What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 27 February 2020 12:08

Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၆-၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ

Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၂၆-၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့ တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။ ၂။ ထိုသို့ဆောင်ရွက်ရာတွင် အမေရိကန်နိုင်ငံ၊ Arizona ပြည်နယ် Gilbert မြို့တွင် နေထိုင်သော အသက် (၃၂) နှစ်အရွယ် အမေရိကန်နိုင်ငံသား အမျိုးသားတစ်ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Harbin မြို့ တွင် (၃) လခန့် နေထိုင်ခဲ့ပြီး (၂၀-၂-၂၀၂၀) ရက်နေ့မှ (၂၂-၂-၂၀၂၀) ရက်နေ့အထိ မလေးရှားနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း၊ (၂၂-၂-၂၀၂၀) ရက်နေ့တွင် မလေးရှားနိုင်ငံမှ ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး (၂၅-၂-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် အန်ခြင်း၊ ဝမ်းသွားခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ်အပူချိန် အနည်းငယ်မြင့်တက် ခြင်းစသည့် ရောဂါလက္ခဏာများ ခံစားခဲ့ရသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ (၂၆-၂-၂၀၂၀) ရက်နေ့၊ နံနက် (၆း၀၀) နာရီအချိန်ခန့်တွင် သွားရောက်ပြသခဲ့ရာ ဝေဘာဂီအထူးကုဆေးရုံသို့ ညွှန်းပို့ခဲ့ပါသည်။ အဆိုပါလူနာအား စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍ သီးခြားထားရှိ ကုသမှု ပေးလျက်ရှိပြီး ၎င်းထံမှ ဓါတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါလူနာအား စစ်ဆေးရာတွင် လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရပါ။ ၃။ ယနေ့ (၂၆-၂-၂၀၂၀) ရက်နေ့၊ ည (၈း၀၀) နာရီအချိန်အထိ လူနာ (၂) ဉီးအား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပြီး ၎င်းတို့၏ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။ လူနာများ၏ ဓာတ်ခွဲအဖြေများရရှိပါက အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်ပြန်သွားမည်ဖြစ်ပါသည်။ ၄။ (၂၆-၂-၂၀၂၀) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက် လျက်ရှိပါသည်။ ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအချို့ အပါအဝင် ကမ္ဘာ့ နိုင်ငံ (၃၄) နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားလျက်ရှိသဖြင့် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေးအချက်အလက်များအား တိကျစွာ လိုက်နာဆောင်ရွက်ရန် နှိုးဆော်အပ်ပါသည်။   zawgyi    Coronavirus Disease 2019 (COVID-19) လတ္တေလာအသက္ရႉလမ္းေၾကာင္းဆိုင္ရာေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း(၂၆-၂-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀) နာရီ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ၁။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသည္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံႏွင့္ ကမာၻ႔ႏိုင္ငံအခ်ိဳ႕ တြင္ ကူးစက္ပ်ံ႕ႏွံ႔လ်က္ရွိသည့္ COVID-19 လတ္တေလာအသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါ ျဖစ္ပြားမႈျဖစ္စဥ္ႏွင့္ပတ္သက္၍ ေရာဂါေစာင့္ၾကပ္ၾကည့္ရႈျခင္း လုပ္ငန္းမ်ားအား အျပည္ျပည္ဆိုင္ရာ ဝင္ေပါက္၊ ထြက္ေပါက္ဂိတ္မ်ားတြင္လည္းေကာင္း၊ ေဆး႐ုံအေျချပဳအျဖစ္လည္းေကာင္း၊ ျပည္သူ လူထုအေျချပဳ ေစာင့္ၾကပ္ၾကည့္ရႈျခင္းလုပ္ငန္းမ်ားျဖင့္လည္းေကာင္း၊ ပုဂၢလိကေဆး႐ုံမ်ားႏွင့္ ပူးေပါင္း၍လည္းေကာင္း ေဆာင္႐ြက္လ်က္ရွိပါသည္။ ၂။ ထိုသို႔ေဆာင္႐ြက္ရာတြင္ အေမရိကန္ႏိုင္ငံ၊ Arizona ျပည္နယ္ Gilbert ၿမိဳ႕တြင္ ေနထိုင္ေသာ အသက္ (၃၂) ႏွစ္အ႐ြယ္ အေမရိကန္ႏိုင္ငံသား အမ်ိဳးသားတစ္ဦးသည္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ Harbin ၿမိဳ႕ တြင္ (၃) လခန္႔ ေနထိုင္ခဲ့ၿပီး (၂၀-၂-၂၀၂၀) ရက္ေန႔မွ (၂၂-၂-၂၀၂၀) ရက္ေန႔အထိ မေလးရွားႏိုင္ငံသို႔ သြားေရာက္ခဲ့ေၾကာင္း၊ (၂၂-၂-၂၀၂၀) ရက္ေန႔တြင္ မေလးရွားႏိုင္ငံမွ ရန္ကုန္ၿမိဳ႕သို႔ ေရာက္ရွိခဲ့ၿပီး (၂၅-၂-၂၀၂၀) ရက္ေန႔၊ ညေနပိုင္းတြင္ အန္ျခင္း၊ ဝမ္းသြားျခင္း၊ လည္ေခ်ာင္းနာျခင္း၊ ကိုယ္အပူခ်ိန္ အနည္းငယ္ျမင့္တက္ ျခင္းစသည့္ ေရာဂါလကၡဏာမ်ား ခံစားခဲ့ရသျဖင့္ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ (၂၆-၂-၂၀၂၀) ရက္ေန႔၊ နံနက္ (၆း၀၀) နာရီအခ်ိန္ခန္႔တြင္ သြားေရာက္ျပသခဲ့ရာ ေဝဘာဂီအထူးကုေဆး႐ုံသို႔ ၫႊန္းပို႔ခဲ့ပါသည္။ အဆိုပါလူနာအား ေစာင့္ၾကည့္လူနာအျဖစ္သတ္မွတ္၍ သီးျခားထားရွိ ကုသမႈ ေပးလ်က္ရွိၿပီး ၎ထံမွ ဓါတ္ခြဲနမူနာရယူ၍ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) သို႔ ေပးပို႔စစ္ေဆးရန္ စီစဥ္ေဆာင္႐ြက္လ်က္ရွိပါသည္။ အဆိုပါလူနာအား စစ္ေဆးရာတြင္ လတ္တေလာ ျပင္းထန္ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါလကၡဏာမ်ား မေတြ႕ရွိရပါ။ ၃။ ယေန႔ (၂၆-၂-၂၀၂၀) ရက္ေန႔၊ ည (၈း၀၀) နာရီအခ်ိန္အထိ လူနာ (၂) ဉီးအား သက္ဆိုင္ရာ ေဆး႐ုံမ်ားတြင္ ေစာင့္ၾကပ္ၾကည့္ရႈကုသမႈေပးလ်က္ရွိၿပီး ၎တို႔၏က်န္းမာေရးအေျခအေနမွာ ေကာင္းမြန္လ်က္ရွိေၾကာင္း သိရွိရပါသည္။ လူနာမ်ား၏ ဓာတ္ခြဲအေျဖမ်ားရရွိပါက အခ်ိန္ႏွင့္ တစ္ေျပးညီ သတင္းထုတ္ျပန္သြားမည္ျဖစ္ပါသည္။ ၄။ (၂၆-၂-၂၀၂၀) ရက္ေန႔အထိ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ မေတြ႕ရွိေသးေသာ္လည္း ေရာဂါေစာင့္ၾကပ္ၾကည့္ရႈျခင္းလုပ္ငန္းမ်ားကို အရွိန္အဟုန္ျမႇင့္၍ ေဆာင္႐ြက္ လ်က္ရွိပါသည္။ ယခုအခါ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံႏွင့္ အိမ္နီးခ်င္းႏိုင္ငံအခ်ိဳ႕ အပါအဝင္ ကမာၻ႔ ႏိုင္ငံ (၃၄) ႏိုင္ငံတြင္ COVID-19 ေရာဂါ ကူးစက္ျဖစ္ပြားလ်က္ရွိသျဖင့္ ျပည္သူလူထုအေနျဖင့္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားေသာ ေရာဂါကာကြယ္ေရးဆိုင္ရာ က်န္းမာေရး အသိပညာေပးအခ်က္အလက္မ်ားအား တိက်စြာ လိုက္နာေဆာင္႐ြက္ရန္ ႏႈိးေဆာ္အပ္ပါသည္။

Thursday, 27 February 2020 09:32

Hokkaido သည် Coronavirus ကိုတိုက်ဖျက်ရန်ကျောင်းများအားလုံးကိုခေတ္တပိတ်

Coronavirus သစ် ပျံ့နှံ့မှုကို တားဆီးရန်အတွက် မြောက်ဘက်စွန်း အဓိကကျွန်းပေါ်ရှိ အစိုးရနှင့်ပုဂ္ဂလိက မူလတန်းနှင့် အလယ်တန်း အထက်တန်းကျောင်းပေါင်း ၁၆၀၀ ကို

Wednesday, 26 February 2020 16:59

COVID-19 virus ကြောက်တဲ့အရာ ၇ မျိုး

COVID-19 virus ကြောက်တဲ့အရာ ၇ မျိုး

Wednesday, 26 February 2020 10:21

Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

Saturday, 22 February 2020 10:20

တောင်ကိုရီးယားတွင် ဘာသာရေးဂိုဏ်းမှတစ်ဆင့် ဝူဟံဗိုင်းရပ် ကူးစက်

နှစ်ရက်တာ အတွင်း coronavirus ကူးစက်ခံထားရသောလူနာရာပေါင်းများစွာကို ရှာဖွေတွေ့ရှိပြီနောက် တောင်ကိုရီးယား အာဏာပိုင်များက အသေးစိတ် နောက်ကြောင်းပြန် လိုက်ခဲ့ရာမှ ခရစ်ယာန်ဘာသာဂိုဏ်းတစ်ခုအဖြစ် ဖော်ပြခံရသည့် လျှို့ဝှက်ခရစ်ယာန်ဂိုဏ်းနဲ့ ဆက်နွယ်နေသော ကူးစက်ခံရသူအသစ်များစွာကို တွေ့ရှိခဲ့ပါသည်။ 

Friday, 21 February 2020 10:51

နှစ်ပေါင်း ၄၀ လောက်ကတည်းက ဝူဟန်ဗိုင်းရပ်စ်ဆိုတာ ရှိနေ၊ကြိုသိနေခဲ့တာလား

အမေရိကန် စိတ်ကူးယဉ်စာရေးဆရာတစ်ယောက်ဖြစ်တဲ့ Dean Koontz ရဲ့ The Eye of the Darkness ရဲ့ Chapter 39 မှာ ဝူဟန်ဗိုင်းရပ်စ်ကို ဇီဝလက်နက်တစ်ခုအနေနဲ့ ဖော်ပြထားခဲ့ပါတယ်။ 

Tuesday, 18 February 2020 11:30

ရှမ်းဘာသာဖြင့် ဖော်ပြထားသော COVID-19 လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကျန်းမာရေးအသိပညာအချက်အလက်များ

ရှမ်းဘာသာဖြင့် ဖော်ပြထားသော COVID-19 လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကျန်းမာရေးအသိပညာအချက်အလက်များ  ကိုဖော်ပြပေးလိုက်ပါတယ်။

Tuesday, 18 February 2020 10:32

ကိုရိုနာဗိုင်းရပ်(စ်) COVID-19 ရှိ/မရှိကို မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီလ ၂၀ ရက်မှ စတင်ကာ စစ်ဆေးအတည်ပြုနိုင်တော့မည်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန

Tuesday, 18 February 2020 09:48

တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၂၆) နိုင်ငံတွင် ရောဂါဖြစ်ပွားမှု အခြေအနေများ

တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၂၆) နိုင်ငံတွင် ရောဂါဖြစ်ပွားမှု အခြေအနေ၊