What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 14 April 2020 11:06

ဒုသမ္မတနဲ့ မိသားစုအပါအဝင် လူအယောက် ၃၀ ကျော်ကို ဓာတ်ခွဲနမူနာယူပြီး ဆေးစစ်မယ်လို့ ဦးဇော်ဌေးပြော

ဒုသမ္မတနဲ့ မိသားစုအပါအဝင် လူအယောက် ၃၀ ကျော်ကို ဓာတ်ခွဲနမူနာယူပြီး ဆေးစစ်မယ်လို့ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးကို သမ္မတအိမ်တော်သတင်းထောက်အဖွဲ့ကို လူမှုကွန်ရက်ကတစ်ဆင့် ဒီကနေ့ ဧပြီ ၁၄ ရက်မနက်ပိုင်းမှာ ဖြေကြားခဲ့ပါတယ်။


လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ တရားဟောဆရာတစ်ဦးနဲ့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူတို့ ဓာတ်ပုံတွေနဲ့ပတ်သက်လို့ မေးမြန်းချက်အပေါ် သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။


အဲဒီပုံတွေဟာ ဖေဖော်ဝါရီ ၉ ရက်နေ့ကလို့ စိစစ်သိရပြီး မြန်မာမှ ာအစောဆုံးကူးစက်မှုတွေ့ခဲ့ရတာက မတ်လ ၂၃ ရက်ဖြစ်ကြောင်း၊အဲဒီ ဘာသာရေးအဖွဲ့နဲ့ အဲဒီရက်နောက်ပိုင်း တွေ့ဆုံမှုမရှိကြောင်း သိရတယ်လို့ ဦးဇော်ဌေးက လူမှုကွန်ရက်ကတစ်ဆင့် ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။


ဒါပေမဲ့ အခုလို ထိတွေ့မှုသတင်းတွေအပေါ် လူထုစိုးရိမ်မှုမြင့်တက်နေတာတွေ့ရလို့ ရှင်းရှင်းလင်းလင်းသိနိုင်အောင် ဒုတိယသမ္မတကြီးနဲ့ မိသားစုဝင်တွေ၊ အနီးကပ်ထိတွေ့မှုရှိသူတွေ အားလုံး၊ စုစုပေါင်း လူသုံးဆယ်လောက်ကို ဒီနေ့ ဓါတ်ခွဲနမူတွေ ရယူပြီး စစ်မှာ ဖြစ်တယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။


ဒါ့အပြင် နိုင်ငံတော်အကြီးအကဲတွေရဲ့ ကျန်းမာရေးအတွက် နေအိမ်အဝင် အထွက်တွေ၊ တွေ့ဆုံမှုတွေကို ကျန်းမာရေး guideline တွေနဲ့အညီအထူးကြပ်မတ် စိစစ်မှုတွေ ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။


ဘီဘီစီမြန်မာပိုင်

Read times Last modified on Tuesday, 14 April 2020 11:10
Rate this item
(0 votes)