ပွားရတဲ့ အကြောင်းအရင်းများက မျိုးရိုးလိုက်ခြင်း ၊ ဗီတာမင် ဒီ နှင့် ကယ်လ်ဆီယမ် လျော့နည်းလာခြင်း ၊ အရက် နှင့် ကဖိန်းဓာတ် သုံးစွဲမှုများခြင်း ၊ ဆေးလိပ်သောက်ခြင်း ၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း မရှိခြင်း ၊ တားမြစ်ဓာတုပစ္စည်းများ အသုံးပြုခြင်း ၊ ဟော်မုန်းဓာတ်များမညီမျှခြင်း နှင့် သိုင်းရွိုက်ရောဂါ ဖြစ်ပွားခြင်း ၊ အသည်းရောဂါ သို့မဟုတ် အစာအိမ်နှင့်အူလမ်းကြောင်းရောဂါဖြစ်ပွားခြင်း နဲ့ နာတာရှည်ရောဂါများ ဖြစ်ပွားခြင်းတို့ကြောင့်ဘဲ ဖြစ်ပါတယ်။

 

အရိုးပွရောဂါကို ကာကွယ်ဖို့အတွက် ကယ်လ်စီယမ် နှင့် ဗီတာမင် ဒီ ဓာတ်ပါဝင်သော ကြွယ်ဝသော အစားအစာများ စားသုံးခြင်း ၊ ပုံမှန်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း ၊ ဆေးလိပ်မသောက်ခြင်း ၊ အရက် သို့မဟုတ် ကဖိန်းဓာတ် ပါဝင်သော အဖျော်ယမကာများကို အသုံးပြုမှုလျော့ချခြင်း ၊ အရိုး ကျန်းမာရေး စစ်ဆေးမှုကို ပုံမှန် ပြုလုပ်ခြင်း ၊ အရိုးများ ထိခိုက်မှု ကြိုတင်ကာကွယ်ခြင်းများ ပြုလုပ်ပြီး အရိုးပွ ရောဂါကို ကာကွယ်နိုင်ပါတယ်။

 

Written By Aung Win (Health Products Directory)

{Zawgyi}

======


 


 


 


 


 


Read times
Rate this item
(0 votes)