What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 03 May 2020 08:08

(၃-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀) နာရီ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၃-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀) နာရီ
၁။ (၃-၅-၂၀၂၀) ရက်နေ့၊ နံနက်အစောပိုင်း၌ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ တတိယအသုတ် အဖြစ် ဓာတ်ခွဲနမူနာ (၁၃၄) ခုကို စစ်ဆေးပြီးစီးခဲ့ရာ -
• COVID-19 ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိပါ။
၂။ သို့ဖြစ်ပါ၍ (၃-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀) နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၅၁) ဦး တွေ့ရှိခဲ့ပြီဖြစ်ပါသည်။
၃။ (၂-၅-၂၀၂၀) ရက်နေ့အတွက် ဓာတ်ခွဲစစ်ဆေးမှုများတွင် -
• အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) က ဓာတ်ခွဲနမူနာ (၃၂၀) ခုအား (၃) သုတ်ခွဲ၍လည်းကောင်း၊
• ဆေးသုတေသနဦးစီးဌာန (DMR) က ဓာတ်ခွဲနမူနာ (၅၈) ခုအား (၁) သုတ်ဖြင့်လည်းကောင်း၊ စုစုပေါင်း ဓာတ်ခွဲနမူနာ (၃၇၈) ခုအား စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။
 
Read times
Rate this item
(0 votes)