What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 03 October 2020 19:55

ရေနီမြို့၌ ရန်ကုန်မှ မန္တလေးသို့ သွားရောက်မည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များတွင် ၇ ဦး ကိုဗစ်-၁၉ ပိုးတွေ့ရှိ

ရန်ကုန်မှ မန္တလေးသို့ သွားရောက်မည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့မြောက်ဘက်အထွက်

စည်ပင်သာယာ စျေးအတွင်း၌ အောက်တိုဘာ(၂) ရက် ည (၁၀) နာရီမှ စတင်၍ COVID-19 ရောဂါ ပိုးရှိ/မရှိ Tast Kit ဖြင့် စစ်ဆေးလျက်ရှိရာ (၇) ဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ (၃)ရက်၊ နံနက် (၀၀.၃၀) နာရီ အထိ ကုန်တင်ယာဉ်စီးရေ (၁၁၆) စီး၊ လူဦးရေ (၂၁၅) ဦးကို စစ်ဆေးခဲ့ရာ တစ်ဦးတည်းမောင်းနှင်လာသည့် ယာဉ်မောင်းတစ်ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့၍ ရေတာရှည်မြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ နံနက် (၁၀) နာရီမှ ရောဂါရှာဖွေစစ်ဆေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ နံနက်ပိုင်းတွင် (၅) ဦး ပိုးတွေ့ရှိခဲ့ပြီး နေ့လည်ပိုင်း၌ တစ်ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် ညနေ (၃) နာရီ (၄၀) မိနစ်အထိ ပိုးတွေ့လူနာ (၇) ဦးရှိကြောင်း သိရသည်။
ယာယီ ပြင်ဆင်ထားသည့် နေရာတွင် တောင်ငူခရိုင်အတွင်းရှိ ကျန်းမာရေးဝန်ထမ်း (၄၀) ကျော်က ဓာတ်ခွဲနမူနာ(Swab)ယူခြင်း၊ Tast Kit ဖြင့် စစ်ဆေးခြင်းများ ဆောင်ရွက်ကြခြင်းဖြစ်သည်။
လက်ရှိ ရေနီမြို့တွင် ကုန်တင်တင်ယာဉ်စီးရေ (၄၀၀) ခန့် ရပ်တန့်ထားရပြီး နောက်ထပ်ဝင်ရောက်လာသည့်ယာဉ်များကို ရေနီမြို့တောင်ဘက် ရဲစခန်းရှေ့မှလည်းကောင်း၊ ဆွာမြို့တောင်ဘက် မှန်စီကျေးရွာအနီးရှိ ဆွာတိုးဂိတ်တွင်လည်းကောင်း၊ ဖြူးမြို့နယ်တွင်လည်းကောင်း အဆင့်ဆင့်ပိတ်ဆို့ထားခဲ့ပြီး အလှည့်ကျစနစ်ဖြင့် လွှတ်ပေးနေခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်က ပြောကြားသည်။


MRTV

7P.jpg

Read times Last modified on Saturday, 03 October 2020 19:57
Rate this item
(0 votes)