What's New



×

Warning

JUser: :_load: Unable to load user with ID: 62

ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ ကိုဗစ်ရောဂါ တိုက်ဖျက်ရေးဆေးဝါး ထုတ်လုပ်မယ်လို့ မြန်မာ့ဆေးဝါးလုပ်ငန်း စက်မှုဝန်ကြီးဌာန မှ သိရသည်။

Published in Medicine Guide

Mundipharma ကုမ္ပဏီမှ ၎င်း၏ ဘီတာဒိုင်း ပိုးသတ်ဆေး ထုတ်ကုန်များတွင် COVID-19 ရောဂါ ဖြစ်စေနိုင်သော နိုဗယ်ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ကို သေစေနိုင်သည့် အာနိသင်ရှိကြောင်း စင်ကာပူနိုင်ငံရှိ Duke-NUS Medical School တွင် ပြုလုပ်ခဲ့သော ဓာတ်ခွဲခန်း စစ်ဆေးမှုအရ အတည်ပြုနိုင်ခဲ့ပြီဟု ယနေ့ ထုတ်ပြန်ကြေညာလိုက်ပါသည်။

Published in Medicine Guide

မြန်မာနိုင်ငံတွင် ကိုဗစ်နှင့် ပတ်သက်ပြီး ရောဂါကူးစက်မပြန့်ပွားအောင် ကျန်းမာရေးဝန်ကြီးဌာနမှ ကြိုတင်ကာကွယ်မှုနှင့် ဆေးဝါးကုသပေးမှုအနေဖြင့် အဓိက လုပ်ကိုင် ဆောင်ရွက်လျက်ရှိပါတယ်။ 

Published in Health Benefits

မြန်မာနိုင်ငံမှာ တစ်ပတ်အတွင်း ကိုဗစ်အတည်ပြုလူနာအသစ် ၂၉ ယောက် တွေ့ရှိပြီး ကိုဗစ်လူနာအသစ် တွေ့ရှိမှုဟာ ယခင်အပတ်ထက် မြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Published in Wuhan Virus

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် သင်္ကြန်ပိတ်ရက်များအပြီး ဧပြီလဆန်းမှ စတင်ကာ ကိုဗစ်ရောဂါ ပြည်တွင်းကူးစက်မှု ပြန်လည် မြင့်တက်လာပြီး ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့မှ မေလ ၂၃ ရက်နေ့အထိ တစ်လအတွင်း ကူးစက်ခံရသူ (၃,၈၃၉) ဦးထိ ရှိလာကြောင်း သိရသည်။

 

ရောဂါကူးစက်ခံရသူဦးရေ မြင့်တက်လာသကဲ့သို့ ကိုဗစ်ကြောင့် သေဆုံးသူသည်လည်း မေလ (၁၀) ရက်နေ့တွင် (၁) ဦးနှင့် မေလ (၁၃) ရက်နေ့တွင် (၁) ဦး စုစုပေါင်း (၂) ဦး ရှိလာပြီ ဖြစ်သည်။

 

ကိုဗစ်ရောဂါ စတင် ဖြစ်ပွားခဲ့သည့် ၂၀၂၀ ခုနှစ်မှ စတင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၀,၄၀၇,၈၀၉) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၃၅,၄၅၂) ဦး ရှိကာ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၆၁၄,၉၉၈) ဦး ရှိသည်ဟု ထုတ်ပြန် ကြေညာထားသည်။ 

 

လက်ရှိ ရောဂါကူးစက်မှုများ ပြန်လည် ဖြစ်ပွားနေချိန်တွင် ကိုဗစ်ရောဂါဖြင့် (၂) ဦး ထပ်မံ သေဆုံးသွားသည့်အတွက် ယနေ့အထိ သေဆုံးသူ အရေအတွက်မှာ စုစုပေါင်း (၁၉,၄၉၂) ဦး ရှိပြီ ဖြစ်သည်။

 

နေ့အလိုက် ကူးစက်လူနာစာရင်း

  •  ဧပြီလ ၂၂ - ၂၃ ရက်အထိ (၄၅) ဦး
  • ဧပြီလ ၂၃ - ၂၄ ရက်အထိ (၅၁) ဦး
  • ဧပြီလ ၂၄ - ၂၅ ရက်အထိ (၇၁) ဦး
  • ဧပြီလ ၂၅ - ၂၆ ရက်အထိ (၆၈) ဦး
  • ဧပြီလ ၂၆ - ၂၇ ရက်အထိ (၆၀) ဦး
  • ဧပြီလ ၂၈ - ၂၉ ရက်အထိ (၁၃၀) ဦး
  • ဧပြီလ ၂၉ - ၃၀ ရက်အထိ (၇၁) ဦး
  • ဧပြီလ ၃၀ - မေလ ၁ ရက်အထိ (၁၀၆) ဦး

 

  • မေလ ၁ - ၂ ရက်အထိ (၁၁၉) ဦး
  • မေလ ၂ - ၃ ရက်အထိ (၁၅၅) ဦး
  • မေလ ၃ - ၄ ရက်အထိ (၁၉၅) ဦး
  • မေလ ၄ - ၅ ရက်အထိ (၂၀၈) ဦး
  • မေလ ၅ - ၆ ရက်အထိ (၂၂၂) ဦး
  • မေလ ၆ - ၇ ရက်အထိ (၁၄၉) ဦး
  • မေလ ၇ - ၈ ရက်အထိ (၁၄၆) ဦး
  • မေလ ၈ - ၉ ရက်အထိ (၂၁၁) ဦး
  • မေလ ၉ - ၁၀ ရက်အထိ (၂၅၄) ဦး
  • မေလ ၁၀ - ၁၁ ရက်အထိ (၁၆၈) ဦး

 

  • မေလ ၁၁ - ၁၂ ရက်အထိ (၁၅၇) ဦး
  • မေလ ၁၂ - ၁၃ ရက်အထိ (၁၃၆) ဦး
  • မေလ ၁၃ - ၁၄ ရက်အထိ (၁၄၆) ဦး
  • မေလ ၁၄ - ၁၅ ရက်အထိ (၇၂) ဦး
  • မေလ ၁၅ - ၁၆ ရက်အထိ (၁၆၂) ဦး
  • မေလ ၁၆ - ၁၇ ရက်အထိ (၁၃၉) ဦး
  • မေလ ၁၇ - ၁၈ ရက်အထိ (၁၁၃) ဦး
  • မေလ ၁၈ - ၁၉ ရက်အထိ (၁၂၀) ဦး
  • မေလ ၁၉ - ၂၀ ရက်အထိ (၉၉) ဦး
  • မေလ ၂၀ - ၂၁ ရက်အထိ (၈၀) ဦး
  •  မေလ ၂၁ - ၂၂ ရက်အထိ (၈၂) ဦး
  • မေလ ၂၂ - ၂၃ ရက်အထိ (၁၀၄) ဦး

 

Ye Optical 1

Advertisement

Click Here > Ye' Optical

 

ယခုအချိန်အထိ လေ့လာ ဆန်းစစ်မှုများအရ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB. 1.16 သည် ကူးစက်ဖြစ်ပွားမှုအားဖြင့် ယခင်တွေ့ရှိခဲ့သည့် မျိုးရိုးဗီဇပြောင်း ရောဂါပိုးများထက် (၁.၂၇) ဆအထိ ပိုမိုမြန်ဆန်သော်လည်း ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံယူရမှုနှင့် သေဆုံးမှု မြင့်မားခြင်း မရှိပေ။ 

 

ရောဂါကုသမှုတွင်လည်း လက်ရှိ အသုံးပြုလျက်ရှိသော ဗိုင်းရပ်စ် ကုသဆေးဝါးများဖြင့် ကုသမှုပေးနိုင်ပြီး ရောဂါကာကွယ်ရေးအတွက်လည်း မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများသည် ထိရောက်မှု ရှိသည်ဟု ဆိုသည်။ 

 

ကိုဗစ်-၁၉ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ရောဂါကူးစက်ဖြစ်ပွားမှု၊ ရောဂါပြင်းထန်မှု၊ ရောဂါကြောင့် သေဆုံးမှုများကို လျှော့ချနိုင်သဖြင့် ကာကွယ်ဆေး ထိုးနှံထားပါက ကြိုတင် ကာကွယ်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။

 

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး သတိပေးချက်များ

  • အသက် (၅) နှစ်နှင့်အထက် ပြည်သူများ အားလုံးသည် ကျန်းမာရေးဝန်ကြီးဌာနမှ အခမဲ့ထိုးနှံ ပေးလျက်ရှိသော  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို  အကြိမ်ပြည့်ထိုးနှံခြင်းနှင့်  ကာကွယ်ဆေးထိုးနှံပြီး (၆) လ ပြည့်ပြီးပါက ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းတို့ကို နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ကျေးရွာ/ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ မပျက်မကွက် ခံယူကြရန်
  • အလုံပိတ်အခန်းများ၊ လူထူထပ်သောနေရာများ၊ အများပြည်သူနှင့် သက်ဆိုင်သော နေရာများ၌ ရှိနေစဉ် ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ရန်၊
  • အလုံပိတ်အခန်း၌ လူတစ်ဦးထက်ပို၍ ရှိနေစဉ် လေဝင်/လေထွက် ကောင်းမွန်စေရေးအတွက် ဖြစ်နိုင်ပါက ပြတင်းပေါက်များအား ဖွင့်ထားရန်၊ 
  • လက်ကို ဆပ်ပြာ၊ ရေ (သို့မဟုတ်) အယ်လ်ကိုဟော ( အနည်းဆုံး ၆၀ ရာခိုင်နှုန်း ) ပါဝင်သော လက်သန့်ဆေးရည်ဖြင့် စက္ကန့် (၂၀) ကြာ မကြာခဏ ဆေးကြောရန်၊
  • လူတစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေရန်၊
  • တတ်နိုင်သမျှ လူစုလူဝေးရှောင်ကြဉ်ရန်၊
  • ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်မထားချိန်၌ ချောင်းဆိုး၊ နှာချေလျှင် တံတောင်ဆစ်ကွေးနှင့် အုပ်၍ ချောင်းဆိုး၊ နှာချေခြင်းစသည့် တစ်ကိုယ်ရည်ကာကွယ်ရေး နည်းလမ်းများကို ဆက်လက် လိုက်နာကြပါရန်
Published in Wuhan Virus

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ဧပြီလ (၂၂) ရက်နေ့မှ ယခု မေလ (၄) ရက်နေ့အထိ (၁၃) ရက်တာ ကာလတွင် ပြည်တွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ (၁,၀၇၁) ဦးထိ ရှိလာကြောင်း သိရသည်။

 

ကူးစက်လူနာ စာရင်းကို နေ့အလိုက် အောက်တွင် ဖော်ပြထားသည်။ ယနေ့ မေလ (၈) ရက်နေ့ ရောက်ပြီ ဖြစ်သော်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ မေလ (၄) ရက်နေ့အထိသာ ထုတ်ပြန် ကြေညာထားသေးသည်။ ယင်းရက်များပါ ထည့်သွင်း ဖော်ပြပါက ကူးစက်ခံရသူ အရေအတွက်သည် လက်ရှိထက် ပိုများနိုင်သည်။

 

နေ့အလိုက် ကူးစက်လူနာစာရင်း

  • ဧပြီလ ၂၂ - ၂၃ ရက်အထိ (၄၅) ဦး
  • ဧပြီလ ၂၃ - ၂၄ ရက်အထိ (၅၁) ဦး
  • ဧပြီလ ၂၄ - ၂၅ ရက်အထိ (၇၁) ဦး
  • ဧပြီလ ၂၅ - ၂၆ ရက်အထိ (၆၈) ဦး
  • ဧပြီလ ၂၆ - ၂၇ ရက်အထိ (၆၀) ဦး
  • ဧပြီလ ၂၈ - ၂၉ ရက်အထိ (၁၃၀) ဦး
  • ဧပြီလ ၂၉ - ၃၀ ရက်အထိ (၇၁) ဦး
  • ဧပြီလ ၃၀ - မေလ ၁ ရက်အထိ (၁၀၆) ဦး
  • မေလ ၁ - ၂ ရက်အထိ (၁၁၉) ဦး
  • မေလ ၂ - ၃ ရက်အထိ (၁၅၅) ဦး
  • မေလ ၃ - ၄ ရက်အထိ (၁၉၅) ဦး

 

၂၀၂၀ ခုနှစ်မှ စတင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၀,၄၀၇,၈၀၉) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၃၅,၄၅၂) ဦး ရှိကာ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၆၁၄,၉၉၈) ဦး ရှိသည်ဟု ထုတ်ပြန် ကြေညာထားသည်။ 

GK Genera

Advertisement

Click Here > GK General Trading

 

ယခုအချိန်အထိ လေ့လာဆန်းစစ်မှုများအရ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB. 1.16 သည် ကူးစက်ဖြစ်ပွားမှုအားဖြင့် ယခင်တွေ့ရှိခဲ့သည့် မျိုးရိုးဗီဇပြောင်း ရောဂါပိုးများထက် (၁.၂၇) ဆအထိ ပိုမိုမြန်ဆန်သော်လည်း ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံယူရမှုနှင့် သေဆုံးမှု မြင့်မားခြင်း မရှိပေ။ 

 

ထို့ကြောင့် လက်ရှိ ရောဂါကူးစက်မှုများ ပြန်လည် ဖြစ်ပွားချိန်တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိသည့်အတွက် ယနေ့အထိ သေဆုံးသူ အရေအတွက်မှာမူ ယခင်အတိုင်း (၁၉,၄၉၀) ဦးပင် ဖြစ်သည်။

 

ရောဂါကုသမှုတွင်လည်း လက်ရှိ အသုံးပြုလျက်ရှိသော ဗိုင်းရပ်စ် ကုသဆေးဝါးများဖြင့် ကုသမှုပေးနိုင်ပြီး ရောဂါကာကွယ်ရေးအတွက်လည်း မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများသည် ထိရောက်မှု ရှိသည်ဟု ဆိုသည်။ 

 

ကိုဗစ်-၁၉ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ရောဂါကူးစက်ဖြစ်ပွားမှု၊ ရောဂါပြင်းထန်မှု၊ ရောဂါကြောင့် သေဆုံးမှုများကို လျှော့ချနိုင်သဖြင့် ကာကွယ်ဆေး ထိုးနှံထားပါက ကြိုတင် ကာကွယ်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။

Published in Wuhan Virus

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာ့နိုင်ငံ (၃၁) နိုင်ငံနှင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံအချို့တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ မြင့်တက်လာခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB. 1.16 (Arcturus) ကူးစက်ဖြစ်ပွားမှုများလည်း ပါဝင်ကြောင်း ဧပြီလ (၂၀) ရက်နေ့က ထုတ်ပြန်ထားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် သင်္ကြန်ပိတ်ရက်များအပြီး ဧပြီလဆန်းမှ စတင်ကာ ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက် ဖြစ်ပွားမှု ပြန်လည် မြင့်တက်လာပြီး ဧပြီလ ၂၂ ရက်နေ့မှ ဧပြီလ ၂၇ ရက်နေ့အထိ ကူးစက်ခံရသူ (၂၉၅) ဦးထိ ရှိလာကြောင်း သိရသည်။

 

ရန်ကုန်တိုင်းသည် မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ အများဆုံးနှင့် သေဆုံးသူ အများဆုံးသော တိုင်းဒေသကြီး ဖြစ်ခဲ့ပြီး ယခုပြည်တွင်းကူးစက်မှု ပြန်လည် ဖြစ်ပွားလာချိန်တွင်လည်း အများဆုံးဖြစ်နေကြောင်း တွေ့ရှိရသည်။

 

နေ့အလိုက် ကူးစက်လူနာစာရင်း

  • ဧပြီလ ၂၂ - ၂၃ ည (၈) နာရီအတွင်း - ၄၅ ဦး
  • ဧပြီလ ၂၃ - ၂၄ ည (၈) နာရီအတွင်း - ၅၁ ဦး
  • ဧပြီလ ၂၄ - ၂၅ ည (၈) နာရီအတွင်း - ၇၁ ဦး
  • ဧပြီလ ၂၅ - ၂၆ ည (၈) နာရီအတွင်း - ၆၈ ဦး
  • ဧပြီလ ၂၆ - ၂၇ ည (၈) နာရီအတွင်း - ၆၀ ဦး

 

Advertisement

Click Here > Biz Partner

 

၂၀၂၀ ခုနှစ်မှ စတင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၀,၃၂၄,၈၄၆) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၃၄,၅၃၉) ဦး ရှိကာ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၆၁၄,၇၂၂) ဦး ရှိသည်ဟု ထုတ်ပြန် ကြေညာထားသည်။ 

 

လက်ရှိ ရောဂါကူးစက်မှုများ ပြန်လည် ဖြစ်ပွားချိန်တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိသည့်အတွက် ယနေ့အထိ သေဆုံးသူ အရေအတွက်မှာမူ ယခင်အတိုင်း (၁၉,၄၉၀) ဦးပင် ဖြစ်သည်။

 

တိုင်းနှင့် ပြည်နယ်တစ်ခုချင်းစီရှိ မြို့နယ်အလိုက် လက်ရှိ ကိုဗစ်-၁၉ ရောဂါကူးစက်မှုစာရင်းကို အောက်တွင် အသေးစိတ် သိရှိ လေ့လာနိုင်သည်။ အဆိုပါစာရင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့်အချိန်တွင် ထပ်မံ ဖြည့်စွက် ဖော်ပြပေးသွားပါမည်။

 

ဧပြီလ ၂၂ - ၂၃ ရက်အထိ (၄၅) ဦး

ဧပြီလ ၂၃ - ၂၄ ရက်အထိ (၅၁) ဦး

ဧပြီလ ၂၄ - ၂၅ ရက်အထိ (၇၁) ဦး

ဧပြီလ ၂၅ - ၂၆ ရက်အထိ (၆၈) ဦး

ဧပြီလ ၂၆ - ၂၇ ရက်အထိ (၆၀) ဦး

 

ယခုအချိန်အထိ လေ့လာဆန်းစစ်မှုများအရ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB. 1.16 သည် ကူးစက်ဖြစ်ပွားမှုအားဖြင့် ယခင်တွေ့ရှိခဲ့သည့် မျိုးရိုးဗီဇပြောင်း ရောဂါပိုးများထက် (၁.၂၇) ဆအထိ ပိုမိုမြန်ဆန်သော်လည်း ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံယူရမှုနှင့် သေဆုံးမှု မြင့်မားခြင်း မရှိပေ။ 

 

ကုသမှုတွင်လည်း လက်ရှိအသုံးပြုလျက်ရှိသော ဗိုင်းရပ်စ် ကုသဆေးဝါးများဖြင့် ကုသမှုပေးနိုင်ပြီး ရောဂါကာကွယ်ရေးအတွက်လည်း မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများသည် ထိရောက်မှု ရှိသည်ဟု ဆိုသည်။ 

ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ရောဂါကူးစက်ဖြစ်ပွားမှု၊ ရောဂါပြင်းထန်မှု၊ ရောဂါကြောင့် သေဆုံးမှုကို လျှော့ချနိုင်ကြောင်း သိရသည်။ ထို့ကြောင့် ရောဂါကူးစက်မှုကို ကာကွယ်ဆေးထိုးနှံထားပါက ကြိုတင် ကာကွယ်ထားနိုင်မည် ဖြစ်သည်။

 

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ရောဂါကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ ဧပြီလ (၂၅) ရက်နေ့အထိ အသက် (၁၈) နှစ်နှင့်အထက် လူဦးရေစုစုပေါင်း (၃၀,၉၉၉,၄၀၀) ဦးနှင့် အသက် (၁၈) နှစ်အောက် လူဦးရေစုစုပေါင်း (၆,၈၄၉,၀၅၅) ဦးတို့အား ထိုးနှံထားရှိပြီး ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

Ye Optical

Advertisement

Click Here > Ye' Optical

 

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး သတိပေးချက်များ

  1. အသက် (၅) နှစ်နှင့်အထက် ပြည်သူများ အားလုံးသည် ကျန်းမာရေးဝန်ကြီးဌာနမှ အခမဲ့ထိုးနှံ ပေးလျက်ရှိသော  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို  အကြိမ်ပြည့်ထိုးနှံခြင်းနှင့်  ကာကွယ် ဆေးထိုးနှံပြီး (၆) လ ပြည့်ပြီးပါက ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းတို့ကို နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ကျေးရွာ/ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ မပျက်မကွက် ခံယူကြရန်
  2. အလုံပိတ်အခန်းများ၊ လူထူထပ်သောနေရာများ၊ အများပြည်သူနှင့် သက်ဆိုင်သော နေရာများ၌ ရှိနေစဉ် ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ရန်၊
  3. အလုံပိတ်အခန်း၌ လူတစ်ဦးထက်ပို၍ ရှိနေစဉ် လေဝင်/လေထွက် ကောင်းမွန်စေရေးအတွက် ဖြစ်နိုင်ပါက ပြတင်းပေါက်များအား ဖွင့်ထားရန်၊ 
  4. လက်ကို ဆပ်ပြာ၊ ရေ (သို့မဟုတ်) အယ်လ်ကိုဟော ( အနည်းဆုံး ၆၀ ရာခိုင်နှုန်း ) ပါဝင်သော လက်သန့်ဆေးရည်ဖြင့် စက္ကန့် (၂၀) ကြာ မကြာခဏ ဆေးကြောရန်၊
  5. လူတစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေရန်၊
  6. တတ်နိုင်သမျှ လူစုလူဝေးရှောင်ကြဉ်ရန်၊
  7. ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်မထားချိန်၌ ချောင်းဆိုး၊ နှာချေလျှင် တံတောင်ဆစ်ကွေးနှင့် အုပ်၍ ချောင်းဆိုး၊ နှာချေခြင်းစသည့် တစ်ကိုယ်ရည်ကာကွယ်ရေး နည်းလမ်းများကို ဆက်လက် လိုက်နာကြပါရန်
Published in Wuhan Virus

မလေးရှားနိုင်ငံ၌ လွန်ခဲ့သော၂၄နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၈၉၈ဦး ထပ်မံတွေ့ရှိခဲ့ရာ လက်ရှိအချိန်အထိ ရောဂါကူးစက်ခံရသူပေါင်း ၄၉၈၄၂၇၂ဦး ရှိကြောင်း မလေးရှားကျန်းမာရေး ဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်ထားပါသည်။

Published in Wuhan Virus

Covid-19 ကပ်ရောဂါဟာ အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများရဲ့ ပြည်သူ့ကျန်းမာရေးစနစ်များအတွက် စိန်ခေါ်မှုကြီးတစ်ခုအဖြစ်နဲ့ ဆက်ရှိနေသေးတဲ့အချိန်မှာ

Published in Wuhan Virus

Antibody Test ပဋိပစ္စည်းဆေးစစ်ခြင်းကို Serology Test သွေးရည်ကြည်ဆေးစစ်ခြင်းလို့လည်း ခေါ်ကြတယ်။ 

Published in Wuhan Virus
Page 1 of 21