What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 06 April 2020 10:38

COIVD အတည်ပြုလူနာ C4 လေးကြိမ်မြောက် ထပ်မံ ဆေးစစ်ရာ ပိုးမတွေ့

90251442_832926683874316_4730726126572273664_n.png

 

 

နှစ်ကြိမ်ပိုးမတွေ့၍ ကျန်းမာရေးကောင်းမွန်သော်လည်း ဆေးရုံ၌ ၁၄ ရက်ကြာ ထပ်မံစောင့်ကြည့်မည် ။မန္တလေး - မန္တလေးမြို့ ကန်တော် နဒီဆေးရုံ၌ ကုသမှုခံယူနေသည့် COVID-19 ပိုးတွေ့လူနာအမှတ် (၄) အမျိုးသားကို နောက်ထပ် တစ်ကြိမ်ဆေးစစ်ရာ နှစ်ကြိမ် ဆက် Negative (ရောဂါပိုးမတွေ့ ရှိ) အဖြေထွက်ကြောင်း မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး ၏ဆေးရုံအုပ် ဒေါက်တာစုစုဒွေး က ပြောသည်။

 

ပထမအကြိမ်နှင့် ဒုတိယအ ကြိမ်စစ်ဆေးမှုများတွင် ရောဂါ ပိုးတွေ့ရှိ (Positive) သော်လည်း ဧပြီ ၂ ရက်နှင့် ၅ ရက်က ထွက်ရှိ သည့် ရလာဒ်များတွင် Negative (ရောဂါပိုးမတွေ့ရှိ) အဖြေထွက် ကြောင်း ၎င်းကပြောသည်။

 

လူနာ၏ ကျန်းမာရေးအခြေ အနေမှာကောင်းမွန်ပြီး နေအိမ် တွင် ဆက်လက်စောင့်ကြည့်မှုခံ ယူနိုင်သော်လည်း အဆင်မပြေမှု များရှိနိုင်သဖြင့် ကန်တော်နဒီ ဆေးရုံ၌ ၁၄ရက်ကြာ ဆက်လက် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ဒေါက်တာစုစုဒွေးကပြောသည်။

 

အမေရိကန်နိုင်ငံသားခံယူ ထားသော မြန်မာလူမျိုး လူနာအ မှတ်(၄) အမျိုးသားသည် အမေ ရိကန်နိုင်ငံမှ မြန်မာနိုင်ငံ ရန်ကုန် မြို့သို့ မတ်လ ၁၉ရက်က ပြန် လည်ရောက်ရှိခဲ့ပြီး မတ်လ ၂၂ ရက်က ဖျားခြင်း၊ ချောင်းဆိုးခြင်း နှင့် မောပန်းခြင်း လက္ခဏာများ ခံစားခဲ့ရသဖြင့် မတ်လ ၂၅ ရက် တွင် မန္တလေးပြည်သူ့ဆေးရုံကြီး သို့ ပြသခဲ့သည်။

 

ထို့မှတစ်ဆင့် ကန်တော်နဒီ ဆေးရုံသို့ လွှဲပြောင်း၍ စောင့် ကြည့်လူနာအဖြစ် သတ်မှတ်ခဲ့ သည်။ ၎င်း၏ဓာတ်ခွဲနမူနာကို အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့ စစ်ဆေးခဲ့ရာ မတ်လ ၂၆ရက်တွင် ရောဂါပိုးတွေ့ရှိခဲ့သည်။

90165828_212716063139335_1462378197545910272_n.png

7Day New

s

Read times
Rate this item
(0 votes)