What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 30 September 2020 15:25

Online တွင် ရောင်းချနေသော COVID-19 Test kit နှင့် ပတ်သက်ပြီး အသိပေးခြင်း

ခုလိုင်းပေါ်မှာရောင်းချနေတဲ့ Test kit တွေက သွေးထဲမှာရှိတဲ့ antibody (ခန္ဓာကိုယ်ထဲကို ရောဂါဝင်လာလျှင် တိုက်ထုတ်မည့်ရဲဘော်ရဲမက်) တွေကို Blood testယူပီးစစ်တာဖြစ်ပါတယ်။

 

အမှားရွင်းများစွာ,Error များစွာရှိတတ်ပါတယ်။ False positiveတွေ False negativeတွေ များစွာနဲ့ တိုင်တွေပတ်နေတတ်ပါတယ်။ အဲ့တာကြောင့် ကမ္ဘာတလွှားမှ ပညာရှင်တွေက ဟိုးအရင်ထဲက အဲ့နည်းကို အားမပေးခဲ့ကြပါဘူး။

 

ခု Koreaမှ အစိုးရဝယ်ထားတဲ့Rapid Ag Test kit (RAT) ကတော့ Antigen( ကျူးကျော်ဝင်ရောက်လာသူ ရန်သူပိုးမွှား)တွေကို swab (နှာခေါင်းတို့ပတ်,အာခေါင်တို့ပတ်)ယူပီး စစ်တာပါခဗျ...ရာခိုင်နှုန်းအားဖြင့် ၉၅% ကျော်ထိမှန်ကန်အောင် စွမ်းဆောင်ထားနိုင်ပါတယ်။

 

မြန်မာအစိုးရမှ အခုရေနှစ်သိန်းဝယ်ထားတာပါ (၆၀၀၀၀ တသုတ်+၁၄၀၀၀၀တသုတ် ရောက်လာမှာပါ) ​ပြည်သူလူထုကို လုံးဝချမရောင်းပါဘူး။ မြို့နယ်ဆေးရုံတွေကို အချိုးကျ ခွဲဝေပေးတာပါ။

 

လိုင်းပေါ်မှာ ရောင်းချနေတဲ့ ဟာတွေအကုန်လုံးနီးပါးက Antibody တွေကို စစ်တဲ့ဟာတွေသာ ဖြစ်ပါတယ်။ (covid မရှိလဲ ရှိတယ်ပြနိုင်သလို covid ရှိလဲ negative ပြနိုင်ပါတယ်)။ အဲ့တာကြောင့် အမှားမှန်ချင့်ချိန်စဉ်းစားဝယ်ယူကြပါ။

 

အကယ်၍ မိမိပတ်ဝန်းကျင်ရှိCovid 19 symptomsရှိတဲ့သူ,အနံ့မရတဲ့တစ်စုံတစ်ယောက်သာ လိုင်းပေါ်က ၁၀၀၀၀ တန် Test Kit ဝယ်စစ်လို့ Negative ပြပြီး ငါအေးဆေးပါပဲ ဘာရောဂါမှမရှိဘူးဆိုပီး အပြင်တွေထွက် ဟိုသွားဒီသွားလုပ်မိခဲ့လျှင် မိမိတိူ့မိသားစု ပတ်ဝန်းကျင်အတွက် များစွာ ဆိုးကျိူးတွေဖြစ်လာနိုင်ပါတယ်။

 

Ref;Internet

Read times
Rate this item
(0 votes)