What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 03 April 2020 20:15

COVID-19 နှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်အဖြစ် တာဝန်ပေးအပ်ခြင်း

COVID-19 နှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်အဖြစ် တာဝန်ပေးအပ်ခြင်း
ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) အသွင် ဖြစ်ပွားနေသော Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်း၍ ဘက်စုံမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ အများပြည်သူနှင့် သတင်းမီဒီယာများသို့ ဆက်သွယ်အသိပေးပြောကြားရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်အဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော် အား (၃၀-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ် (၃၀/၂၀၂၀) ဖြင့် တာဝန်ပေးအပ်ခဲ့ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ဖြစ်သော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော် ထံ ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်မှာ ၀၉-၄၄၀၄၂၂၁၅၄ ဖြစ်ပါသည်။
 
Read times Last modified on Friday, 03 April 2020 20:19
Rate this item
(0 votes)