What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 01 October 2020 09:34

ကမ္ဘောဇဘဏ်နှင့် ရွှေသံလွင် (Skynet) တို့ မှ ငွေကျပ် သိန်း (၁၀၀၀၀) ကနဦး မတည်၍ အင်းယားလိတ် Covid Center တည်ဆောက်လှူဒါန်းမည်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ လမ်းညွှန်မှုဖြင့် COVID-19 ရောဂါ ကုသရေးအတွက် ကမ္ဘောဇဘဏ်နှင့် ရွှေသံလွင်ကုမ္ပဏီ (Skynet) တို့မှ ဦးဆောင်၍ ငွေကျပ် သိန်း (၁၀၀၀၀) ကနဦး မတည်ကာ (၅၅၉) ခုတင် ပါဝင်သည့် အင်းယားလိတ် Covid Center ကို Yangon Convention Center (YCC) တွင် တည်ဆောက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

Thursday, 01 October 2020 09:26

မော်လမြိုင်မြို့၌ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၃၀၀) ခန့် ထားရှိမည့် ယာယီဆေးရုံ ဆောက်လုပ်လျက်ရှိ

မော်လမြိုင်မြို့တွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၃၀၀) ခန့် ထားရှိမည့် ယာယီဆေးရုံအား အ.ထ.က (၁) ကျောင်း ဘောလုံးကွင်း အတွင်း၌ ဆောက်လုပ်လျက် ရှိကြောင်း သိရသည်။

Wednesday, 30 September 2020 20:16

ည (၈:၀၀) နာရီ (၃၀-၉-၂၀၂၀) ရက် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၂၉-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၃၀-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၆,၂၆၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ

Wednesday, 30 September 2020 17:18

(၃၀-၉-၂၀၂၀) ရက်နေ့၊ ညနေ (၄:၃၀)နာရီ ၊ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၂၉-၉-၂၀၂၀) ရက်နေ့ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သည့် ဓာတ်ခွဲအတည်ပြုလူနာ (၇၉၇) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

Wednesday, 30 September 2020 15:25

Online တွင် ရောင်းချနေသော COVID-19 Test kit နှင့် ပတ်သက်ပြီး အသိပေးခြင်း

ခုလိုင်းပေါ်မှာရောင်းချနေတဲ့ Test kit တွေက သွေးထဲမှာရှိတဲ့ antibody (ခန္ဓာကိုယ်ထဲကို ရောဂါဝင်လာလျှင် တိုက်ထုတ်မည့်ရဲဘော်ရဲမက်) တွေကို Blood testယူပီးစစ်တာဖြစ်ပါတယ်။

Wednesday, 30 September 2020 15:08

မြန်မာနိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေး ကူညီထောက်ပံ့မည့် နိုင်ငံများစွာရှိနေ

ရုရှားနိုင်ငံမှဖော်ထုတ်ထားသည့် COVID-19 ကာကွယ်ဆေးကို WHO မှ အသိအမှတ်မပြုသေးသော်လည်း အသိအမှတ်ပြုပြီးပါက မြန်မာနိုင်ငံကိုကာကွယ်ဆေးအတွက် ကူညီထောက်ပံ့မည့် နိုင်ငံအများအပြားရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောသည်။

Wednesday, 30 September 2020 14:52

လူနာတင်ယာဉ်များအတွက် စက်သုံးဆီ အခမဲ့ပံ့ပိုးကူညီမည်

COVID-19 ရောဂါကြိုတင်ကာကွယ်ကုသရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် လူနာတင်ယာဉ် များအတွက် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာလကုန်အထိ တစ်နေ့လျှင် စက်သုံးဆီ ၂၅ လီတာစီ အခမဲ့ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ဧရာဝတီဖောင်ဒေးရှင်းထံမှ သိရသည်။