What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 30 September 2020 14:52

လူနာတင်ယာဉ်များအတွက် စက်သုံးဆီ အခမဲ့ပံ့ပိုးကူညီမည်

COVID-19 ရောဂါကြိုတင်ကာကွယ်ကုသရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် လူနာတင်ယာဉ် များအတွက် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာလကုန်အထိ တစ်နေ့လျှင် စက်သုံးဆီ ၂၅ လီတာစီ အခမဲ့ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ဧရာဝတီဖောင်ဒေးရှင်းထံမှ သိရသည်။

 

Denko , PT Power , Max Energy , ရွှေဗျိုင်းဖြူစက်သုံးဆီဆိုင်များနှင့် ဧရာဝတီဖောင်ဒေးရှင်းတို့ ပူးပေါင်း စီစဉ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဖော်ပြပါ စက်သုံးဆီအရောင်းဆိုင်များတွင် ထုတ်ယူနိုင်မည် ဖြစ်သည်။

 

စက်သုံးဆီအခမဲ့ထုတ်ယူလိုသည့် လူနာတင်ယာဉ်များအတွက် အဖွဲ့အစည်းအမည်၊ လူနာတင်ယာဉ် အမှတ်၊ တာဝန်ခံယာဉ်မောင်းအမည်၊ ဆက်သွယ်ရန်ဖုန်းနှင့် လိပ်စာ၊ မော်တော်ယာဉ်၏ဓာတ်ပုံတို့နှင့်အတူ Ayeyarwady Center ၏ Messenger သို့မဟုတ် Viber ၀၉၈၈၇၆၀၇၅၀၀ တို့မှတစ်ဆင့် စာရင်းပေးသွင်း ရမည်ဖြစ်သည်။

 

လျှောက်ထားသူများကို ၂၄ နာရီအတွင်း စက်သုံးဆီ အခမဲ့ထုတ်ယူခွင့်ကတ်များကို ပြန်လည်ဆက်သွယ်၍ ဧရာဝတီစင်တာစီမံခန့်ခွဲမှုရုံး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဂိတ်(၂)တွင် လာရောက်ထုတ်ယူရမည်ဖြစ်သည်။ အသေးစိတ်သိရှိလိုပါက ဖုန်း ၀၉၈၈၇၆၀၇၅၀၀ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

 

(အောင်သူရ)(City News)

Read times
Rate this item
(0 votes)