What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 24 April 2020 19:59

(၂၄-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၄-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ
 
၁။ (၂၄-၄-၂၀၂၀) ရက်နေ့တွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) နှင့် ဆေးသုတေသနဦးစီးဌာန (DMR) တို့မှ ယနေ့ည (၈) နာရီအချိန်အထိ ဓာတ်ခွဲစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲအဖြေများမှာ -
• COVID-19 ရောဂါပိုးတွေ့ရှိမှု (လူနာသစ်) = (၄) ဦး
• COVID-19 ရောဂါပိုးမတွေ့ရှိမှု = (၁၆၃) ဦးနှင့်
• စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာပေါင်း = (၁၆၇) ခု ဖြစ်ပါသည်။
၂။ သို့ဖြစ်ရာ (၂၄-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၃) ဦး တွေ့ရှိခဲ့ပြီဖြစ်ပါသည်။
၃။ ဓာတ်ခွဲစစ်ဆေးတွေ့ရှိခဲ့သည့်လူနာသစ် (၄) ဦးကို သက်ဆိုင်ရာဆေးရုံများသို့ လွှဲပြောင်းကုသမှု ပေးသွားမည်ဖြစ်ပါသည်။
၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် ရောဂါပိုးကင်းစင်၍ ဆေးရုံမှဆင်းခွင့်ရရှိသူ (၉)ဦး နှင့် သေဆုံးသူ (၅)ဦးရှိပြီးဖြစ်ပါသည်။ ကျန် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများအား သက်ဆိုင်ရာဆေးရုံများတွင် လိုအပ်သလို ကုသမှုပေးလျက်ရှိပါသည်။ ၎င်းလူနာများအနက် ဝေဘာဂီအထူးကုဆေးရုံကြီးတွင် အထူးကြပ်မတ်ကုသမှု ပေးလျက်ရှိသူ (၂)ဦးနှင့် တောင်ဥက္ကလာပအထူးကုဆေးရုံတွင် အထူးကြပ်မတ်ကုသမှုပေးလျက်ရှိသူ (၁)ဦးရှိပါသည်။
 
၅။ (၂၃-၄-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၂၄-၄-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၁၀၁)ဦး ရှိပါသည်။
Read times
Rate this item
(0 votes)