အိန္ဒိယနိုင်ငံသည် ကိုဗစ်-၁၉ ဖြစ်ပွားမှုနှုန်းမှာ ၁ ဒသမ ၉ သန်း ကျော်ရှိသွားပြီဖြစ်ကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင်၅ရက်နေ့ (ယနေ့)တွင် ကြေညာခဲ့သည်။
ဝန်ကြီးဌာန၏ ၂၄ နာရီအတွင်း ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အသစ် ၅၂၅၀၉ ခုကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။
အင်္ဂါနေ့အတွင်းက ၈၅၇ ဦး သေဆုံးခဲ့ပြီးနောက် ဇူလိုင်လ၅ရက် (ဗုဒ္ဓဟူးနေ့)အတွင်း သေဆုံးသူပေါင်း ၃၉၇၉၅ ဦးအထိ ရှိလာခဲ့သည်။
နိုင်ငံတစ်ဝန်းရှိ ဆေးရုံများမှ ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၁၂၈၂၂၂၁၅ ရှိပြီး ဆေးရုံမှဆင်းပြီး ပြန်လည်ကျန်းမာလာသူများမှာ များပြားလာလျက်ရှိသည်။
လက်ရှိအချိန်အထိ အိန္ဒိယနိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်သူပေါင်း ၅၈၆၂၄၄ ဦး ရှိပြီဖြစ်သည်။
လက်ရှိ ကိုဗစ်-၁၉ လူနာများသည် ပြန်လည်ကောင်းမွန်လာသည့် နှုန်းမှာ ဇူလိုင် ၄ ရက်နေ့အထိ ၆၆ ဒသမ ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက နိုင်ငံအတွင်း လူများ၏ ဓာတ်ခွဲ နမူနာများကို စစ်ဆေးမှုအများအပြား ပြုလုပ်ပေးခဲ့သည်။