What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 18 February 2020 10:32

ကိုရိုနာဗိုင်းရပ်(စ်) COVID-19 ရှိ/မရှိကို မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီလ ၂၀ ရက်မှ စတင်ကာ စစ်ဆေးအတည်ပြုနိုင်တော့မည်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန

(National Health Laboratory) သည် (၂၀၀၈) ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၆) ရက်နေ့မှ စတင်၍ ကမ္ဘာကျန်းမာရေးအဖွဲ့အသိအမှတ်ပြု “အမျိုးသားတုပ်ကွေးရောဂါဌာန (National Influenza Center)” အဖြစ်ရပ်တည်ခဲ့ပြီး တုပ်ကွေးဗိုင်းရပ်(စ်)ပိုးနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်(စ်)ပိုးများကို ဓာတ်ခွဲစစ်ဆေးခြင်းဖြင့် အသက်ရှုလမ်းကြောင်းမှ တစ်ဆင့် ကူးစက်တတ်သောရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်း (surveillance) နှင့် ကုသခြင်း လုပ်ငန်းများတွင် အထောက်အကူပြုဆောင်ရွက်ခဲ့ပါသည်။

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် COVID-19 လတ်လောအသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ စတင်ဖြစ်ပွားစဉ်ကတည်းက အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) သည် အဆိုပါရောဂါပိုးကို မြန်မာနိုင်ငံတွင် ဓာတ်ခွဲစမ်းသပ်စစ်ဆေးနိုင်ရေးအတွက် တစိုက်မတ်မတ် အားထုတ်ကြိုးပမ်း ဆောင်ရွက်ခဲ့ပါသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) တွင် ပညာရှင်များနှင့် စက်ပစ္စည်းများ အဆင့်သင့်ရှိနေပြီးဖြစ်သဖြင့် ဓာတ်ခွဲပစ္စည်း (Primers, Probes and Reagents) များရရှိစေရန် ချိတ်ဆက်ဆောင်ရွက်ခြင်းကို ဆက်လက်လုပ်ဆောင်ခဲ့ပါသည်။

 

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) သည် ဓာတ်ခွဲပစ္စည်းများကို -

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ချိတ်ဆက်ဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံ၊ Armed Forces Research Institute of Medical Science (AFRIMS) မှ လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံးနှင့် JICA အဖွဲ့တို့၏ ပံ့ပိုးချိတ်ဆက် ဆောင်ရွက်မှုတို့ဖြင့် ဂျပန်နိုင်ငံ၊ National Institute of Infectious Diseases (NIID)၊ National Center for Global Health and Medicine(NCGM) နှင့် Juntendo University မှ လည်းကောင်း လက်ခံရရှိခဲ့ပါသည်။

 

ဓာတ်ခွဲပစ္စည်းများ လက်ခံရရှိခဲ့ပြီးနောက် လက်ရှိ၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လုပ်ငန်း သတ်မှတ်ချက်၊ ညွှန်ကြားချက်အတိုင်း လူနာများထံမှဓာတ်ခွဲနမူနာများတွင် COVID-19 ဗိုင်းရပ်(စ်)ရောဂါပိုး ရှိ၊ မရှိ အား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းနှင့် တစ်ပြိုင်နက်ဓာတ်ခွဲစစ်ဆေး (parallel testing) လျက်ရှိရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) ၏ ဓါတ်ခွဲအဖြေများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းမှ အဖြေများသည် ကိုက်ညီမှုရှိကြောင်း တွေ့ရှိရပါသည်။

 

ထိုသို့ တစ်ပြိုင်နက် ဓါတ်ခွဲစစ်ဆေးမှုအရေအတွက်နှင့် အဖြေများ ကိုက်ညီမှန်ကန်မှု ရှိသည့်အတွက် ကိုယ်တိုင်သီးခြားဓါတ်ခွဲစစ်ဆေးခြင်း (independent testing) ကို အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (NHL) မှ (၂၀-၂-၂၀၂၀) ရက်နေ့တွင် စတင် ဆောင်ရွက်တော့မည်ဖြစ်ပါသည်။

Transcom News Journal

 

(Zawgyi)

=====

ကို႐ိုနာဗိုင္းရပ္(စ္) COVID-19 ရွိ/မရွိကို ျမန္မာႏိုင္ငံတြင္ ေဖေဖၚဝါရီလ ၂၀ ရက္မွ စတင္ကာ စစ္ေဆးအတည္ျပဳႏိုင္ေတာ့မည္

*************************************************


က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၊ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (National Health Laboratory) သည္ (၂၀၀၈) ခုႏွစ္၊ ေဖေဖၚဝါရီလ (၂၆) ရက္ေန႔မွ စတင္၍ ကမာၻက်န္းမာေရးအဖြဲ႕အသိအမွတ္ျပဳ “အမ်ိဳးသားတုပ္ေကြးေရာဂါဌာန (National Influenza Center)” အျဖစ္ရပ္တည္ခဲ့ၿပီး တုပ္ေကြးဗိုင္းရပ္(စ္)ပိုးႏွင့္ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ဗိုင္းရပ္(စ္)ပိုးမ်ားကို ဓာတ္ခြဲစစ္ေဆးျခင္းျဖင့္ အသက္ရႈလမ္းေၾကာင္းမွ တစ္ဆင့္ ကူးစက္တတ္ေသာေရာဂါမ်ား ေစာင့္ၾကပ္ၾကည့္ရႈျခင္း (surveillance) ႏွင့္ ကုသျခင္း လုပ္ငန္းမ်ားတြင္ အေထာက္အကူျပဳေဆာင္႐ြက္ခဲ့ပါသည္။

 

တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံတြင္ COVID-19 လတ္ေလာအသက္ရႈလမ္းေၾကာင္းဆိုင္ရာ ေရာဂါ စတင္ျဖစ္ပြားစဥ္ကတည္းက အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာန (NHL) သည္ အဆိုပါေရာဂါပိုးကို ျမန္မာႏိုင္ငံတြင္ ဓာတ္ခြဲစမ္းသပ္စစ္ေဆးႏိုင္ေရးအတြက္ တစိုက္မတ္မတ္ အားထုတ္ႀကိဳးပမ္း ေဆာင္႐ြက္ခဲ့ပါသည္။

 

ထိုသို႔ေဆာင္႐ြက္ရာတြင္ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (NHL) တြင္ ပညာရွင္မ်ားႏွင့္ စက္ပစၥည္းမ်ား အဆင့္သင့္ရွိေနၿပီးျဖစ္သျဖင့္ ဓာတ္ခြဲပစၥည္း (Primers, Probes and Reagents) မ်ားရရွိေစရန္ ခ်ိတ္ဆက္ေဆာင္႐ြက္ျခင္းကို ဆက္လက္လုပ္ေဆာင္ခဲ့ပါသည္။

 

အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (NHL) သည္ ဓာတ္ခြဲပစၥည္းမ်ားကို - 

ကမာၻ႔က်န္းမာေရးအဖြဲ႕၏ ခ်ိတ္ဆက္ေဆာင္႐ြက္မႈျဖင့္ ထိုင္းႏိုင္ငံ၊ Armed Forces Research Institute of Medical Science (AFRIMS) မွ လည္းေကာင္း၊ ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္ႏိုင္ငံသံ႐ုံးႏွင့္ JICA အဖြဲ႕တို႔၏ ပံ့ပိုးခ်ိတ္ဆက္ ေဆာင္႐ြက္မႈတို႔ျဖင့္ ဂ်ပန္ႏိုင္ငံ၊ National Institute of Infectious Diseases (NIID)၊ National Center for Global Health and Medicine(NCGM) ႏွင့္ Juntendo University မွ လည္းေကာင္း လက္ခံရရွိခဲ့ပါသည္။

 

ဓာတ္ခြဲပစၥည္းမ်ား လက္ခံရရွိခဲ့ၿပီးေနာက္ လက္ရွိ၌ ကမာၻ႔က်န္းမာေရးအဖြဲ႕၏ လုပ္ငန္း သတ္မွတ္ခ်က္၊ ၫႊန္ၾကားခ်က္အတိုင္း လူနာမ်ားထံမွဓာတ္ခြဲနမူနာမ်ားတြင္ COVID-19 ဗိုင္းရပ္(စ္)ေရာဂါပိုး ရွိ၊ မရွိ အား ကမာၻ႔က်န္းမာေရးအဖြဲ႕၏ ရည္ၫႊန္းဓာတ္ခြဲခန္းႏွင့္ တစ္ၿပိဳင္နက္ဓာတ္ခြဲစစ္ေဆး (parallel testing) လ်က္ရွိရာတြင္ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (NHL) ၏ ဓါတ္ခြဲအေျဖမ်ားႏွင့္ ကမာၻ႔က်န္းမာေရးအဖြဲ႕၏ ရည္ၫႊန္းဓာတ္ခြဲခန္းမွ အေျဖမ်ားသည္ ကိုက္ညီမႈရွိေၾကာင္း ေတြ႕ရွိရပါသည္။

 

ထိုသို႔ တစ္ၿပိဳင္နက္ ဓါတ္ခြဲစစ္ေဆးမႈအေရအတြက္ႏွင့္ အေျဖမ်ား ကိုက္ညီမွန္ကန္မႈ ရွိသည့္အတြက္ ကိုယ္တိုင္သီးျခားဓါတ္ခြဲစစ္ေဆးျခင္း (independent testing) ကို အမ်ိဳးသားက်န္းမာေရးဓါတ္ခြဲမႈဆိုင္ရာဌာန (NHL) မွ (၂၀-၂-၂၀၂၀) ရက္ေန႔တြင္ စတင္ ေဆာင္႐ြက္ေတာ့မည္ျဖစ္ပါသည္။

Transcom News Journal

Read times
Rate this item
(0 votes)