What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 30 September 2020 15:08

မြန်မာနိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေး ကူညီထောက်ပံ့မည့် နိုင်ငံများစွာရှိနေ

ရုရှားနိုင်ငံမှဖော်ထုတ်ထားသည့် COVID-19 ကာကွယ်ဆေးကို WHO မှ အသိအမှတ်မပြုသေးသော်လည်း အသိအမှတ်ပြုပြီးပါက မြန်မာနိုင်ငံကိုကာကွယ်ဆေးအတွက် ကူညီထောက်ပံ့မည့် နိုင်ငံအများအပြားရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောသည်။

 

ရုရှားနိုင်ငံမှ COVID-19 ကာကွယ်ဆေးကို အိန္ဒိယမှ မှာယူထားပြီး မြန်မာနိုင်ငံမှလည်း ကာကွယ်ဆေး ဝယ်ယူရန်ရှိ/မရှိမေးမြန်းရာတွင် ယင်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့သည်။

 

“ကာကွယ်ဆေးက ရမှာပါ။ ရုရှားဆေးကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ အသိအမှတ်မပြုသေးဘူး၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က အသိအမှတ်ပြုထားတဲ့ ဆေးတွေရရင် ကျွန်တော်တို့နိုင်ငံကို ကူညီမယ့်၊ ထောက်ပံ့မယ့် မိတ်ဆွေနိုင်ငံတွေ အများကြီးရှိပါတယ်။ စိတ်ပူစရာမလိုပါဘူး။ အဓိက အိမ်မှာနေပါ။ အပြင်ထွက်ရင် Mask တပ်ပါ၊ အိမ်မှာနေရင် ကူးစက်နိုင်တဲ့ဟာက သုညပေါ့။ အပြင်ထွက်တဲ့လူက ကူးစက်တာနဲ့ကြုံရနိုင်တယ်”ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောသည်။

 

သြဂုတ်လ ၁၆ ရက်နောက်ပိုင်းမှစ၍ ပြည်တွင်းကူးစက်မှုပိုမိုမြန်ဆန်လာပြီး ရန်ကုန်တွင် ကူးစက်မှု အများဆုံးဖြစ်နေကြောင်း၊ မြန်မာနိုင်ငံတွင် စက်တင်ဘာ ၂၇ ရက် ၊ ည ၈ နာရီအထိ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၁၀၇၃၄ ဦးရှိနေပြီဖြစ်ကာ

 

ဓာတ်ခွဲအတည်ပြုလူနာဟောင်း (old confirmed case) များအနက် စုစုပေါင်း ၂၈၆၂ ဦးကို ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း ၂၂၆ ဦးထိ ရှိနေပြီဖြစ်သည်။

 

မြို့တော်သတင်း

Read times
Rate this item
(0 votes)