What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 21 November 2020 09:59

တရုတ်နိုင်ငံ၏ COVID-19 ကာကွယ်ဆေးက ကိုယ်ခံအားတုံ့ပြန်မှု ဖြစ်ပေါ်စေပြီး ဗိုင်းရပ်စ်ကူးစက်မှုမှ ကာကွယ်ပေးနိုင်

တရုတ်နိုင်ငံ၏ COVID-19 ကာကွယ်ဆေး (inactivated COVID-19 vaccine) တစ်မျိုးသည် ကိုယ်ခံအား တုံ့ပြန်မှုကို လျင်မြန်စွာဖြစ်ပေါ်စေနိုင်ပြီး

ဘေးကင်းစိတ်ချမှုရှိသည်ဟု သက်သေပြနေကြောင်း The Lancet Infectious Diseases ဂျာနယ်တွင် ဖော်ပြထားသော အစောပိုင်းနှင့် အလယ်အဆင့် လက်တွေ့စမ်းသပ်မှုများမှ တွေ့ရှိချက်များအရ သိရသည်။

ကာကွယ်ဆေးကြောင့် ဖြစ်ပေါ်လာသော ပဋိပစ္စည်းပမာဏအဆင့်သည် COVID-19 ရောဂါမှ ပြန်လည်သက်သာလာသူ၏ ပဋိပစ္စည်းပမာဏထက် နည်းပါးသော်လည်း လူ့ခန္ဓာကိုယ်ကို ဗိုင်းရပ်စ်ကူးစက်မှုမှ ကာကွယ်ပေးနိုင်စွမ်းရှိကြောင်း တွေ့ရှိမှုက ဆိုသည်။
အဆိုပါ CoronaVac ကာကွယ်ဆေးကို တရုတ်နိုင်ငံ ဇီဝဆေးဝါးထုတ်လုပ်သူ Sinovac Biotech မှ ထုတ်လုပ်ထားခြင်းဖြစ်သည်။


၎င်းကာကွယ်ဆေးကို အသက် ၁၈ နှစ်မှ ၅၉ နှစ်ကြား ကျန်းမာသောလူ ၇၀၀ ကျော်ဖြင့် လက်တွေ့စမ်းသပ်မှုအဆင့်-၁ နှင့် အဆင့်-၂ စမ်းသပ်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။


ကာကွယ်ဆေးထိုးနှံခြင်းကို ၁၄ ရက်ခြားလျက် နှစ်ကြိမ်ထိုးနှံခြင်းဖြင့်ပြီးစီးနိုင်ပြီး ကာကွယ်ဆေးမှာ အစွမ်းထက်ပြီး ကပ်ရောဂါဖြစ်ပွားမှုအတွင်း အရေးပေါ်အသုံးပြုရန် သင့်လျော်ကြောင်း ၎င်းတွေ့ရှိမှု၏ ရေးသားသူတစ်ဦးဖြစ်သော ကျူးဖုန်းချိုင့်က ပြောကြားခဲ့သည်။


ကာကွယ်ဆေးထိုးနှံထားခြင်းကြောင့် ဖြစ်ပေါ်လာသော ကိုယ်ခံအားတုံ့ပြန်မှုကာလကို ဆန်းစစ်ရန် နောက်ထပ်သုတေသနပြုရန် လိုအပ်နေကြောင်း ကျူးက ဖြည့်စွက်ပြောကြားခဲ့သည်။


လက်ရှိတွင် ယင်းကာကွယ်ဆေးမှာ ဆေးစွမ်းထက်မှုအတည်ပြုရန် လက်တွေ့စမ်းသပ်မှုအဆင့်-၃ကို ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

(Xinhua)

Read times Last modified on Saturday, 21 November 2020 10:03
Rate this item
(0 votes)