What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 07 February 2020 09:38

ဝူဟံဗိုင်းရပ်စ် တပ်လှန့်ခဲ့သည့် ဆရာဝန် လီ ကွယ်လွန်

၂၀၁၁ ခုနှစ်ဒီဇင်ဘာလတွင်ဖြစ်ပွားခဲ့သည့် SARS ကဲ့သို့သော ကူးစက်ရောဂါတစ်မျိုး စတင်ဖြစ်ပွားနေကြောင်း 

အများပြည်သူအား သတိပေးတပ်လှန့်ပြီးနောက် Wuhan ရဲတပ်ဖွဲ့က ပြစ်တင်ရှုတ်ချခဲ့သော တရုတ်သတင်းပေးဆရာဝန် Li Wenliang သည်သောကြာနေ့မနက်အစောပိုင်း (ဒေသန္တရအချိန်) တွင် Wuhan ၌ coronavirus ကြောင့်သေဆုံးခဲ့ပြီဟု Wuhan ဗဟိုဆေးရုံမှထုတ်ပြန်ကြေညာလိုက်သည်။

“ကျွန်တော်တို့ရဲ့ဆေးရုံရဲ့မျက်စိအထူးကုဆရာဝန် လီ ဝမ်းလျန်ဟာ coronavirus ကပ်ရောဂါတိုက်ဖျက်ရေးမှာ သူအလုပ်လုပ်နေစဉ်မှာ Coronavirus ကူးစက်ခံရတာပါ” ဟု အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။ သူ့ကို ဖေဖော်ဝါရီ ၇ ရက်နံနက် ၂:၅၈ နာရီ (ဒေသန္တရအချိန်) မှာ အသက်ပြန်ရှင်နိုင်အောင် ကြိုးစားခဲ့တာ မအောင်မြင်လို့သေဆုံးသွားခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

လီနှင့် ပတ်သက်၍ ကြာသပတေးနေ့ အစောပိုင်းတွင် တရုတ်မီဒီယာများ၌  ဝမ်းနည်းပူဆွေးမှုနှင့် ဒေါသများ ထွက်ပေါ်လာသည့်နောက်တွင် မီဒီယာအများအပြားက လီ၏သေဆုံးမှုကိုဖော်ပြခဲ့သည်။

မကြာခင်မှာပဲ Wuhan ဗဟိုဆေးရုံက Li ဟာအသက်ရှင်နေဆဲဖြစ်ပြီး အခြေအနေကောင်းနေသေးကြောင်း ကြေငြာခဲ့သည်။ “သူ့ကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားနေတယ်” ဟု ထပ်မံပြောကြားခဲ့သည်။

လီသည် ဒီဇင်ဘာလက လုပ်ဖော်ကိုင်ဖက်များကို  ဝီချပ်ဂရုမှတစ်ဆင့် သတိပေးပြီးနောက်၊ ဒေသခံကျန်းမာရေးအာဏာပိုင်များက Li အားစစ်ဆေးမေးမြန်းခဲ့သည်။ Wuhan ရဲမှ ဆင့်ခေါ်ခဲ့ပြီး သူ့ကို “အွန်လိုင်းတွင်ကောလာဟလများပြန့်နှံ့ခြင်း” နှင့် “လူမှုရေးဆိုင်ရာစည်းမျဉ်းများကိုအကြီးအကျယ်ချိုးဖောက်ခြင်း” ဟုစွပ်စွဲခဲ့သည်။

လီကို ဇန်နဝါရီ ၁၂ ရက်တွင်ဆေးရုံတင်ခဲ့ပြီး ယခုအခါ ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

 

zawgyi

ဝူဟံဗိုင္းရပ္စ္ တပ္လွန္႔ခဲ့သည့္ ဆရာ၀န္ လီ ကြယ္လြန္

၂၀၁၁ ခုႏွစ္ဒီဇင္ဘာလတြင္ျဖစ္ပြားခဲ့သည့္ SARS ကဲ့သို႔ေသာ ကူးစက္ေရာဂါတစ္မ်ဳိး စတင္ျဖစ္ပြားေနေၾကာင္း
အမ်ားျပည္သူအား သတိေပးတပ္လွန္႔ၿပီးေနာက္ Wuhan ရဲတပ္ဖြဲ႕က ျပစ္တင္ရႈတ္ခ်ခဲ့ေသာ တ႐ုတ္သတင္းေပးဆရာဝန္ Li Wenliang သည္ေသာၾကာေန႔မနက္အေစာပိုင္း (ေဒသႏၲရအခ်ိန္) တြင္ Wuhan ၌ coronavirus ေၾကာင့္ေသဆုံးခဲ့ၿပီဟု Wuhan ဗဟိုေဆး႐ုံမွထုတ္ျပန္ေၾကညာလိုက္သည္။

“ကြၽန္ေတာ္တို႔ရဲ႕ေဆး႐ုံရဲ႕မ်က္စိအထူးကုဆရာ၀န္ လီ ၀မ္းလ်န္ဟာ coronavirus ကပ္ေရာဂါတိုက္ဖ်က္ေရးမွာ သူအလုပ္လုပ္ေနစဥ္မွာ Coronavirus ကူးစက္ခံရတာပါ” ဟု အဆိုပါေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။ သူ႔ကို ေဖေဖာ္ဝါရီ ၇ ရက္နံနက္ ၂:၅၈ နာရီ (ေဒသႏၲရအခ်ိန္) မွာ အသက္ျပန္ရွင္ႏိုင္ေအာင္ ႀကိဳးစားခဲ့တာ မေအာင္ျမင္လို႔ေသဆုံးသြားခဲ့ေၾကာင္းလည္း ေဖာ္ျပထားပါတယ္။

လီႏွင့္ ပတ္သက္၍ ၾကာသပေတးေန႔ အေစာပိုင္းတြင္ တ႐ုတ္မီဒီယာမ်ား၌ ဝမ္းနည္းပူေဆြးမႈႏွင့္ ေဒါသမ်ား ထြက္ေပၚလာသည့္ေနာက္တြင္ မီဒီယာအမ်ားအျပားက လီ၏ေ သဆုံးမႈကိုေဖာ္ျပခဲ့သည္။ မၾကာခင္မွာပဲ Wuhan ဗဟိုေဆး႐ုံက Li ဟာအသက္ရွင္ေနဆဲျဖစ္ၿပီး အေျခအေနေကာင္းေနေသးေၾကာင္း ေၾကျငာခဲ့သည္။ “သူ႔ကို ျပန္လည္အသက္သြင္းဖို႔ ႀကိဳးစားေနတယ္” ဟု ထပ္မံေျပာၾကားခဲ့သည္။

လီသည္ ဒီဇင္ဘာလက လုပ္ေဖာ္ကိုင္ဖက္မ်ားကို ဝီခ်ပ္ဂ႐ုမွတစ္ဆင့္ သတိေပးၿပီးေနာက္၊ ေဒသခံက်န္းမာေရးအာဏာပိုင္မ်ားက Li အားစစ္ေဆးေမးျမန္းခဲ့သည္။ Wuhan ရဲမွ ဆင့္ေခၚခဲ့ၿပီး သူ႔ကို “အြန္လိုင္းတြင္ေကာလာဟလမ်ားျပန႔္ႏွံ႔ျခင္း” ႏွင့္ “လူမႈေရးဆိုင္ရာစည္းမ်ဥ္းမ်ားကိုအႀကီးအက်ယ္ခ်ိဳးေဖာက္ျခင္း” ဟုစြပ္စြဲခဲ့သည္။

လီကို ဇန္နဝါရီ ၁၂ ရက္တြင္ေဆး႐ုံတင္ခဲ့ၿပီး ယခုအခါ ကြယ္လြန္ခဲ့ျခင္း ျဖစ္သည္။

Read times Last modified on Friday, 07 February 2020 11:32
Rate this item
(0 votes)