What's New
×
Warning
JUser: :_load: Unable to load user with ID: 62
Monday, 25 May 2020 10:30
မလိုအပ်ပါက Mask မတပ်သင့်ဟု ဗြိတိန်အစိုးရမှ အမိန့်ထုတ်
ယခုလို ကိုရိုနာရောဂါဖြစ်ပွါးနေတဲ့ အချိန်မှာလူတိုင်း မျက်နှာဖုံး Mask ကိုယ်စီ ဝတ်ဆင်ကြပါတယ်။ပန်းနာရင်ကျပ်ရောဂါရှိသူများနှင့် အဆုတ် / အသက်ရူလမ်းကြောင်းနှင့်ပတ်သက်ရောဂါရှိသူများ မျက်နှာဖုံးကို ဝတ်ဆင်ဖို့မသင့်တော်ပါဘူးဘာလို့ဆို Mask တပ်ထားခြင်းကအသက်ရူဖို့ကိုခက်ခဲစေတာမို့ပါ။
အခုဆိုရင်တော့ ဗြိတိန်မှ အစိုးရက အမိန့် ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ် ၎င်းထုတ်ပြန်ချက်ဟာ အပြင်မှာရှိနေသော်လည်း ၆ ပေ ၆ လက်မ ထက် လူတွေနဲ့အကွာအဝေးမှာရှိနေပါက မျက်နှာဖုံးတွေဝတ်ထားဖို့မလိုအပ်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။
ထိုကဲ့သို့ Mask တွေတက်ခိုင်းရတာကလဲ ကိုရိုနာ ရောဂါပိုးဟာ အသက်ရူလမ်းကြောင်းကတစ်ဆင့်ကူးစက်တက်တဲ့ရောဂါဖြစ်ကာ ဗိုင်းရပ်စ်တွေကအသက်ရူလမ်းကြောင်းက တစ်ဆင့် အဆုတ်ကို တွယ်တာမို့ပါ။
ပန်းနာရင်ကျပ်ရောဂါရှိသူများနှင့် အသက်ရူလမ်းကြောင်းနဲ့ဆိုင်တဲ့ ရောဂါရှိသူများ က ထိုသို့ Mask ဝတ်ထားပါက အသက်ရှုလမ်းကြောင်းကို အနှောက်အယှက်ဖြစ်စေကာ အသက် အန္တရာယ်အထိရှိလာနိုင်ပါတယ်။Mask တပ်ထားပါက Mask ထဲမှာ နဂို ရှုသွင်း ရှုထုတ်ပြီးသား လေပူတွေသာ လည်ပတ်နေတာပါ။
ပြသာနာကတော့ ထိုသို့ Mask တက်ထားသော် အဆုတ်ထဲကို လေများ မထည့်သွင်းနိုင်တော့ပါဘူး၊ထိုလေများအဆုတ်ထဲလုံ ေ လာက်စွာမရောက်တဲ့ အချိန်မှာ အသက်ရှုမူမမှန်တာတွေဖြစ်လာမယ် သိရပါတယ်။
အကယ်၍ အသက်ရူလမ်းကြောင်းနဲ့ ပတ်သက်တဲ့ရောဂါမရှိပဲ အသက်ရူရတာသက်တောင့်သက်သာရှိတယ်ဆိုရင် Mask တပ်တာကောင်းပါတယ်။သို့ပေမည့်ကိုယ့်ကျန်းမာရေးကိုထိခိုက်နိုင်တယ်ဆိုရင်တော့ Mask ကိုမတပ်ထားတာအကောင်းဆုံးပါ။
ဗြိတိန်မှ ထုတ်ပြန်ချက်ရဲ့ရှင်းလင်းချက်မှာ သင့်အနေနဲ့ အရမ်းနေရာကျဉ်းမြောင်းပြီး လူများတဲ့နေရာ ရောက်နေမှ သာလျှင် Mask တပ်ထားသင့်ပါတယ် (ဥပမာ - အများပြည်သူသုံး ရထား ၊ ကား စတာတွေမှာပေါ့ )။ကိုယ်တိုင်သက်တောင့်သက်သာမရှိပါက Mask ကိုတပ်မထားသင့်ပါဘူး လူတွေနဲ့ လက်ပွန်းသတီးမရှိက Mask ချွတ်ထားသင့်ပါတယ်။
ထို့အပြင် ထိုသို့ မျက်နှာကို ကာကွယ်ခြင်းအား အသက် ၂ နှစ်အောက်ကလေးတွေကို တပ်မပေးထားသင့်ပါဘူး ပုံစံအမှား မျိုးတပ်မိဖို့က ရာခိုင်နှုန်းများပါတယ် ဒါ့ကြောင့် ကလေးအသက်ရှုလမ်းကြောင်းဆိုင်ရာ မှာ မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်နိုင်ပါတယ်။
ပန်းနာရင်ကျပ်ရှိသူများ ၊ နှလုံးသွေးကျောကျဉ်းသူများ ၊ အဆုတ်ကင်ဆာ ရှိသူများအပြင် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဝေဿနာခံစားနေရသူများ လုံး၀ Mask မတပ်သင့်ပါ။အိမ်မှာပဲနေရင်နေပါ။
<<< Zawgyi >>>
-------------------------------------------------------------------
Ref ; Daily Mail 
Read times Last modified on Monday, 25 May 2020 13:25
Rate this item
(0 votes)