What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 22 February 2020 10:20

တောင်ကိုရီးယားတွင် ဘာသာရေးဂိုဏ်းမှတစ်ဆင့် ဝူဟံဗိုင်းရပ် ကူးစက်

နှစ်ရက်တာ အတွင်း coronavirus ကူးစက်ခံထားရသောလူနာရာပေါင်းများစွာကို ရှာဖွေတွေ့ရှိပြီနောက် တောင်ကိုရီးယား အာဏာပိုင်များက အသေးစိတ် နောက်ကြောင်းပြန် လိုက်ခဲ့ရာမှ ခရစ်ယာန်ဘာသာဂိုဏ်းတစ်ခုအဖြစ် ဖော်ပြခံရသည့် လျှို့ဝှက်ခရစ်ယာန်ဂိုဏ်းနဲ့ ဆက်နွယ်နေသော ကူးစက်ခံရသူအသစ်များစွာကို တွေ့ရှိခဲ့ပါသည်။ 

ကူးစက်ခံဖြစ်ကြောင်း အတည်ပြုခဲ့သည်များတွင် တောင်ကိုရီးယားနိုင်ငံ၏ စတုတ္ထအကြီးဆုံးမြို့ဖြစ်သော ဒေဂူးမြို့ရှိ Shincheonji Church of Jesus ကျောင်းခွဲတွင် ဝတ်ပြုခဲ့ကြသူများ၊ ဆက်နွှယ်သူများ အများအပြားကို တွေ့ရှိရသည်။

 

ထိုကူးစက်ခံလူအုပ်ကြောင့် တောင်ကိုရီးယားတွင် ကူးစက်ခံဦးရေ ၃၄၆ ယောက်သို့ ရောက်ရှိသွားသည်။ တရုတ်နိုင်ငံတွင် ကူးစက်ခံဦးရေ တိုးခြင်းသည် တစ်နေ့ထက်တစ်နေ့ သိသိသာသာ လျော့ကျလာနေစဉ် တောင်ကိုရီးယား၌ ယခုလို ကူးစက်ခံဦးရေ ရုတ်တရက် မြင့်တက်သွားခဲ့ခြင်းဖြစ်သည်။

 

၎င်းဘုရားကျောင်းတွင် ဝတ်ပြုနေကျဖြစ်သူ ၄၄၇၅ ဦးကို လူထုကျန်းမာရေးဌာနမှ ဆေးစစ်ခဲ့ရာ ၅၀၀ ကျော်တို့သည် ဝူဟံဗိုင်းရပ် ရောဂါလက္ခဏာ ပြသကြောင်း တွေ့ရသည်ဟု တောင်ကိုရီးယား ရောဂါထိန်းချုပ်ရေးဌာန (CDC) မှ ပြောကြားသည်။ ထိုသူများထဲမှ နှစ်ဦး သေဆုံးခဲ့သည်။ Shincheonji သည် ဘာသာရေးဂိုဏ်းတစ်ခုဖြစ်ပြီး ၁၉၈၄ ခုနှစ်တွင် လီမင်ဟီက ထူထောင်ခဲ့သည်။

 

ယခုလို ရောဂါကူးစက်မှု ဖြစ်ပွားသဖြင် အာဏာပိုင်တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်လျက် ရှိပြီး နိုင်ငံတစ်လွှားရှိ ၎င်းဂိုဏ်း၏ ဘုရားကျောင်း ၇၄ ခုကို ပိတ်ထားလိုက်ပြီဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ကူးစက်ခံရသူတို့သည် ဒေဂူရှိ ဘုရားကျောင်းတွင် ဝတ်ပြုခဲ့ကြရာတွင် နေရာကျဉ်းသောကြောင့် တစ်ဦးနှင့်းတစ်ဦး ထိနေအောင် ကြမ်းပြင်တွင် အတူထိုင်ခဲ့ကြသည်ဟု ပြောပြကြသည်။

 

ဘာသာရေးဂိုဏ်းအနေဖြင် လျှို့ဝှက်ဂိုဏ်း ဖြစ်နေသောကြောင့် ဂိုဏ်းဝင်တို့သည် ၎င်းတို့နှင့် နှီးနွှယ်နေသူများကို လျှို့ဝှက်ထားကြပြီး ထုတ်ဖော်ပြောကြာခြင်း မပြုကြသော်ကြောင့် အခြားကူးစက်နိုင်ဖွယ် ရှိသူများကို ဖော်ထုတ်ရန် အခက်အခဲ ဖြစ်နေစေသည်။ တောင်ကိုရီးယားတွင် ရောဂါကူးစက်ခံ ဖြစ်ကြောင် အတည်ပြုသည့် လူနာများ ရှိနေသည့် ဒေသလေးခုစလုံးမှ လူနာများသည် ၎င်းဘာသာရေးဂိုဏ်းနှင့ ်ပတ်သက်နေကြသူများ ဖြစ်သည်ဟု တောင်ကိုရီးယား အာဏာပိုင်တို့က ပြောကြားသည်။

 


Pest Control Services (ပိုးမွှားနှိမ်းနင်းရေးလုပ်ငန်းပေါင်း ၁၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for pest control services

 

အသက်၈၈ နှစ် ရှိပြီဖြစ်သော Shincheonji ဘာသာရေးဂိုဏ်းခေါင်းဆောင် လီက ဤှဗိုင်းရပ်စ်သည် မာန်နတ်တို့၏ လက်ချက်ဖြစ်ပြီး Shincheonji ဂိုဏ်း ကြီးထွားသည်ကို ဟန့်တားရန် ယခုလို ဖန်တီးခြင်း ဖြစ်ကြောင်း အတွင်းစကား ပြောကြားခဲ့သည်။ “ငါတို့ရဲ တိုးတက်မှုကို ဖျက်ဆီးပစ်ဖို့ ကြိုးစားတာ” ဟု သူပေးပို့သည့်စာတွင် ရေးသားထားသည်။

 

မကြာသေးခင်က လီ၏ အစ်ကို ကွယ်လွန်ခဲ့ရာ ဈာပနအခမ်းအနားသို့ တက်ရောက်ခဲ့ကြသူများ ဝူဟံဗိုင်းရပ်ပိုး ကူးစက်ခံကြရကြောင်း တွေ့ရသည်။ ဒေဂူမြို့နှင့် ကပ်လျက်တည်ရှိသော ချွန်းဒိုတွင် ကွယ်လွန်ခဲ့ဲခြင်းဖြစ်ပြီး ယင်းအရပ်သည် လီ ဖွားမြင်ခဲ့သည့်နေရာ ဖြစ်သဖြင့် မြင့်မြတ်သည့်နေရာဟု Shincheonji ဂိုဏ်းအနေဖြင့် ယုံကြည်ထားသည်။ လီ၏အစ်ကို တက်ရောက်ခဲ့သည့် ဆေးရုံတွင်လည်း ရောဂါကူးစက်မှု ရှိခဲ့သည်။

 

ဒေဂူသည် တောင်ကိုရီးယား၏ စတုတ္ထအကြီးဆုံး မြို့ဖြစ်ပြီး လူဦးရေ ၂.၄ သန်း ရှိသဖြင့် အစိုးရအနေဖြင့် ရောဂါပြန့်ပွားမှု တားဆီးရန် အပြင်းအထန် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။ မြို့နေလူထုကို အိမ်မှာ နေထိုင်ရန် အကြံပေးတိုက်တွန်းထားသည်။ လူသုလူဝေး ဖြစ်စေမည့် ပွဲများကိုလည်း ဖျက်သိမ်းလိုက်သည်။ မတ်လတွင် ကျင်းပရန်ရှိသည့် K-pop ပွဲကိုလည်း ဖျက်သိမ်းလိုက်သည်

Written By Health Products Directory

 

(Zawgyi)

=====

ေတာင္ကိုရီးယားတြင္ ဘာသာေရးဂိုဏ္းမွတစ္ဆင့္ ဝူဟံဗိုင္းရပ္ ကူးစက္

 

ႏွစ္ရက္တာ အတြင္း coronavirus ကူးစက္ခံထားရေသာလူနာရာေပါင္းမ်ားစြာကို ရွာေဖြေတြ႕ရွိၿပီေနာက္ ေတာင္ကိုရီးယား အာဏာပိုင္မ်ားက အေသးစိတ္ ေနာက္ေၾကာင္းျပန္ လိုက္ခဲ့ရာမွ ခရစ္ယာန္ဘာသာဂိုဏ္းတစ္ခုအျဖစ္ ေဖာ္ျပခံရသည့္ လွ်ိဳ႕ဝွက္ခရစ္ယာန္ဂိုဏ္းနဲ႔ ဆက္ႏြယ္ေနေသာ ကူးစက္ခံရသူအသစ္မ်ားစြာကို ေတြ႕ရွိခဲ့ပါသည္။


ကူးစက္ခံျဖစ္ေၾကာင္း အတည္ျပဳခဲ့သည္မ်ားတြင္ ေတာင္ကိုရီးယားႏိုင္ငံ၏ စတုတၳအႀကီးဆုံးၿမိဳ႕ျဖစ္ေသာ ေဒဂူးၿမိဳ႕ရွိ Shincheonji Church of Jesus ေက်ာင္းခြဲတြင္ ဝတ္ျပဳခဲ့ၾကသူမ်ား၊ ဆက္ႏႊယ္သူမ်ား အမ်ားအျပားကို ေတြ႕ရွိရသည္။ ထိုကူးစက္ခံလူအုပ္ေၾကာင့္ ေတာင္ကိုရီးယားတြင္ ကူးစက္ခံဦးေရ ၃၄၆ ေယာက္သို႔ ေရာက္ရွိသြားသည္။
တ႐ုတ္ႏိုင္ငံတြင္ ကူးစက္ခံဦးေရ တိုးျခင္းသည္ တစ္ေန႔ထက္တစ္ေန႔ သိသိသာသာ ေလ်ာ့က်လာေနစဥ္ ေတာင္ကိုရီးယား၌ ယခုလို ကူးစက္ခံဦးေရ ႐ုတ္တရက္ ျမင့္တက္သြားခဲ့ျခင္းျဖစ္သည္။

 

၎ဘုရားေက်ာင္းတြင္ ဝတ္ျပဳေနက်ျဖစ္သူ ၄၄၇၅ ဦးကို လူထုက်န္းမာေရးဌာနမွ ေဆးစစ္ခဲ့ရာ ၅၀၀ ေက်ာ္တို႔သည္ ဝူဟံဗိုင္းရပ္ ေရာဂါလကၡဏာ ျပသေၾကာင္း ေတြ႕ရသည္ဟု ေတာင္ကိုရီးယား ေရာဂါထိန္းခ်ဳပ္ေရးဌာန (CDC) မွ ေျပာၾကားသည္။ ထိုသူမ်ားထဲမွ ႏွစ္ဦး ေသဆုံးခဲ့သည္။

 

Shincheonji သည္ ဘာသာေရးဂိုဏ္းတစ္ခုျဖစ္ၿပီး ၁၉၈၄ ခုႏွစ္တြင္ လီမင္ဟီက ထူေထာင္ခဲ့သည္။ ယခုလို ေရာဂါကူးစက္မႈ ျဖစ္ပြားသျဖင္ အာဏာပိုင္တို႔ႏွင့္အတူ ပူးေပါင္းေဆာင္႐ြက္လ်က္ ရွိၿပီး ႏိုင္ငံတစ္လႊားရွိ ၎ဂိုဏ္း၏ ဘုရားေက်ာင္း ၇၄ ခုကို ပိတ္ထားလိုက္ၿပီျဖစ္ေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ခဲ့သည္။ ကူးစက္ခံရသူတို႔သည္ ေဒဂူရွိ ဘုရားေက်ာင္းတြင္ ဝတ္ျပဳခဲ့ၾကရာတြင္ ေနရာက်ဥ္းေသာေၾကာင့္ တစ္ဦးႏွင့္းတစ္ဦး ထိေနေအာင္ ၾကမ္းျပင္တြင္ အတူထိုင္ခဲ့ၾကသည္ဟု ေျပာျပၾကသည္။ 

 

ဘာသာေရးဂိုဏ္းအေနျဖင္ လွ်ိဳ႕ဝွက္ဂိုဏ္း ျဖစ္ေနေသာေၾကာင့္ ဂိုဏ္းဝင္တို႔သည္ ၎တို႔ႏွင့္ ႏွီးႏႊယ္ေနသူမ်ားကို လွ်ိဳ႕ဝွက္ထားၾကၿပီး ထုတ္ေဖာ္ေျပာၾကာျခင္း မျပဳၾကေသာ္ေၾကာင့္ အျခားကူးစက္ႏိုင္ဖြယ္ ရွိသူမ်ားကို ေဖာ္ထုတ္ရန္ အခက္အခဲ ျဖစ္ေနေစသည္။ ေတာင္ကိုရီးယားတြင္ ေရာဂါကူးစက္ခံ ျဖစ္ေၾကာင္ အတည္ျပဳသည့္ လူနာမ်ား ရွိေနသည့္ ေဒသေလးခုစလုံးမွ လူနာမ်ားသည္ ၎ဘာသာေရးဂိုဏ္းႏွင့ ္ပတ္သက္ေနၾကသူမ်ား ျဖစ္သည္ဟု ေတာင္ကိုရီးယား အာဏာပိုင္တို႔က ေျပာၾကားသည္။

 

Pest Control Services (ပိုးမႊားႏွိမ္းနင္းေရးလုပ္ငန္းေပါင္း ၁၀ ေက်ာ္ကို ၾကည့္ရန္ ႏွိပ္ပါ)

Image result for pest control services

 

အသက္၈၈ ႏွစ္ ရွိၿပီျဖစ္ေသာ Shincheonji ဘာသာေရးဂိုဏ္းေခါင္းေဆာင္ လီက ဤွဗိုင္းရပ္စ္သည္ မာန္နတ္တို႔၏ လက္ခ်က္ျဖစ္ၿပီး Shincheonji ဂိုဏ္း ႀကီးထြားသည္ကို ဟန႔္တားရန္ ယခုလို ဖန္တီးျခင္း ျဖစ္ေၾကာင္း အတြင္းစကား ေျပာၾကားခဲ့သည္။ “ငါတို႔ရဲ တိုးတက္မႈကို ဖ်က္ဆီးပစ္ဖို႔ ႀကိဳးစားတာ” ဟု သူေပးပို႔သည့္စာတြင္ ေရးသားထားသည္။

 

မၾကာေသးခင္က လီ၏ အစ္ကို ကြယ္လြန္ခဲ့ရာ ဈာပနအခမ္းအနားသို႔ တက္ေရာက္ခဲ့ၾကသူမ်ား ဝူဟံဗိုင္းရပ္ပိုး ကူးစက္ခံၾကရေၾကာင္း ေတြ႕ရသည္။ ေဒဂူၿမိဳ႕ႏွင့္ ကပ္လ်က္တည္ရွိေသာ ခြၽန္းဒိုတြင္ ကြယ္လြန္ခဲ့ဲျခင္းျဖစ္ၿပီး ယင္းအရပ္သည္ လီ ဖြားျမင္ခဲ့သည့္ေနရာ ျဖစ္သျဖင့္ ျမင့္ျမတ္သည့္ေနရာဟု Shincheonji ဂိုဏ္းအေနျဖင့္ ယုံၾကည္ထားသည္။ ၏အစ္ကို တက္ေရာက္ခဲ့သည့္ ေဆး႐ုံတြင္လည္း ေရာဂါကူးစက္မႈ ရွိခဲ့သည္။

 

ေဒဂူသည္ ေတာင္ကိုရီးယား၏ စတုတၳအႀကီးဆုံး ၿမိဳ႕ျဖစ္ၿပီး လူဦးေရ ၂.၄ သန္း ရွိသျဖင့္ အစိုးရအေနျဖင့္ ေရာဂါျပန႔္ပြားမႈ တားဆီးရန္ အျပင္းအထန္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ ရွိသည္။ ၿမိဳ႕ေနလူထုကို အိမ္မွာ ေနထိုင္ရန္ အႀကံေပးတိုက္တြန္းထားသည္။ လူသုလူေဝး ျဖစ္ေစမည့္ ပြဲမ်ားကိုလည္း ဖ်က္သိမ္းလိုက္သည္။ မတ္လတြင္ က်င္းပရန္ရွိသည့္ K-pop ပြဲကိုလည္း ဖ်က္သိမ္းလိုက္သည္။

Written By Health Products Directory

Read times
Rate this item
(1 Vote)