What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 08 April 2020 10:53

ဝေဘာဂီဆေးရုံရှိ COVID-19 (Case-16) လူနာ အသက် ၆၃ နှစ်အရွယ် အမျိုးသမီး သေဆုံး

90251442_832926683874316_4730726126572273664_n.png

 

မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီဆေးရုံတွင် ဆေးကုသမှုခံယူနေသော COVID-19 (Case-16) လူနာ အသက် ၆၃ နှစ်အရွယ် ဆီးချိုရောဂါအခံရှိသည့် အမျိုးသမီးမှာ ဧပြီလ ၈ ရက်နေ့ နံနက်ပိုင်းက သေဆုံးခဲ့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့နံနက်ပိုင်း Facebook Live လွှင့်မှုတွင် ပြောကြားခဲ့သည်။

 

အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာ (Case-16) သည် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင် နေထိုင်သူ၊ အသက် (၆၃) နှစ်ရှိသူ အမျိုးသမီးသည် (၁၅-၃-၂၀၂၀) ရက်နေ့တွင် ဒူဘိုင်းမှ ပြန်လာသော သားဖြစ်သူအား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သွားရောက်ကြိုဆိုခဲ့ပြီး၊ သားဖြစ်သူနှင့်အတူ မြောက်ဥက္ကလာပ မြို့နယ်တွင် ခေတ္တတည်းခိုနေထိုင်ခဲ့ကြောင်း သိရသည်။

 

ထိုသို့တည်းခိုနေထိုင်စဉ် နှစ်ပတ်ကြာခန့် မောပန်းနွမ်းနယ်ခြင်း ခံစားခဲ့ရကာ၊ (၃၀-၃-၂၀၂၀) ရက်နေ့တွင် ပိုမိုမောပန်းပြီး ကိုယ်အပူချိန် မြင့်တက်လာသဖြင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့ (၃၁-၃-၂၀၂၀) ရက်နေ့တွင် တက်ရောက် ကုသမှုခံယူခဲ့ကြောင်း သိရသည်။

 

အဆိုပါလူနာအား မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ် သီးသန့်ထားရှိကာ ဆေးကုသမှုများပေးခဲ့ပြီး ဓာတ်ခွဲနမူနာအား ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်ကာ ဝေဘာဂီအထူးကု အထူးစောင့်ကြပ်မတ် ကုသမှုပေးခဲ့သည်။

 

Eleven Media

Read times
Rate this item
(1 Vote)